ပြောင်းဖူးပေါက်ပေါက်သည်လေး လှလွန်းလို့ ဝယ်သူတွေအရမ်းများခဲ့

ကျနော်တို့ မြန်မာနိုင်ငံမှာတော့ သိပ်မရှိပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာ ကိုယ့်ဆိုင်ရဲ့ ဝယ်လိုအားလျော့နည်းလာတဲ့အခါဆိုရင် ချောမောလှပတဲ့ မော်ဒယ် ဒါမှမဟုတ်ရင် အရမ်း Hot တဲ့ ကောင်မလေးတွေကို ဆိုင်မှာခေါ်ထားပြီး ဝယ်လိုအား ပြန်တက်လာအောင် လုပ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းလေးက စားသုံးသူတွေကို ဆွဲဆောင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

အခုလည်း ဖိလစ်ပိုင်နိုင်ငံ၊ Mabalacat, Pampanga က “ Popcorn Girl ” လို့နာမည်ကြီးတဲ့ ချစ်စရာအမှုအရာလေးနဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက်ဟာ မထင်မှတ်ဘဲ လူမှုကွန်ယက်တွေပေါ်မှာ နာမည်ကြီးလာခဲ့ပြီး လူချစ်လူခင်ပေါများခဲ့တယ်လို့ သိရပါတယ်။ သူမဟာ လှည်းကလေးနဲ့ လိုက်ရောင်းနေရတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကို ရောင်းကုန်အောင်လို့ အခကြေးငွေယူပြီး ရောင်းပေးခြင်း မဟုတ်ဘဲ စေတနာသန့်သန့်နဲ့ ဝိုင်းကူရောင်းပေးရာမှ မထင်မှတ်ဘဲ နာမည်ကြီးသွားခဲ့ပါတယ်။

အေးချမ်းလှတဲ့ အပြုံးလေးနဲ့ “ Popcorn Girl ” လို့ နာမည်ကြီးတဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးနာမည်ကတော့ Louri Caye လို့ခေါ်ပါတယ်။ သူမကြောင့် ရောင်းမကောင်းတဲ့ ပြောင်းဖူးပေါက်ပေါက်လှည်းနားမှာ လူတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး ဝယ်သူတွေ အရမ်းများသွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Louri Caye ကတော့ “ လူတွေရဲ့ အာရုံကို တမင်လုပ်ယူခဲ့တာမဟုတ်ဘူး။ တကယ့်ကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်ပေးခဲ့တာလို့ ” ပြောပါတယ်။


Facebook သုံးစွဲသူတစ်ဦးဖြစ်တဲ့ Keren Kazia Bondad Casa ကလည်း Louri Caye လေးပြုံးပြီး ဈေးရောင်းနေတဲ့ ပုံလေးတွေကို ရိုက်ပြီး သူမရဲ့ ကိုယ်ပိုင်လူမှုကွန်ယက်ပေါ်မှာတင်ခဲ့တာကြောင့် ချက်ချင်းကို ပျံ့နှံ့သွားပြီး “ Popcorn Girl ” လို့ ပိုနာမည်ကြီးသွားခဲ့ပါတယ်။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *