အပူပိုင်းမုန်တိုင်း PABUK ရဲ့ အခြေအနေ ဇန်န၀ါရီလ (၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်များ

၂၀၁၉ ခုနှစ်၊ဇန်န၀ါရီလ (၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၄-၁၂-၂၀၁၈)ရက် နံနက် (၀၉း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ကျန်ဘင်္ဂလားပင် လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

အပူပိုင်းမုန်တိုင်း PABUK ရဲ့ အခြေအနေ။

အပူပိုင်းမုန်တိုင်း PABUK ဟာ (၄-၁-၂၀၁၉) ရက် နံနက် (၀ ၆း၃၀)နာရီအချိန်တိုင်းတာချက်များအရ Lat 7.2°N; 103.1°E တွင် ဗဟိုပြုနေပြီး၊ အနောက်မြောက် ယွန်းယွန်းသို့ တစ်နာရီ(၆ မိုင်) နှုန်းဖြင့် ရွှေ့ လျှားလျက်ရှိနေပြီး အများဆုံး လေတိုက်နှုန်း မှာ တစ်နာရီလျင် မိုင်(၅၀) ခန့်ရှိနေပါတယ်။

အဆိုပါ အပူပိုင်းမုန်တိုင်း PABUK ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင် မြို့ရဲ့တောင်ဖက်မှ မလေးကျွန်း ဆွယ်ကို စတင် ဖြတ်ကျော်လျက်ရှိနေပြီး (၅-၁-၂၀၁၉)ရက်နေ့ တွင် ကပ္ပလီပင်လယ်ပြင်အတွင်း သို့ ရောက်ရှိလာ ပြီး၊နောက် မုန်တိုင်းငယ် တစ်ခု အဖြစ် ရောက်ရှိလာနိုင် သဖြင့် လက်ရှိအားဖြင့် စောင့် ကြည့် အခြေအနေ သတ်မှတ်ထားပါသည်

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မွန်- တနင်္သာရီ ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းကြီးနိုင်ပြီး၊ကျန်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအသင့်အတင့် ရှိပါ မယ်။ မွန်- တနင်္သာရီ ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၆) ပေခန့် မှ (၁၀) ပေ ခန့် မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၂) ပေခန့် မှ (၅)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှာ 4°C မှ 10°C ခန့်၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသ ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် 11°C မှ 15°C၊ကျန်ဒေသတွေမှာ 16°C မှ 19°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊

တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ မုန်တိုင်းရဲ့အရှိန်ကြောင့် (၄-၁-၂၀၁၉) ရက်နံနက် (၁၂း ၃၀)နာရီ မှ နောက် (၂၄) နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီး တောင် ပိုင်း တွင် နေရာကျဲကျဲ မှ နေရာစိပ်စိပ် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ ကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။ ကျန်ဒေသများတွင် တိမ်အနည်းငယ်မှ အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။

ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ် ကရင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှာ နေရာ ကွက်ကျား မှ နေရာကျဲကျဲ မိုးရွာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်  ၄-၁-၂၀၁၉  ည(၈း၅၃)နာရီ။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *