သိန်းတစ်သောင်းခွဲကံထူးရှင်မိသားစုက ရွာဦးကျောင်းဆရာတော်ကို ကားလာရောက်လှူဒါန်းစဉ် ရွာသူရွာသားတို့၏ ၀မ်းသာကြည်နူးဖွယ် ကြိုဆိုမှုမြင်ကွင်းများ

Spread the love
  •  
  •  
  •  

သိန်းတစ်သောင်းကံထူးရှင်မိသားစုက ရွာဦးကျောင်းဆရာတော်အား ကားလာရောက်လှူဒါန်းစဉ် ရွာသူရွာသားတို့၏ ၀မ်းသာကြည်နူးဖွယ် ကြိုဆိုမှုမြင်ကွင်းများ

သိန်းတစ်သောင်းခွဲ ကံထူးရှင်မိသားစုမှ မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်ထံသို့ ကားသွားရောက်လှူတန်း

(၆.၆.၂၀၁၉) ApannPyay

သိန်းတစ်သောင်းခွဲ ကံထူးရှင်မိသားစုမှ မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်ထံသို့ ကားသွားရောက်လှူတန်း

ကိုဝင်းကျော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဆိုတာ အညာဒေသမို့ များသောအားဖြင့် အရင်တုန်းက Without ကားတွေစီးကြတယ်..။ တစ်ချို့တစ်ချို့သော ရွာနီးနားက ကျောင်းတွေမှာလည်း သိန်း လေးငါး ခြောက်ဆယ်တန် ကားမျိုးတွေကို စီးကြတယ် ဆရာတွေအတွက် လှူကြတာများတယ်

ဒီတော့ ကိုဝင်းကျော်ဟာ ဟိုအရင်ကတည်းက ဆရာတော်ထံ ကားလှူချင်တဲ့ ဆန္ဒကြောင့် ကွမ်းယာရောင်းရင်း ဆုထားတဲ့ငွေပိုလေး ၅ သိန်းကို ဆရာတော်ကားဝယ်ရင် ဖြည့်ဖို့ဆိုပြီး လှူထားတာရှိတယ်လို့ သိရတယ်။

၁.၆.၂၀၁၉ မှာ ထွက်ရှိတဲ့ (၄) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကြီးမှ သိန်းတစ်သောင်းခွဲကံထူးရှင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ် ဗ၂၃ ရပ်ကွက်မှ “ပွင့်သစ်” ကွမ်းယာဆိုင် ပိုင်ရှင်ဖြစ်တဲ့ ကိုဝင်းကျော် မှ ဆွတ်ခူးရရှိသွားတာပဲဖြစ်ပါတယ်..။

ကိုဝင်းကျော် ရဲ့ မွေးဖွားရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဖြစ်ပြီး လက်ရှိတွင် ကိုဝင်းကျော်ရဲ့ မိခင်ကြီးသည်လည်း ကိုဝင်းကျော်ရဲ့ မွေးရပ်မြေ ထိန်ကန်ကျေးရွာတွင် နေထိုင်လျှက်ရှိပါသည်

ကိုဝင်းကျော်သည် အောင်ဘာလေထီ မပေါက်ခင် အချိန်ကတည်းက မွေးရပ်မြေမှ ရွာဦးကျောင်းထိုင်ဆရာတော်ထံ ကားလူရန်ဆန္ဒရှိနေခဲ့သော်လည်း မိမိရဲ့ စီးပွားရေး အခြေအနေကြောင့် ကားတစ်စီးလုံးကို ဝယ်လှူရန် မတတ်နိုင်သဖြင့် မိမိတတ်နိုင်သလောက် ဆရာတော်ဘုရား ကားဝယ်ပါက ငွေ ၅ သိန်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်း လျှောက်ထားခဲ့ကြောင်းသိထားရပါသည်

ယခုတွင်မူ ကိုဝင်ကျော်ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပါပြီ။ ယူတွင် သိန်းတစ်သောင်းခွဲ ကံထူးရှင် ဖြစ်တဲ့ ကိုဝင်းကျော်ကိုယ်တိုင် မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်အတွက် 338သိန်းတန် ကားဝယ်လာပြီး လှူဒါန်းရန်သွားရောက်နေပြီဖြစ်တဲ့မြင်ကွင်းကို ApannPyay ပရီတ်သတ်ကြီးသာဓုခေါ်နိုင်ရန်အတွက်မျှဝေပေးလိုက်ပါတယ်

crd လေးစားစွာဖြင့်…ApannPyay

Leave a Comment