ရောဂါသည်မိခင်ကြီးရဲ့ အသက်ကိုဆက်ဖို့အတွက် လူသေအလောင်းတွေကို မီးသဂြိုလ်ပေးတဲ့ အလုပ်ကိုလုပ်နေတဲ့ ကလေးငယ်လေး

Spread the love
  •  
  •  
  •  

လောကကြီးကတော့ အချို့သော လူသားတွေအဖို့ ခက်ခဲကြမ်းတမ်းလှပါတယ်။ လောကဓံတရား၏ ထုထောင်းမှုကို ခံစားရသူများစွာလည်းရှိပါတယ်။ တစ်ချို့သော ကလေးငယ်တွေအဖို့လည်း လောကဓံ၏ နိုပ်စက်မှုကို ခံစားနေရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နှင့် အခြားကလေးတွေလို ကျောင်းမတက်နိုင်ဘဲ မိသားစု စားဝတ်နေရေးအတွက် ရှာဖွေနေရပါတယ်။

ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ထိုင်းနိုင်ငံက ၁၂နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။  ဒီကလေးငယ်လေးဟာ အခြားသောကလေးငယ်တွေကို ဘဝကမလှပလှသလို အလွန့်ကို ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝခရီးလမ်းကိုဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။

အခြားသောကလေးငယ်တွေကို ဆော့ကစားဖို့ ပျော်ရွှင်ဖို့ အချိန်မရှိရှာသလို ရောဂါသည်မိခင်ကြီးရဲ့ ဆေးဖိုးအတွက် ဘယ်သူ့မှ မလုပ်ချင်တဲ့ လူသေအလောင်းတွေကို မီးသဂြိုလ်ပေးရတဲ့ အလုပ်ကိုလုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ဒီအလုပ်ကိုလုပ်မှသာ သူ့အမေအတွက် ဆေးဖိုးကိုရှာနိုင်မှာဖြစ်သလို စားဝတ်နေရေးလည်း အဆင်ပြေနိုင်မှာဖြစ်တာကြောင့် ဒီကလေးငယ်လေးမှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။

အဖေလည်းဆုံးပါးသွားပြီဖြစ်တာကြောင့် ရောဂါသည်မိခင်ကြီးကို ပြုစုဖို့က သူ့ရဲ့တာဝန်တစ်ခုဖြစ်သလို အိမ်ထောင်ဦးစီးပြုလုပ်ရမယ့် ငွေရှာတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေရသူလေးပဲဖြစ်ပါတယ်။

Leave a Comment