လက်မှာအမြဲဝတ်ထားတဲ့လက်စွပ်လေးအကြောင်းကို ဖွင့်ဟလာတဲ့ ဟိန်းဝေယံ

အနုပညာလမ်းကြောင်းပေါ်မှာ လျောက်လှမ်းလာတာကြာပြီးဖြစ်တဲ့ မင်းသားချောဟိန်းဝေယံကတော့ပျိုမဒီတို့ရဲ့နှလုံးသားကို ယနေ့တိုင်ပြောင်းလဲမှုမရှိတဲ့အချစ်တွေနဲ့ချစ်ခင်အားပေးနေမှုတွေကိုထိန်းချုပ်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။စမတ်ကျပြီး ယောကျာ်းပီသတဲ့ သူရဲ့ စတိုင်ကလည်း ပျိုမဒီတို့ကြွေပြီးရင်းကြွေ ဖြစ်နေရတဲ့ အနုပညာရှင်မင်းသားချောတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဟိန်းဝေယံလို့ပရိသတ်စသိတဲ့အချိန်ထဲကစွဲစွဲမြဲမြဲမပြောင်းလဲပဲဝတ်ဆင်လာတဲ့လက်စွပ်လေးကိုယနေ့ထိတိုင်မပြောင်းလဲဘဲဝတ်ဆင်ထားဆဲဖြစ်လို့ပရိသတ်တွေကသူ့ရဲ့လက်စွပ်အကြောင်းကိုအရမ်းစိတ်ဝင်စားနေကြပါတယ်။ပရိသတ်တွေအနေနဲ့ ဒီလက်စွပ်လေးကို အမြဲတမ်းဝတ်ထားတတ်လို့ချစ်သူနဲ့ဆင်တူဝတ်တာများလားလို့အထင်မှားနေကြတာပါ ။

တကယ်ကဝေပုလ္လဆရာတော်ဘုရားကအဆောင်ပေးတာကိုလက်စွပ်အဖြစ်လုပ်ပြီးဆောင်ထားတာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အဆောင်သဘောမျိုးဝတ်ထားပေမယ့်ကျွန်တော့ကိုခင်တဲ့ချစ်တဲ့ပရိသတ်တွေကသတိထားမိပြီးမှတ်မှတ်ရရဖြစ်နေတာပါ လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ် ။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *