သိန်းပေါင်း(၄၀၇)သိန်းဖိုးလှူဒါန်းခဲ့တဲ့ ထူးထူးခြားခြား လမ်းမီးများနှင့်CCTV များလှူတဲ့ မွေး​နေ့ကုသိုလ်ရှင်

မွေး​နေ့ကုသိုလ်​အဖြစ်​မြင်းခြံမြို့​ပေါ်လမ်းမီးများ၊CCTVနှင့်​အ​ဆောက်​အဦးစုစု​ပေါင်း(၄၀၇)သိန်းဖိုးလှူဒါန်း

မြင်းခြံ၊ဇန်​နဝါရီ ၈ မြင်းခြံမြို့ OK လုပ်​ငန်းစု မှ ဦးသန့်​ဇော်​လင်း+​ဒေါ်သန္တာဦး တို့၏သမီးငယ်​ ” ​ငွေလ​ရောင်​လင်း ” ၏ (၃)နှစ်​ပြည့်​​မွေး​နေ့အထိမ်းအမှတ်​အဖြစ်​ မြင်းခြံမြို့၊ ဗိုလ်​ချုပ်​လမ်း(ဒဏ္ဍာရီမှ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံး)အထိနှင့်​လမ်းသစ်​လမ်း(နာရီစင်​မှကားကြီးကွင်းအထိ)လမ်းမီး​ပေါင်း(၁၁၄)ပွင့်​နှင့်​ဆက်​စပ်​ပစ္စည်း ကုန်​ကျ​ငွေ(၈၃)သိန်း၊မြင်းခြံမြို့အဓိကျ​သော ….

လမ်းဆုံများတွင်​တပ်​ဆင်​ရန်​ (၁၅၀)သိန်းတန်​ CCTV (၂)လုံး ​ပေါင်း(၃၀၀)သိန်း၊CCTVထားရန်​ ယာဉ်​ထိန်းအ​ဆောက်​အဦး(၂)လုံးအတွက်​ ကုန်​ကျ​ငွေ(၂၄)သိန်း ၊စုစု​ပေါင်းကုန်​ကျ​ငွေ(၄၀၇)သိန်းအား လှူဒါန်းထားရှိ​ကြောင်းသိရှိရပြီး …

မြင်းခြံမြို့​ပေါ် ​အေးချမ်းသာယာ​ရေးနှင့်​မှုခင်းဖြစ်​ပွားမှု​လျှော့နည်းကျဆင်း​စေ​ရေး အ​ထောက်​အကူပြု​သော လမ်းမီးများနှင့်​CCTVများလှူဒါန်း​ပေးပါ​သော OK လုပ်​ငန်းစုမှ ဦးသန့်​​ဇော်​လင်း+​ဒေါ်သန္တာဦးတို့၏ လှူဒါန်းမှုအား နတ်​လူသာဓု​ခေါ်ဆိုနိုင်​​ရေးတင်​ပြ​ပေးလိုက်​ရပါသည်​။

Photo~Credit ​ဇော်​မင်း​အောင်​ (8-1-2019)

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *