သက်စွန့်ဆံဖျား ထောင်ဖောက်ပြေးပြီးမှ အပြင်မှာ အေးလွန်းလို့ ထောင်ထဲ ပြန်ဝင်လာတဲ့ အအေးကြောက်သူကြီး . . . .

ထောင်ဖောက်ပြေးသွားတဲ့ အကျဉ်းသားက အေးလွန်းတဲ့ ရာသီဥတုဒဏ်ကို မခံနိုင်လို့ ထောင်ထဲသို့ ကိုယ့်ဘာသာပြန်ဝင်လာ

စိတ်ဝင်စားစရာ ထောင်ဖောက်ပြေးတဲ့ သမိုင်းကြောင်းတွေထဲမှာ အမေရိကန်က အကျဉ်းသားတစ်ဦးရဲ့ အားကြိုးမန်တက်နဲ့ ကျား ကုတ်ကျားခဲ ထောင်ဖောက်ပြေးခဲ့ရပြီးနောက် အဆုံးသတ်မလှခဲ့တဲ့ ရင်နာစရာအဖြစ်က စိတ်ဝင်စားစရာကောင်းပြီး အဖြစ်ဆိုးလှပါ တယ်။

အမေရိကန်ပြည်ထောင်စု၊ ကန်တက်ကီ အကျဉ်းထောင်တစ်ခုရဲ့ လုံခြုံရေးအစောင့်အင်အားနည်းတဲ့ အခြေအနေမှာ ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့

အသက် ၄၂ နှစ်အရွယ် အကျဉ်း သား ရော်ဘတ်ဘတ်လို့ခေါ်တဲ့ အမျိုးသားကို ထောင်ဖောက်ထွက် ပြေးသွားတယ်လို့ သိသိချင်းမှာပဲ ထောင်လုံခြုံရေးနဲ့ အစောင့်တွေ က သည်းကြီးမည်းကြီးလိုက်လံ ရှာဖွေနေခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ရှာဖွေမှုက သိပ်ပြီးတော့မကြိုးစားလိုက်ရသလို သိပ်ပြီး တော့လည်း မကြာသွားခဲ့လိုက်ပါဘူး။ ထွက်ပြေးလွတ်မြောက်သွား တဲ့ အဲ့ဒီ အကျဉ်းသားအမျိုးသားက အကျဉ်းထောင်ကိုသူကိုယ်တိုင် ပဲ သူ့ဘာသာပြန်လာခဲ့ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့တဲ့ ခရိုင်ရဲ့ သုညဒီဂရီအောက်ဆုံးထိကျ နေတဲ့ အအေးဓာတ်ကြောင့် အပြင်မှာ နေလို့မရတော့တဲ့အဆုံးမှာ ထောင်မှာပဲ ပြန်ပြီးနေဖို့ဆုံးဖြတ်ပြီး ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။crd

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *