သမီးကို သိန်း(၄၀)ကျော်တန်အိတ်ဝယ်ပေးခဲ့တဲ့ နေခြည်ဦးရဲ့အဖေ

နေခြည်ဦးဟာ Beauty Blogger တစ်ဦးအဖြစ်ကနေ ပရိသတ်အားပေးမှုအများဆုံးမင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီးအခုဆိုရင် ရုပ်ရှင်ကားကြီးတွေဆက်တိုက်ဆိုသလိုလက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ နေခြည်ဦးက နားရက်မရှိပဲအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတာကြောင့် သိပ်မကြာခင်ရက်ပိုင်းက နေထိုင်မကောင်းဖြစ်လာခဲ့ပါတယ်။ ထုံးစံအတိုင်းလူကနေမကောင်းဖြစ်ပြီဆိုရင် စိတ်ပါမကြည်တော့တာ ဓမ္မတာပဲလေ။ ဒါပေမယ့် သိပ်ချစ်တတ်တဲ့ အဖေတစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့နေခြည်ဦးကတော့ ကံကောင်းတယ်လို့ဆိုရမှာပါ။

နေမကောင်းဖြစ်နေတဲ့သမီးလေးကို သူ့အဖေက စိတ်ပျော်ရွှင်လာအောင်ဘယ်လိုချော့ရမလဲကောင်းကောင်းသိနေခဲ့ပါတယ်။ နေခြည်ဦးရဲ့အဖေက နေခြည်ဦးကိုအရမ်းကိုပျော်ရွှင်သွားစေမယ့်လက်ဆောင်တစ်ခုကို အသေအချာပြင်ဆင်လာခဲ့ပြီး နေခြည်ဦးက ကလေးငယ်လေးကို အော်ဟစ်ပျော်ရွှင်နေခဲ့တာကို အမှတ်တရဗီဒီယိုလေးထဲမှာတွေ့နိုင်ပါတယ်။ ဟုတ်ပါတယ်။ အဖေဖြစ်သူက နေခြည်ဦးကို Dior ရဲ့ နောက်ဆုံးထွက် အိတ်လေးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲဒီအိတ်က မြန်မာငွေနဲ့ဆို သိန်းလေးဆယ်ကျော်တန်ပါတယ်။

ဒါတင်မကသေးပါဘူး။ အိတ်လေးမှာ CHI CHI NAY CHI OO ဆိုပြီး နေခြည်ဦးရဲ့ နာမည်ကို customized လုပ်ပေးထားပါသေးတယ်။ ပုံမှန်အိတ်တွေတောင် သိန်းလေးဆယ်ဝန်းကျင်ရှိတဲ့ Dior က customized အိတ်ဆိုရင် အများကြီးဈေးပိုကြီးမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါကိုတွေ့ရတဲ့ပရိသတ်တွေကလည်း နေခြည်ဦးတို့သားအဖကြားက ချစ်ခြင်းမေတ္တာတွေကို ခံစားမိပြီး ဝမ်းသာကြည်နူးနေကြပါတယ်။ အရိပ်တကြည့်ကြည့်အလိုလိုက်တဲ့ ဖခင်ရယ်၊သိပ်ချစ်တဲ့ချစ်သူရယ်၊အားပေးကြမ်းတဲ့ ချီလီတွေရယ်ရှိတဲ့နေခြည်ဦးရဲ့ဘဝက တကယ့်ကိုပျော်စရာကြီးပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကို ချစ်ကြလား။ နေခြည်ဦးရဲ့ ရုပ်ရှင်ဇာတ်ကားတွေထွက်လာရင်ရော သွားရောက်ကြည့်ရှု့ကြမှာလား။ နေမကောင်းဖြစ်နေတဲ့ ချီချီ့ကို ဖိုက်တင်းလို့အားပေးခဲ့ကြပါဦး။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *