အဖေ သားသမီး​တွေကို ဒါ​ကြောင့်​ပညာတတ်​ဖြစ်​​စေချင်​တာပါ

Knowledge0
Spread the love
  •  
  •  
  •  

“အ​ဖေ” “သား ဆယ်​တန်းကျတယ်​” နွားစာ​ကျွေး​နေ​သော အ​ဖေ ရုတ်​တရတ်​တုံ့သွားသည်​……။ မီးဖို​ချောင်​ထဲ

ထမင်းချက်​​နေ​သော အ​မေက ကြားလိမ့်​မည်​မထင်​။အ​ဖေ စကားတလုံးမှ မ​ပြောပဲ ကျ​တော့်​ကို စူးစိုက်​ကြည့်​​နေသည်​။ .. ​”ဟိုးမှာ​တွေ့လား ငါ့သား!!!

ဓား ၂​ချောင်းစီ ကျ​တော့်​ကိုညွန်​ပြသည်​။ (စကားလမ်းလွှဲလိုက်​သည်​ဟု ကျ​တော်​ထင်​) “လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​လယ်​​တောခဏ

လိုက်​ခဲ့ အ​င်္ကျီထူထူ ယူခဲ့ ”…. နွားညိုသိုးကြီး ၂​ကောင်​ကိုဆွဲသွားပြီး အ​ဖေ နွားလှည်းတပ်​​နေပြီ ။ကျ​တော်​ အ​ဖေ့​နောက်​မှ

ဝင်​ထိုင်​လိုက်​သည်​။(အ​တွေးထဲ ​ကျောင်းများထုတ်​လိုက်​သည်​ဟု ထင်​ခဲ့)

လယ်​​တော​ရောက်​​တော့ အ​ဖေ ကျ​တော့်​ကို ထွန်​တုံးဆင်​​ပေးပြီး ထွန်​ခိုင်းသည်​။ ကျ​တော်​ ​အူ​ကြောင်​​ကြောင်​ဖြစ်​သွားတယ်​။

အ​ဖေ ငါ့ကို တကယ်​များ​ကျောင်းထုတ်​လိုက်​ပြီလား? ကျ​တော့်ကို တခါမှ အလုပ်​မခိုင်းဘူးခဲ့တဲ့အ​ဖေက ဒီလိုလုပ်​​တော့ အံ့သြသွားမိတာ​ပေါ့…… ကျ​တော်​ နွားကိုရိုက်​လိုက်​သည်

လယ်​ထဲကို သုံးပတ်​​လောက်​ပတ်​မိတဲ့အချိန်​ ​ဖြေဖဝါး​တေက ​သွေးကျင်​ဥ လာတယ်​။ ​​နေပူတဲ့ဒဏ်​​ကြောင့်​ ​ချွေးတလုံးလုံးနဲ့ ပန်​ပင်းတဲ့ဒဏ်​ကို မခံစားနိုင်​ ​တော့ဘဲ ကျ​တော်​ ယိုင်​ကျသွားသည်

ငါ့သား …… အ​ဖေတို့ မင်းလို ပညာမသင်​ခဲ့ရဘူးပညာဆိုလို့ ၄တန်းပဲ​အောင်​ခဲ့တာမင်းကို​ကျောင်းထားတယ်​ဆိုတာ အ​ဖေတို့လိုပန်းပင်းမှာဆိုးလို့……

ငါ့သားသမီး​တွေငါ့လို မဖြစ်​ရ​လေ​အောင်​ဆိုပြီး အ​ဖေတို့မင်းကို ​ဘော်​ဒါ​ဆောင်​မှာ ​ကောင်း​ကောင်းထားပြီး စာသင်​ခိုင်းခဲ့ာ….

.အ​ဖေတို့ မင်းဆီကဘာမှ​မျော်​လင့်​ချက်​မရှိဘူး ငါ့သားသမီး ငါ့လိုပင်​ပင်​ပန်းပန်းနဲ့ မလုပ်​စား​စေချင်​လို့……

နောင်​တချိန်​မှာ မင်းဘ၀​လေး သာယာလှပဖို့(​ပြေားရင်းနဲ့ အ​ဖေ့သံက ငိုသံပါသလိုလိုခံစားရ)

ကျ​တော့်​​နောင်​တနဲ့အတူ မျက်​ရည်​​တေကျလာခဲ့သည်​(စာမကျက်​မိသည်​များကို) …ဟိုးအ​ဝေးက

အ​မေ တလူပ်​လူပ်​နဲ့ထမင်း​ထောင်းကို ရွတ်​လာတာမြင်​​နေမိသည်​။အ​ဖေ့ကို ထာဝရစဉ်​​လေးစားလျက်​…

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်

Leave a Comment