သင်မတွေ့ရသေးတဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမှ ရှားပါးပုံရိပ်များ

၂၀၀၁ခုနှစ်တုန်းက စက်တင်ဘာ(၁၁) ရက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာ အခုဆိုရင်(၁၆) နှစ်ကျော်ရှိနေပါပြီ။ လူပေါင်း(၃,၀၀၀) လောက်သေကြေပျက်စီးခဲ့ရတဲ့ယင်းအဖြစ်ဆိုးကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လူသန်းပေါင်းများစွာကလည်း မျက်မြင်ဒိဌကြုံတွေ့ခဲ့ကြရပါတယ်။

စာဖတ်သူတို့အောက်မှာတွေ့ရတဲ့ဓာတ်ပုံတွေကတော့ ၉/၁၁ အကြမ်းဖက်ဖြစ်စဉ်အတွင်းရိုက်ကူးထားတဲ့ ရှားပါးဓာတ်ပုံလေးတွေပဲဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ World Trade Center တာဝါတိုင်ကြီးကို လမ်းဘေးကရိုက်ကူးထားတဲ့ဓာတ်ပုံတွေအပါအ၀င် နယူးယောက်မြို့ကြီးကိုပါဂြိုလ်တုကနေရိုက်ကူးထားတဲ့ပုံတွေလည်း ပါဝင်ပါတယ်။

၁။ လမ်းဘေးဖြတ်သွားသူတွေက တာဝါတိုင်ကြီးပြိုကျလာတာကိုရပ်ကြည့်နေကြစဉ်

၂။ ဒုတိယမြောက်လေယာဉ်မတိုက်ခင်မှာ ဓာတ်ပုံသမားတစ်ယောက်ကကင်မရာတစ်လုံးနဲ့ပြတင်းပေါက်မှာမှီပြီးရိုက်ကူးခဲ့တဲ့ဓာတ်ပုံ

၃။ မီးခိုးနဲ့ဖုန်မှုန့်တွေကြောင့် ကြောက်လန့်တကြားပြေးလွှားနေကြတဲ့လူအုပ်ကြီး

၎။ အကြမ်းဖက်ဖြစ်စဉ်ကိုသတိမမူမိပဲ ကိုယ့်အလုပ်ကိုသာအာရုံစိုက်နေတဲ့အမျိုးသား

၅။ တာဝါတိုင်ကို ပထမဆုံးလေယာဉ်ဝင်တိုက်ပြီးနောက် မိနစ်ပိုင်းအတွင်းမီးခိုးတွေအူထွက်လာနေပုံ

၆။ American Airlines Flight 11 က ၂၀၀၁ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့က World Trade Center နားချဉ်းကပ်လာစဉ်

၇။ World Trade Center ရဲ့ တောင်ဘက်တာဝါတိုင်ပြိုကျပျက်စီးစဉ်

၈။ တောင်ဘက်တာဝါတိုင်ကြီး ပြိုကျပျက်စီးတဲ့အခိုက် Trinity ဘုရားကျောင်းပေါ်မိုးရွာချသလို ကျခဲ့တဲ့အဆောက်အဦး အပိုင်းအစများ

၉။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားနေကြောင်းကိုသိပုံမရပဲ (၈) လအရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးက ဓာတ်ပုံရိုက်ခိုင်းနေစဉ်

၁၀။ ၉/ ၁၁ တိုက်ခိုက်မှုဖြစ်ပွားတဲ့ မနက်ခင်းပိုင်း

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *