ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုံတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ကို ကြည့်ရှုရမယ့် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲ

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချောလေး ဒေါင်းက အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်လက် အဖြစ် ရပ်တည်နေပြီ ပဲဖြစ်ပါတယ်။ ဒေါင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကလဲ အရင်ကထက် စိတ်လာပြီး ပရိသတ်တွေကို အမျိုးမျိုးတင်ဆက်ပေးနေတာကိုလဲ တွေ့ရပါတယ်။ ဒေါင်းကို အားပေးလက်ခံကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အခိုင်အမာနဲ့ ရှိကြပြီး ဒေါင်းက အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်။

ဒေါင်းရဲ့ အနုပညာလုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက မကြာခင်မှာပဲ ကမာရွတ်မီဒီယာနှင့် အချစ်ဖြင့်လွမ်းစေ Official Page များမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းက စာရေးဆရာမကြီး နုနုရည် အင်းဝ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးထားတာလို့ သိရပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်ကရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းမှ ဒေါင်းပြောတဲ့ အမှတ်တရတွေကို တင်ပြပေးလိုက်ပါတယ်နော်။

“အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲမှာ ဒေါင်းကို ပရိသတ်တွေ တွေ့ဖူးနေကျမဟုတ်တဲ့ ပုံစံမျိုးကို တွေ့ရဦးမှာပါ။ “အချစ်ဖြင့်လွမ်းစေ” ဇာတ်လမ်းတွဲက အခု ဖေဖော်ဝါရီလအတွင်း ပြသတော့မှာမို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *