ပရိသတ္ေတြ လံုး၀တအံံ့တၾသျဖစ္သြားေစမည့္ ဇာတ္ကား (၁) ကားအတြက္ ေနတိိုးရဲ႕ အႏုပညာေၾကး။

Cele news0
Spread the love
  •  
  •  
  •  

ေနတိုးကေတာ့ အကယ္ဒမီဆုေတြအျပင္ ေနာက္ထပ္ ထူးခြၽန္ဆုေတြ အမ်ားႀကီးပိုင္ဆိုင္ထားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အႏုပညာရွင္တစ္ေယာက္ရဲ႕ အႏုပညာေၾကးက ပရိသတ္အားေပးမႈနဲ႔ ဆိုင္တယ္လို႔ဆိုပါတယ္။ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့ ေနတိုးက အႏုပညာရွင္တစ္ေယာက္ရဲ႕ အႏုပညာေၾကးဟာ အားေပးတဲ့ ပရိသတ္အေပၚ မူတည္တယ္လို႔ ဆိုပါတယ္။ ဘယ္အရာမွလည္း တစ္သတ္မတ္တည္း မရွိဘူးလို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။‘’ အႏုပညာေၾကးဆိုတာကေတာ့ ပရိသတ္အားေပးမႈ အနည္းအမ်ားေပၚမွာပဲ မူတည္ပါတယ္။ အႏုပညာေၾကးဆိုတာကလည္း ပရိသတ္အားေပးမႈနဲ႔ တိုက္႐ိုက္ အခ်ိဳးခ်ထားတာဆိုေတာ့ေလ ေအာင္ျမင္တဲ့အႏုပညာရွင္တိုင္းက အႏုပညာေၾကးကေတာ့ အထိုက္အေလွ်ာက္ အနည္းအမ်ားေပၚမွာ မူတည္ပါတယ္။

ဘယ္အရာမွလည္း တစ္သတ္မွတ္ႀကီးေတာ့ မရွိဘူးေပါ့’’ လို႔ သူကဆိုပါတယ္။ေနတိုးဟာ လက္ရွိမွာ အကယ္ဒမီဆု မ်ားစြာ ရရွိပိုင္ဆိုင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အကယ္ဒမီ အမ်ားႀကီးရလို႔ အႏုပညာေၾကးတတ္တယ္ဆိုတာ မရွိဘူးလို႔ ေျပာပါတယ္။‘’ ကြၽန္ေတာ္ကေတာ့ အႏုပညာေၾကးတက္လာတာမရွိပါဘူး။ အကယ္ဒမီေၾကာင့္ အႏုပညာေၾကးတက္တာ မရွိပါဘူး’’ ဆိုၿပီးေတာ့ ၾသဂုတ္လ ၇ ရက္ေန႔က ‘’စစ္ကား’’႐ုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာျဖစ္ပါတယ္။ေနတိုးကေတာ့ ဘယ္လို ကာ႐ိုက္တာမ်ိဳးမဆို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္တဲ့ အႏုပညာရွင္တစ္ေယာ က္ျဖစ္ပါတယ္။ ဒီလိုပီျပင္ဖို႔အတြက္ကလည္း ေသေသခ်ာခ်ာ ႀကိဳးစားခဲ့ရတယ္လို႔ ဆိုပါတယ္။

‘’ပုံမွန္အားျဖင့္ေတာ့ ကိုယ္လုပ္ႏိုင္တဲ့ ဇာတ္႐ုပ္ျဖစ္မလား၊ ၿပီးေတာ့ ဒီဇာတ္႐ုပ္အေပၚမွာ ဘယ္ေလာက္အထိ သက္ဝင္ခံစားႏိုင္သလဲ။ ဒီအေပၚမွာ မူတည္တာေပါ့။ကြၽန္ေတာ္က ဇာတ္႐ုပ္ Change ရတာကို အရမ္းဝါသနာပါတယ္ေလ။ Romantic ဇာတ္ေကာင္အျပင္ ႏိုင္ငံႀကီးသားကားထဲက ဇာတ္ေကာင္မ်ိဳးေတြ၊ ကန႖ားစီးလို ကာ႐ိုက္တာမ်ိဳးေတြေပါ့။ ေနာက္ထပ္လည္း႐ိုက္ဖို႔ရွိတယ္။ ႐ိုက္ကူးခဲ့ၿပီးတဲ့ ဇာတ္ေကာင္ေတြကိုလည္း အပီျပင္ဆုံးျဖစ္ေအာင္ သ႐ုပ္ေဆာင္ခဲ့တယ္’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။ေနတိုးရဲ႕ အႏုပညာေၾကးကေတာ့ ဇာတ္ကားတစ္ကားအတြက္ သိန္း (၇၀၀)/(၈၀၀) ရွိတယ္လို႔သိရပါတယ္။ေနတိုးက အကယ္ဒမီဆုမ်ားစြာ ပိုင္ဆိုင္ထားၿပီး ဂုဏ္သတင္းေကာင္းမ်ားနဲ႔ ရပ္တည္ေနတဲ့ ထိပ္တန္း မင္းသားတစ္လက္ ျဖစ္ပါတယ္။

မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ႐ုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ The Best Actor ဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။credit – celeyatkwat

ယူနီကုဒ္ျဖင့္ဖတ္ရန္ နေတိုးကတော့ အကယ်ဒမီဆုတွေအပြင် နောက်ထပ် ထူးချွန်ဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးက ပရိသတ်အားပေးမှုနဲ့ ဆိုင်တယ်လို့ဆိုပါတယ်။ပရိသတ်အချစ်တော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးက အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးဟာ အားပေးတဲ့ ပရိသတ်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဘယ်အရာမှလည်း တစ်သတ်မတ်တည်း မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။‘’ အနုပညာကြေးဆိုတာကတော့ ပရိသတ်အားပေးမှု အနည်းအများပေါ်မှာပဲ မူတည်ပါတယ်။ အနုပညာကြေးဆိုတာကလည်း ပရိသတ်အားပေးမှုနဲ့ တိုက်ရိုက် အချိုးချထားတာဆိုတော့လေ အောင်မြင်တဲ့အနုပညာရှင်တိုင်းက အနုပညာကြေးကတော့ အထိုက်အလျှောက် အနည်းအများပေါ်မှာ မူတည်ပါတယ်။

ဘယ်အရာမှလည်း တစ်သတ်မှတ်ကြီးတော့ မရှိဘူးပေါ့’’ လို့ သူကဆိုပါတယ်။နေတိုးဟာ လက်ရှိမှာ အကယ်ဒမီဆု များစွာ ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကယ်ဒမီ အများကြီးရလို့ အနုပညာကြေးတတ်တယ်ဆိုတာ မရှိဘူးလို့ ပြောပါတယ်။‘’ ကျွန်တော်ကတော့ အနုပညာကြေးတက်လာတာမရှိပါဘူး။ အကယ်ဒမီကြောင့် အနုပညာကြေးတက်တာ မရှိပါဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၇ ရက်နေ့က ‘’စစ်ကား’’ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။နေတိုးကတော့ ဘယ်လို ကာရိုက်တာမျိုးမဆို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယော က်ဖြစ်ပါတယ်။ ဒီလိုပီပြင်ဖို့အတွက်ကလည်း သေသေချာချာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

‘’ပုံမှန်အားဖြင့်တော့ ကိုယ်လုပ်နိုင်တဲ့ ဇာတ်ရုပ်ဖြစ်မလား၊ ပြီးတော့ ဒီဇာတ်ရုပ်အပေါ်မှာ ဘယ်လောက်အထိ သက်ဝင်ခံစားနိုင်သလဲ။ ဒီအပေါ်မှာ မူတည်တာပေါ့။ကျွန်တော်က ဇာတ်ရုပ် Change ရတာကို အရမ်းဝါသနာပါတယ်လေ။ Romantic ဇာတ်ကောင်အပြင် နိုင်ငံကြီးသားကားထဲက ဇာတ်ကောင်မျိုးတွေ၊ ကန႖ားစီးလို ကာရိုက်တာမျိုးတွေပေါ့။ နောက်ထပ်လည်းရိုက်ဖို့ရှိတယ်။ ရိုက်ကူးခဲ့ပြီးတဲ့ ဇာတ်ကောင်တွေကိုလည်း အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။နေတိုးရဲ့ အနုပညာကြေးကတော့ ဇာတ်ကားတစ်ကားအတွက် သိန်း (၇၀၀)/(၈၀၀) ရှိတယ်လို့သိရပါတယ်။နေတိုးက အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။

မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။credit – celeyatkwat

Leave a Comment