ဥာဏ်ကြီးရှင်တွေရဲ့ ဆန်းပြားတဲ့ ပေါက်တက်ကရဖန်တီးမှုများ

ကျွန်တော်တို့ လူသားတွေကတော့ မတူညီတဲ့အရာတွေကို နေ့စဉ်နဲ့အမျှဖန်တီးနေကြပါတယ်။ တချို့ဖန်တီးမှုတွေကတော့ လူ့ဘောင်အဖွဲ့အစည်းကို များစွာအကျိုးပြုတဲ့အရာတွေ ဖြစ်ပါတယ်။ တချို့ကျတော့လည်း အခြေအနေအရ မိမိကိုယ်ပိုင်အသုံးဝင်သော အရာလေးတွေကို ဖန်တီးတတ်ကြပါတယ်။ လူသားတွေဟာ အသိဥာဏ်မြင့်တဲ့ သတ္တဝါတွေ ဖြစ်တဲ့အလျောက်တီထွင် ဖန်တီးကြံဆနိုင်စွမ်းတွေကတော့ အံ့မခန်းပါပဲ။ ဒီတခေါက်မှာ ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ တချို့သော ဥာဏ်ကြီးရှင်တွေရဲ့ ဆန်းပြားတဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။

၁.ဥရောပနိုင်ငံတွေမှာတော့ အသုံးမဝင်တော့တဲ့ ကားတွေကို ပစ်ထားတဲ့ ကားသင်္ချီုင်းကြီးတွေ ရှိပါတယ်။ ယင်းအသုံးမလိုတော့တဲ့ ကားတွေဟာ ဒီလိုနေရာတွေမှာ အသုံးဝင်တယ်ဆိုတာကို ပြသသွားခဲ့တာပါ။ ကြည့်လိုက်တာနဲ့ ချစ်စရာလေးပါ။

၂.ဒီဖန်တီးမှုကတော့ ကောင်းလားဆိုးလားတော့ မသိပါဘူး။ Hotdog တွေကို ဂျယ်လီလုပ်ထားတာပါ။ ပုံမှန်အားဖြင့် Hotdog ကတော့ ကြော်စားရတာ များပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးဂျယ်လီလုပ်ထားတာကတော့ စိတ်ဝင်စားစရာပဲဗျာ။

၃.ဒါကတော့နည်းနည်းတော့ ရူပဗေဒတွေပါလာပါပြီ။ ပလပ်ပေါက်က သုံးမြှောင့်ဖြစ်နေပေမဲ့လည်း နှစ်ပေါက်ပဲထိုးလို့ရတဲ့ ပလပ်ခေါင်းနဲ့ရအောင်ထိုးထားတာပါ။ လက်သည်းညှပ်တွေတော့ လိုလိုက်မယ်ဗျာ။

၎.လုံခြုံရေး ကာကွယ်မှုကတော့ အံ့မခန်းပါပဲ။ ယောကျာ်းလေးတွေကို မီးဖိုချောင်ဝင်ခိုင်းရင် တွေ့ရမယ့် အံ့မခန်းဖန်တီး တီထွင်မှုတွေပါပဲ။ ဆီစင်မှာကြောက်ရင်တော့ ဒီနည်းက နည်းနည်းတော့ အသုံးဝင်လိုက်မယ် ထင်ပါတယ်။

၅.ဆံပင်အရောင်ကတော့ အံ့မခန်းပါပဲ။ သူ့ခေါင်းက ဆံပင်အရောင်ကိုကြည့်ပြီး ဖရဲသီးတောင် စားချင်စိတ်ပေါက်လာမယ်လို့ ထင်ပါတယ်။ တကယ်ကိုမိုက်တဲ့အရောင်ပါပဲ။ သင်တို့ရော ဒီလိုအရောင် မဆိုးချင်ကြဘူးလား။

၆.အခန်းသန့်ရှင်းရေး လုပ်တဲ့သူရဲ့ ဆွဲဆောင်မှုရှိတဲ့အပြင် အဆင်တွေထဲက တစ်ခုပါပဲ။ အခန်းထဲက တဘက်ကို လုပ်ထားတာကတော့ တကယ်ကို မိုက်ပါတယ်။

၇. ပီဇာဆိုတာကလည်း စားလို့ကောင်းပါတယ်။ ရေညှိထမင်းလိပ်ကလည်း စားလို့ ကောင်းပါတယ်။ ဒါကြောင့် ဒီဆိုင်က ဒီလိုဆန်းပြားတဲ့ မီနူးကို ဖန်တီးလိုက်တာလား မသိပါဘူး။ ပီဇာပေါ်မှာ ရေညှိထမင်းလိပ်တွေပါရောထားတာ။ အရသာကတော့ တခြားစီဖြစ်နေမယ် ထင်တယ်။

၈.Spaghetti ခေါက်ဆွဲကို ဆိုင်တွေမှာ သွားရောက်မစားချင်ရင်တော့ ဒီ ခေါက်ဆွဲဒိုးနပ်စ်လေးကို စားလိုက်ရင်တော့ သက်တောင့်သက်သာရှိသွားမလားပဲ။ နည်းနည်းတော့ ထူးဆန်းနေတယ်ဗျာ။ ဒါပေမဲ့ စားလို့ကောင်းမယ့်ပုံပါပဲ။

၉.သင်တို့ဒီကားကို သေချာမကြည့်ဘူးဆိုရင်တော့ ထူးခြားမှုကို သိနိုင်မှာ မဟုတ်ပါဘူး။ ဒီကားနောက်မှန်ဆေးတဲ့အရာကတော့ တခုခုထူးခြားနေမှာပါ။ ကားနောက်မှန်ဆေးတဲ့အရာက သွားတိုက်တံဖြစ်နေတာပါပဲ။ ဒီသွားတိုက်တံ့လေးကတော့ ကားမှန်တစ်ခုလုံးကို ဆေးနိုင်ပါ့မလား မသိပါဘူး။

၁၀.ဒီကောင်လေးအတိုင်း လုပ်ထားမယ်ဆိုရင်တော့ ဘယ်နေရာရောက်ရောက် သိပ်မပူရတော့ဘူး ထင်ပါတယ်။ ဒါပေမဲ့လည်း တော်တော်တော့ အလုပ်ရှုပ်မယ်ဗျာ။ သူ့ကိုကြည့်လိုက်တာနဲ့တင် တော်တော် ရှုပ်နေပါပြီ။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *