အနည်းဆုံး မိန်းမ နှစ်ယောက် မယူရင် ထောင်ချမဲ့ နိုင်ငံ

အနည်းဆုံး မိန်းမ နှစ်ယောက် မယူရင် ထောင်ချမဲ့ နိုင်ငံ

အဲရစ်ထရီးယား နိုင်ငံအစိုးရဟာ နိုင်ငံတွင်းက အမျိုးသားတွေကို အနည်းဆုံး မိန်းမ နှစ်ယောက် ယူဖို့ အမိန့် ထုတ်ပြန် လိုက်ပြီး မလိုက်နာဘူး ဆိုရင် ထောင်ချမှာ ဖြစ်ပါတယ် ။ အမျိုးသား ဦးရေ ပြတ်လပ်မှုကို ကြုံတွေ့နေ ရတဲ့ နိုင်ငံရဲ့ အခြေအနေ အရပ်ရပ် အရ အဲရစ်ထရီးယား အစိုးရဟာ အောက်ပါ အချက်တွေကို ထုတ်ပြန် ကြေညာ လိုက်တယ် ဆိုပြီး အဆိုပါ အမိန့်ကို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ကြေညာ လိုက်တာ ဖြစ်ပါတယ် ။

အမျိုးသားတိုင်းဟာ အနည်းဆုံး မိန်းမ နှစ်ယောက် ယူရမှာ ဖြစ်ပြီး ပျက်ကွက်တဲ့ အမျိုးသား ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တသက် တကျွန်း ချမှာ ဖြစ်ပါတယ် ။

ခင်ပွန်း ဖြစ်သူက နောက်ထပ် အမျိုးသမီး တဦး လက်ထပ် ရာမှာ တားဆီး ပိတ်ပင် မှုတွေ လုပ်နေတဲ့အမျိုးသမီးတွေ ကိုလည်း ထောင်ဒဏ် တသက် တကျွန်း ချမယ်လို့ အဆိုပါ ကြေညာ ချက်မှာ ပါဝင်ပါတယ် ။

၁၉၉၈ ခုနှစ် ကနေ ၂၀၀၀ ခုနှစ်အတွင်း အဲရစ်ထရီးယား နိုင်ငံဟာ အီသီယိုးပီးယား နိုင်ငံနဲ့ စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀ သေဆုံးခဲ့ တာကြောင့် နိုင်ငံရဲ့ ယောက်ျားလေး ဦးရေဟာ သာမန်ထက် လျော့နည်း သွားခဲ့ ပါတယ် ။ အဲရစ်ထရီးယားဟာ အရှေ့ အာဖရိကမှာ တည်ရှိတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပြီး စုစုပေါင်း လူဦးရေဟာ ၄ သန်း ခန့်သာ ရှိတာ ဖြစ်ပါတယ်။

duwun

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *