ပြန်မပြောနားမထောင် အင်္ဂါ

အာရုံနောက်တာ မကြိုက်ကြဘူး။အရွဲ့ တိုက်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူး။ဒေါသ ထွက်လာရင် ဘယ်သူမှ တားမရအောင်ထိ သောင်းကျန်းကြတယ်။စိတ်​မထင်​ရင်​မထင်​သလိုဒေါသထွက်​လွယ်​တယ်​အင်္ဂါသားသမီးများဟာအရမ်း သံယောဇဉ်ကြီးတတ်ကြပါတယ်။ဒါပေမဲ့ စကားတအားများတာ ချူပ်ကိုင်တာ ထိန်းချုပ်တာတွေ လုပ်လာရင်တော့အရွဲ့ တိုက်ပြီတော့ ပြန်မပြော နားမထောင် ပုံစံမျိုးနေထိုင်တက်တာ အင်္ဂါသားသမီးတွေပါ။

အပြန်ပန်းပုံစံအရ…ဘာမှ မဖြစ်သလို……… ဘယ်သူကိုမှ ဂရုမစိုက်ပဲ နေပြတတ်တယ် ။ဒါပေမဲ့ အတွင်းစိတ်မှာတော့ လိုအပ်ချက်လေးတွေ အားငယ်မှုလေးတွေ ရှိနေတတ်ပါတယ်။

စိတ်ညစ်စရာကြုံတိုင်း သီချင်းတွေနားထောင်လိုက် အစားတွေနင်းကန်စားလိုက်နဲ့ စိတ်ဖြေဖျောက်နိုင်တာ အင်္ဂါသားသမီးများရဲ့ ထူးခြားမှုတစ်ခု။ကပ်​စေးနဲတာလည်းပါတာပေါ့။

စိတ်မပါရင် ဘာမှမလုပ်ချင်ဘူး။ အတင်းအကြပ်ခိုင်းတဲ့လူရှိရင်လည်း ဘာမှ မသိ နားမလည်တဲ့ ပုံစံမျိုးနဲ့ နေတတ်ပါတယ်။တစ်ခုခုကိုမကျေနပ်လို့  မပြောသေးဘူးဆိုရင် လုံးဝ မပြောသေးဘူး။ ပြောဆိုလိုက်ပြီဆိုရင်လည်း ဘယ်သူမျက်နှာကိုမှ မထောက်ပဲ ပြောဆိုတတ်လွန်းလို့  လူအများထဲမှာ သိသာထင်ရှားနေတတ်ပါတယ်။

စပ်စပ်စုစုနေရာတကာပါလို့သူငယ်ချင်းအပေါင်းအသင်းကြားမှာဆရာကြီး/ဆရာမကြီး ဖြစ်နေသူပါ။

ကျန်တဲ့အင်္ဂါတွေရော ကျွန်တော်လိုပဲလား။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *