Anniversary နေ့လေးမှာ ချစ်ခင်ပွန်းရဲ့ ရိုဆန်တဲ့ Surprise လေးကြောင့် ပျော်နေတဲ့ ရွှေမှုံရတီရဲ့ ဗီဒီယိုလေး

အမြဲတမ်း ရိုဆန်နေကြတဲ့ ရွှေနှစ်ရွှေစုံတွဲကတော့ ယနေ့လေးမှာ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးကို ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ရွှေနှစ်ရွှေစုံတွဲကတော့ အောက်တိုဘာလ အတွင်းမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကပ်အလှူကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အင်းယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို ခမ်းနားစွာကျင်းပခဲ့ကြတာဖြစ်ပါတယ်။

၆ ရက်နေ့လေးကတော့ သူမတို့အတွက် အမှတ်တရနေ့လေးဖြစ်ပြီးတော့ ရွှေမှုံရတီ တစ်ယောက် ဒီနေ့လေးကို မေ့နေတာပါတဲ့ ဒါပေမယ့် ချစ်ရတဲ့ခင်ပွန်းကတော့ မမေ့ဘဲ ဇနီးသည် သူမအတွက် ပန်းစည်းနဲ့အတူ Happy Anniversary စာတန်းပါ ကိတ်လေးကိုပါ လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့လက်ဆောင်နဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ခင်ပွန်းသည်ဖြစ်တဲ့ ရွှေထူးက ဝယ်ထားပေးတဲ့ ရွှေမှုံအတွက်လက်ဆောင်လေး (ခွေးလေး ၂ ကောင်ပါနော်)၆ ရက်နေ့ကို သူမမေ့နေပေမယ့် ခင်ပွန်းဖြစ်သူကတော့ မမေ့ပါဘူးတဲ့

ရွှေထူးက Anniversary ကိတ်လေးပါပေးခဲ့တာနော်

Anni နေ့လေးကို မမေ့တဲ့ခင်ပွန်းသည်ကြောင့် ပီတိတွေဖြစ်နေတဲ့ ရွှေမှုန်ရတီ

ရွှေနှစ်ရွှေ စုံတွဲ Happy Anniversary လေးဖြစ်ပါစေနော် လို့ ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *