နှစ်(၁၀၄) အထိအသက်ရှည်နေရခြင်းလျှို့ဝှက်ချက်ကဘီယာသောက်လို့မို့ နေ့စဉ် သောက်ကြပါလို့ တိုက်တွန်းလိုက်တဲ့ ဖွားဖွား

အဖွားကတော့ မြှောက်ပေးလိုက်ပြန်ပြီလို့ပဲ ပြောရမလားပဲ? တကယ့်ကိုပါပဲ. . . ကယ်လီဖိုးနီးယားတောင်ပိုင်းက အသက် ၁၀၄ နှစ်အရွယ်ရှိ ဖွားဖွား Mildred Bowers ကတော့ ပြတ်သားစွာ ကြွေးကြော်ပြောကြားလိုက်တာက

“သူမရဲ့ အသက်ရှည်ကျန်းမာနုပျိုခြင်း ရဲ့ အဓိက သော့ချက်က ဘီယာသောက်သုံးခြင်းကြောင့်ပါ”တဲ့။သူမဟာ နေ့စဉ်မပြတ် ဘီယာသောက်သုံးလာတာ ယနေ့တိုင်ပါပဲတဲ့။

သူမဟာ ဘီယာကို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လျှို့ဝှက်ချက်အဖြစ် နှစ်သက်စွာ သောက်သုံးသလို အများသူငါကိုလည်း သောက်ဖို့ ဖိတ်ခေါ်လေ့ရှိသူ တစ်ဦးပါ။ (အင်းပေါ့လေ အဖေါ်အပေါင်းနဲ့ ပျော်ကောင်းတဲ့ အရွယ်လေးဆိုတော့လည်း 😛 )

ဒါပေမယ့် ဘီယာသောက်သုံးရာမှာလည်း နည်းလမ်းကောင်းလေးရှိပါသေးသတဲ့ ။ အာ့ဒီနည်းလမ်းလေးကတော့. . . သူမရဲ့ ဆရာဝန်ကိုယ်တိုင်က ညွှန်ကြားခဲ့တာပါတဲ့။

သူမကို ဆရာဝန်က တစ်နေ့လျှင် ဘီယာတစ်ခွက်နှုန်း သောက်သုံးဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒျါ့ကြာင့် Mildred က သူမရဲ့ ကျန်းမာရေးအတွက် တစ်နေ့လျှင် တစ်ခွက်သာ ပုံမှန်သောက်သုံးတယ်လို့ ဆိုပါတယ်။

ဒါကို သူမဟာ နှစ်ပေါင်းများစွာ သောက်သုံးခဲ့တာ ဖြစ်တယ်လို့ သိရပြီး ၊ သူမက အခြားသောသူတွေကိုလည်း သူမလိုပဲ နည်းစနစ်မှန်မှန် သောက်သုံးဖို့ ဆိုလိုက်ပါသေးတယ်။

ဒါ့အပြင် သူမက ဒါဟာ သင့်ရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်လိမ့်မယ်လို့ ဖြည့်စွက်ပြောကြား ပါသေးတယ်။

သူမဟာ အရက်သေစာသောက်ခြင်းက အသက်ရှည်စေတယ်လို့ ပြောတဲ့ ပထမဦးဆုံးသော သက်ကြီးရွယ်အိုတော့ မဟုတ်ပါဘူး ။

အင်္ဂလန်က Grace Jones အသက် ၁၀၉ နှစ်ကလည်း ညတိုင်း ဝီစကီ တစ်ခွက် သောက်တာကြောင့် အသက်ရှည်တာလို့ ပြောဖူးပါသေးတယ်။credit-

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *