Huawei ဖုန်းတွေမှာ Android OS နဲ့ Google အသုံးပြုခွင့် ရပ်ဆိုင်းမည်ဖြစ်ကြောင်းသိရ

Spread the love
  •  
  •  
  •  

Google ဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းမိုဘိုင်းဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei နဲ့ စီးပွားရေးအကျိုးတူပူးပေါင်းမှုတွေ ရပ်ဆိုင်းခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ရပ်ဆိုင်းလိုက်တဲ့ထဲမှာ Google ဟာ Huawei ကို open source တွေကလွဲလို့ hardware ရော software ပါ အသုံးပြုခွင့်အားလုံး ပိတ်ပင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိကြတဲ့ Huawei ဖုန်းအသုံးပြုသူအားလုံးနဲ့ Huawei နဲ့ စီးပွားရေးလုပ်ကိုင်နေသူအားလုံးဟာ ကြီးမားတဲ့သက်ရောက်မှုကို ခံစားကြရမှာပါ။

ရိုက်တာသတင်းအရ “Huawei Technologies Co Ltd ဟာ Android OS ကို update လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ Huawei ရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းတွေထဲမှာလည်း လူသုံးများတဲ့ application တွေဖြစ်တဲ့ Google Play Store နဲ့ Gmail တွေ သုံးလို့ရတော့မှာ မဟုတ်ပါဘူး….” လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့(၁၇.၅.၂၀၁၉)တုန်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က Huawei ကို အမေရိကန်စီးပွားရေးရဲ့ blacklist ထဲ ထည့်ထားခဲ့တဲ့အပြင် အမေရိကန်ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ Huawei က ဘယ်လိုမှ အဆင်မပြေပါဘူးလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ Google ဟာ အမေရိကန်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ Google ရဲ့ open-source Android OS ဟာဆိုရင် တစ်ကမ္ဘာလုံးမှာ အသုံးပြုသူအများဆုံးရှိနေတာကြောင့် Google သုံးမရတော့တဲ့ Huawei အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့ရတော့မှာပါ။

Huawei ဖုန်းတွေမှာ Android updates အသစ်တွေ တင်လို့ရမှာမဟုတ်တော့တဲ့အပြင် ဖုန်းလုံခြုံရေးစနစ်ကိုလည်း ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး။ Android ဖုန်းတွေရဲ့ အဓိက အသုံးအများဆုံးဖြစ်နေတဲ့ Google Play Store ကိုတောင် အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ လက်ရှိမှာ Google service မရနိုင်တော့ကြောင်း ကြေညာထားတဲ့ Huawei စမတ်ဖုန်းတွေကတော့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေဖြစ်တဲ့ P30, P30 Pro, Mate 20 Pro အစရှိသည်တို့ ဖြစ်ကြောင်း သိရပါတယ်။

Huawei ဟာ (၂၀၁၉) နှစ်စပိုင်းလောက်မှာ Android OS ကို အခြေခံထားတဲ့ စမတ်ဖုန်းအလုံးရေ (၅၉) သန်းကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းဌာနတွေဆီက ကြားရသလောက်တော့ Huawei ဟာ အမေရိကန် ကုန်သွယ်ရေး blacklist ထဲမှာပါတဲ့အတွက် Google ဟာ Huawei နဲ့ စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။ နို့မဟုတ်ရင်တော့ Huawei ဟာ ဆမ်ဆောင်းနဲ့ အခြား တရုတ် စမတ်ဖုန်းထုတ်လုပ်သူတွေကိုကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး Android စနစ်အခြေပြု စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်လာမှာပါ။ လက်ရှိမှာ Huawei ဟာ လူတိုင်းအလကားအသုံးပြုခွင့်ရှိတဲ့ Android OS ရဲ့ open source version ကိုသာ အသုံးပြုနိုင်တော့မှာဖြစ်ပြီး system update တွေတော့ မရတော့ဘူးလို့ သိရပါတယ်။

#credit လင်းလင်း (ShweMom)

Ref: techjuice, reuters

Leave a Comment