မွန်ပြည်နယ် ရေကြီးပြီး ကြောက်စရာကောင်းအောင် ရေစီးလည်းသန်နေတဲ့ ဗွီဒီယိုဖိုင်

Spread the love
  •  
  •  
  •  

မုတ္တမမြို့မှာ မိုးသည်းထန်စွာရွာပြီးရေကြီးကာ မုတ္တမတိုက်နယ်ဆေးရုံရေနစ်မြုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တိုက်နယ်ဆေးရုံအတွင်းမှာရှိတဲ့ လူနာတွေနဲ့ပြည်သူလူထုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ရဲတပ်ဖွဲ့အပါအဝင် အခြား လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ပူးပေါင်းကူညီမှုနဲ့ ကယ်ဆယ်ကာ ဆေးရုံအပြင်ဘက်ကို ကူညီကယ်ထုတ်ခဲ့ပါတယ်။

မွန်ပြည်နယ်နေရာအနှံ့မှာ လက်ရှိမိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မြို့ပေါင်းများစွာနဲ့ရွာပေါင်းများစွာ ရေနစ်မြုပ်လျက်ရှိပြီး ရေစီးလည်းအရမ်းသန်တာကြောင့် ကယ်ဆယ်မှုလုပ်ငန်းတွေပြုလုပ်နေကြရပါတယ်။

လက်ရှိအခြေအနေရ မော်လမြိုင်မြို့၊မုတ္တမမြို့၊ သထုံမြို့၊ ဇင်းကျိုက်မြို့၊ ပေါင်မြို့၊ဇာကဒွန်၊ မေတ္တာမွန်နဲ့ အခြားသောရွာပေါင်းများစွာမှာ မိုးသည်ထန်စွာရွာသွန်းမှုများ၊ တောင်ကျရေများကြောင့် ပြည်သူလူထုကို ကယ်ဆယ်ဖို့ စေတနာ့ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို လိုအပ်နေတယ်လို့သိရပါတယ်။

မွန်ပြည်နယ်တင်မကပဲ အခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့အခြားသောဒေသများမှာနေထိုင်တဲ့ အင်တာနက်အသုံးပြုသူတွေကလည်း ဒီဖြစ်စဉ်ကို လူအများပိုသတိထားမိပြီး အကူအညီတွေပေးနိုင်အောင် မွန်ပြည်နယ်ကိုကယ်တင်ပါ(Save Mon State) ဆိုတဲ့စာသားတွေကို မျှဝေကာ လက်ဆင့်ကမ်းပေးနေကြပါတယ်။

လက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့စေတနာ့ဝန်ထမ်းတွေအပါအဝင် ရေဘေးဒုက္ခသည်ပြည်သူတွေအတွက် ထမင်းထုပ်တွေ အစားအစာတွေနဲ့ ရေသန့်တွေလိုအပ်နေလျက်ရှိတယ်လို့သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ဘေးကင်းရာနေရာကို ပို့ဆောင်ကယ်တင်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်းအင်အားလည်း မလောက်ငှဖြစ်နေတယ်လို့ ကြားသိရပါတယ်။

Leave a Comment