ရော်နယ်ဒိုကိုအရူးအမူးအားပေးနေတဲ့ဘိန်းမှောင်ခိုသမား၊ အဖမ်းခံရတဲ့အချိန်မှာနာမည်ကြီးသွား

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ယောက်လို့ ယူဆရတဲ့ ဘိန်းမှောင်ခိုသမားတစ်ယောက်ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်လို့ပြောရတာကတော့ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူထုပ်တွေမှာ ရော်နယ်ဒိုရဲ့ ပုံတွေ ကပ်ထားခဲ့တာကြောင့်ပါပဲ။

ဂျူဗင်တပ်စ်အသင်းရဲ့ ဂျာစီကို ၀တ်ဆင်ထားတဲ့ရော်နယ်ဒိုဟာ ကိုကိန်းကြော်ငြာမှာ သရုပ်ဆောင်နေရသလိုဖြစ်နေပြီး ဒီအဖြစ်အပျက်က ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဘိန်းဖြူအရောင်းအ၀ယ်လုပ်နေတယ်လို့ သတင်းရခဲ့တဲ့ နေအိမ်တစ်ခုကို ၀င်ရောက်စီးနင်းရာမှာ ရော်နယ်ဒို တံဆိပ်ကပ်ထားတဲ့ ဆေးခြောက် (၅၁၇) ဂရမ် ၊ ကိုကိန်း (၅၀) ဂရမ် တို့ကို ဖမ်းဆီးရမိခဲ့တာပါ။

မာဆေးရဲတပ်ဖွဲ့က သူတို့ရဲ့တွစ်တာအကောင့်မှာ ဒီဓာတ်ပုံကို တင်ခဲ့ပြီး အားလုံးသဘောကျသွားခဲ့ကြပါတယ်။ အထူးသဖြင့် ကိုကိန်းရောင်းဝယ်ရေးလုပ်တာတောင်မှ ရော်နယ်ဒိုရဲ့ပုံကို ကပ်ထားခဲ့တဲ့အထိ ရူးသွပ်ခဲ့တဲ့ ပရိသတ်ကို အားလုံးက လေးစားသွားခဲ့ကြပြီး လုံးဝကို အမာခံပရိသတ်တစ်ယောက်ပဲလို့ ချီးကျူးခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးလည်း အခွန်ရှောင်မှု ပြဿနာကြောင့် ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ် ချမှတ်ခြင်းခံခဲ့ရသလို ယူရို (၃၇၀၀၀၀)ကိုလည်း ဒဏ်ရိုက်ခြင်းခံနေရပါတယ်။

About ​ရွှေ မိုး ညို

View all posts by ​ရွှေ မိုး ညို →

Leave a Reply

Your email address will not be published. Required fields are marked *