ရင်​ထဲကို ဆိုနင့်​သွာ​စေမယ့်​ ဟာသသရုပ်​​ဆောင်​ကြီး ဦးကင်း​ကောင်​ရဲ့ ​နောက်ဆုံးခရီးမှပုံရိပ်များ

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင်းကောင်ကတော့ သူကျရာဇာတ်ရုပ်အတိုင်း အကောင်းဆုံး သရုပ်ဆောင်ရင်း ပရိသတ်အတွက် အနုပညာအတွက် ပေးဆပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ကင်းကောင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက် မနက်၇နာရီခန့်မှာ ရုပ်ရှင်ရိုက်ကူးနေရင်း ချွဲထလာပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာကြောင့် ချစ်ခင်ရတဲ့ မိတ်ဆွေတွေရော ပရိသတ်တွေအားလုံးကပါ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈နာရီမှာတော့ ဦးကင်းကောင်ရဲ့ရုပ်အလောင်းကို ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပြီး မိတ်ဆွေတွေနဲ့ ချစ်ရတဲ့ပရိသတ်တွေကပါ လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။

 
 

 
 

ဟာသသရုပ်ဆောင်ကြီး ဦးကောင်းကျော်က “ရုပ်ရှင်နှင့်ဗီဒီယိုဟာသ သရုပ်ဆောင် ကင်းကောင်၏ နောက်ဆုံးဈာပနပို့ဆောင်ပေးကြသည့်မြင်ကွင်းများ ပေါ့ချစ်friတို့ရေးးးးးး” ဆိုပြီး ဦးကင်းကောင်ရဲ့နောက်ဆုံးခရီးမှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

 

အနုပညာရှင်တွေကလည်း ဦးကင်းရဲ့နောက်ဆုံးခရီးကို ပူဆွေးဝမ်းနည်းစွာ လိုက်လံပို့ဆောင်ပေးခဲ့ကြတာ တွေ့ရပါတယ်။

ပရိသတ်တွေကို အရမ်းချစ်တဲ့ သရုပ်ဆောင် ကင်းကောင်ကတော့ သူချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေကိုခွဲပြီး ဘဝတစ်ပါးသို့ ပြောင်းသွားပြီး အေးချမ်းတဲ့အရပ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ချစ်ပရိသတ်တွေလည်း စိတ်ထားအရမ်းကောင်းတဲ့ အနုပညာရှင်ဦး ဦးကင်းကောင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *