ပဲခူးတိုင်းဒေသကြီး က အသက် (၁၂၅)အရွယ် မြန်မာ့အသက်ကြီးဆုံး အဖွားအို

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သရက်ပင်ကံကျေးရွာမှာနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အသက်အကြီးဆုံး အသက်(၁၂၅)နှစ်အရွယ် အဘွားဒေါ်ထွေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနက ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။

ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို စက်တင်ဘာ လ(၂၇)ရက် ညနေပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ကန့်တော့ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ အုတ်ဖိုမြို့နယ်နဲ့ အိုးသည်ကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက တာဝန်ရှိသူတွေက ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပဲ့ပါ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

သတင်း – ဖြိုးကိုလင်း (ညောင်ဝိုင်း)(5 Plus News)

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *