လှိုင်သာယာ တွင် မိန်းမအဖြစ် မှ ယောက်ကျား အဖြစ် သို့ရောက်သွားတဲ့ ထူးဆန်းဖြစ်ရပ်ကိုပြောပြလာတဲ့ နိုင်လူ

သ ရုပ်ဆောင် နိုင်လူကတော့ လှိုင်သာယာက ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကိုပြောပြလာခဲ့ပါတယ်။ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်တွေက သတ်မှတ်ထားပေမယ့်လည်း လူကြမ်းသရုပ်ဆောင်တွေဟာ ဇာတ်တစ်ခုလုံးအကောင်းဆုံးဖြစ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံးပုံဖော်ဖန်တီးကြသူတွေပဲဖြစ်ပါတယ်။ ဦးနိုင်လူကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိထားပြီး ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေးကိုပါ ရရှိထားတာဖြစ်ပါတယ်။

ဦးနိုင်လူက ဒီရက်ပိုင်းတွေမှာ ငါ့ကိုပြန်သောက်တဲ့အရက် နာမည်ရ ဗီဒီယိုဇတ်ကားကို လှိုင်သာယာမြို့နယ်တွင် ခြိမ့်ကေကို (ခေါ်) ဘနားနားတို့နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ ခြိမ့်ကေကိုကတော့ အနုပညာလောကထဲကို တစတစ ဝင်ရောက်လာခဲ့တာတွေ့ရပါတယ်။ ယခုလည်း ဦးနိုင်လူတို့နဲ့အတူ ဗီဒီယိုဇာတ်ကားတွေကိုပါ ရိုက်ကူးခွင့်ရရှိနေပြီဖြစ်ပါတယ်။

ဦးနိုင်လူက ယနေ့မှာတော့ မိန်းမအဖြစ်မှ ယောက်ကျားအဖြစ်သို့ ရောက်ရှိသွားတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကိုပြောပြလာခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ လှိုင်သာယာမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တာလို့ ဦးနိုင်လူကဆိုပါတယ်။ ဦးနိုင်လူပြောတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ဗီဒီယိုလေးကိုကြည့်လိုက်ကြပါဦးနော်။

လှိုင်သာယာတွင်မိန်းမအဖြစ်မှယောက်ကျာင်္းအဖြစ်သို့ ရောက်သွားသည့် ထူးဆန်းသောဖြစ်ရပ် ယနေ့ အထူးသတင်း လို့ ဦးနိုင်လူက သူ့ရဲ့အကောင့်ကနေပြီး ဒီဗီဒီယိုလေးနဲ့ တင်ထားခဲ့တာပါ။

ပရိသတ်ကြီးရေ ကြည့်ပြီး အတော်လန့်သွားကြပြီလားဟင်။ ဦးနိုင်လူကတော့ မြန်မာအိုင်ဒေါကိုဒုက္ခပေးရုံတင်မကဘူး သူ့ကိုပါဒုက္ခလာပေးလို့ ကြိမ်းလို့နေပါရဲ့။ ဦးနိုင်လူက ဒီဗီဒီယိုလေးကို ဟာသအဖြစ် ဖော်ပြထားတာမို့ ဟာသအမြင်လေးနဲ့သာကြည့်ရှုပေးသွားကြပါနော်။

VIDEO ကြည့်ရန်

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *