အားရပါးရဖျော်ဖြေရင်း စင်ပေါ်မှာ အရှက်ကွဲခဲ့တဲ့ G-fatt

G-fatt ဆိုတာနဲ့ ပရိသတ်တွေ ရင်ထဲကို ထိရှစေမယ့် စာသားအလန်းတွေကို ရင်ထဲ အရောက်ပို့ဆောင်ပေးတတ်တဲ့ Hip Hop အဆိုတော် rapper တစ်ယောက်ဆိုတာ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။

Rap တွေဆိုရင် ပရိသတ်အားပေးမှုအခိုင်အမာ ရရှိခဲ့တဲ့ သူကတော့ အခုဆို အနုပညာ လမ်းကြောင်းပေါ်မှာ ခိုင်မာတဲ့နေရာတစ်နေရာ ရရှိခဲ့ပြီဖြစ်ပါတယ် ။ဒါ့အပြင် အချစ်ရေးမှာလည်း သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို တည်ဆောက်ထားပြီး ပရိသတ်တွေ အားကျရတဲ့ ဆယ်လီအနုပညာ ရှင် စုံတွဲလည်း ဖြစ်ပါတယ် ။

ပရိသတ်တွေအများကြီးအားပေးလက်ခံလာတဲ့နောက်ပိုင်းမှာ G-fatt တစ်ယောက် တစ်နိုင်လုံးအနှံ့အပြားက ပရိသတ်တွေအတွက် မနားတမ်းပွဲတွေလက်ခံပြီး သီဆိုဖျော်ဖြေနေရတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်နေပါပြီ ။ လတ်တလောမှာတော့ ပြင်ဦးလွင်က နာမည်ကြီး စာပန်းအိမ် ကျောင်းမှာ ဖျော်ဖြေပွဲလေးတစ်ခုမှာ ဖျော်ဖြေခဲ့ပါသေးတယ် ။

အားရပါးရ သီချင်းတွေ သီဆိုရင်း ခုံတွေဆက်ထားတာကိုမသိဘဲ အောက်ဆင်းလိုက်လို့ ချော်လဲတော့မလို ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန်တင်ပြီး ” အရှက်မကွဲပါဘူးကွာ စင်က အပေါ်မှာ သက်သက် အကြီးကြီး ..ကိုယ့်ဘာ့ကိုပျော်ပြီးစင်ပေါ်ကနေ အောက်တစ်ထစ် ဆင်းဆိုတာ …အောက်မှာ ခုံတွေဆက်ထားတာ မသိလိုက်ဘူး ” ဆိုတဲ့စာသားလေးကို ရေးသားခဲ့ပါတယ် ။ အနုပညာရှင်သမား ပီသစွာပဲ အရှက်ကွဲသွားပေမယ့်လည်း သီချင်းဆိုမပျက်ဘဲ ပရိသတ်တွေကို ဟန်မပျက်လေး ဆက်လက်ဖျော်ဖြေခဲ့တာပါ ။ ပရိသတ်တွေအတွက် G-fatt ဗီဒီယိုလေးကို အခုပဲ မျှဝေပေးလိုက်ပြီနော် ။

ဗီဒီယိုကြည့်ရန်

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *