အွန်လိုင်းမှချစ်ကြိုက်ပြီး လက်ထပ်ခဲ့တဲ့ ဇနီးသည်ရဲ့မိတ်ကပ်မပါတဲ့မျက်နှာကို ဟန်းနီးမွန်းမှာ မြင်တွေ့ ပြီးနောက် ကွာရှင်းခွင့်တောင်းခဲ့တဲ့ အမျိုးသား

အာဖရိကန် အမျိုးသားတစ်ဦးဟာ ဇနီးသည်အမျိုးသမီးကို လက်ထပ်ထိမ်းမြား ပြီးနောက် ဟန်းနီးမွန်း ခရီးစဉ်အပြန်မှာပဲ ကွာရှင်းခွင့်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

အကြောင်းအရင်း မှာတော့ ဇနီးသည်ဖြစ်လာခဲ့တဲ့ အမျိုးသမီးကို မိတ်ကပ်မပါပဲ သဘာဝမျက်နှာအတိုင်းသားကို မြင်တွေ့ သွားခဲ့ရလို့ပါတဲ့။

ပုံပန်းသဏ္ဍာန် ဆိုးရွားလွန်းတဲ့ ရုပ်ရည်ကြောင့် ဇနီးလောင်းကို ဆက်လက်ပေါင်းသင်းချင်တဲ့ စိတ်မရှိတော့ဘူးလို့လည်း ဆိုထားပါတယ်။

အသက် ၄၀ နှစ်အရွယ်ရှိတဲ့ အမျိုးသားက အသက် ၃၅ နှစ်အရွယ် ဇနီးသည်ကို ကွာရှင်းခွင့် တောင်းခံခဲ့ပြီးတော့

သူမဟာ အလှကုန် ပစ္စည်းတွေအများအပြားကို အသုံးပြုထားပြီး မျက်နှာ အလှအပဖန်တီးပြင်ဆင်ထားခဲ့တာကြောင့် မူလဆိုးရွားလွန်းတဲ့ ရုပ်ရည်ကို ဖုံးကွယ်ကာ လိမ်လည် လက်ထပ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီးတော့ သုံးလလောက်အကြာမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်သား တွေ့ဆုံချိန်နဲ့ လက်ထပ်ချိန်တွေတုန်းက ဇနီးသည်ဖြစ်သူမှာ အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲထားကာ မူလရုပ်ရည်ကို ဖုံးကွယ်ပြီး အလှပဆုံး ပြင်ဆင်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ရက်သားကျပြီး ချိန်မှာတော့ ဇနီးသည်ရဲ့ မိတ်ကပ်မပြင်မဆင်ပဲ သာမန် ရုပ်ရည်မှာ လက်ခံဖို့ ခက်ခဲတဲ့အကြောင်းအရင်းဖြစ်နေခဲ့တာ ဖြစ်တယ်လို့ ကွာရှင်းခွင့်တောင်းခံတဲ့ ခင်ပွန်းအမျိုးသားက ထွက်ဆိုထားပါတယ်။

ဒီ့အတွက်ကြောင့် ကွာရှင်းခံခဲ့ရတဲ့ အမျိုးသမီးရဲ့ အတိုင်ပင်ခံ ဒေါက်တာ မိုလာပိုကတော့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုဝေဒနာ အတွက် ခံစားမှုသက်သာအောင် ဖြေလျှော့ပေးမှုတွေ လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

ဒါတောင်မှ အမျိုးသမီးဟာ လက်ထပ်ပွဲမကျင်းပ မီမှာ အလှအပ ခွဲစိပ်ပြုပြင်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။crd

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *