သီခ်င္းတစ္ပုဒ္တည္းကို မရပ္မနား ၁၆ ႏွစ္ေက်ာ္ ဖြင့္ေသာ အမ်ဳိးသမီး အဖမ္းခံရ

ဆလိုဗက္ကီးယားႏိုင္ငံတြင္ အမ်ဳိးသမီးတစ္ဦးသည္ ဗာဒီ၏ ကမၻာေက်ာ္ေအာ္ပရာေတးသြားတစ္ပုဒ္ကို မရပ္မနား ေန႔ေရာညပါ ၁၆ ႏွစ္ေက်ာ္ ဖြင့္ေနေသာေၾကာင့္ နားမခံႏိုင္သည့္ အိမ္နီးခ်င္းမ်ားက တိုင္တန္းရာ အဖမ္းခံလိုက္ရသည္။

ဟန္ေဂရီသတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ www.parameter.sk တြင္ ေဖာ္ျပခ်က္အရ အီဗာ အန္အမည္ရွိေသာ အမ်ဳိးသမီးသည္ ဂူဆက္ပီ ဗာဒီ၏ လာ ထရာဗီယာတာ အမည္ရွိ ၄ မိနစ္ၾကာျမင့္သည့္ ေအာ္ပရာေတးသြားတစ္ပုဒ္တည္းကို စပီကာၾကီးမ်ားျဖင့္ ေန႔ေရာညပါ မရပ္မနား ဖြင့္ေနခဲ့သည္မွာ ၁၆ ေက်ာ္ၾကာျမင့္ခဲ့ျပီဟု ဆိုသည္။ Giuseppe Verdi’s ‘La Traviata’

(အီဗာအန္ ဖြင့္ခဲ့ေသာ ေတးသြားကို နားဆင္ရန္ ႏွိပ္ပါ)

ဆလိုဗက္ကီးယားႏိုင္ငံေတာင္ပိုင္း စတူရိုဗိုျမိဳ ႔တြင္ ေနထိုင္ေသာ အီဗာအန္သည္ အိမ္နီးခ်င္း၏ ဆူညံလွေသာ ေခြးေဟာင္သံကို မခံႏိုင္ေသာေၾကာင့္ ယခုကဲ့သို႔ လက္တံု႔ျပန္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အီဗာအန္၏ အသံက်ယ္ေလာင္စြာ သီခ်င္းတစ္ပုဒ္တည္းကို ႏွစ္ေပါင္းမ်ားစြာ ဖြင့္လွစ္ေနမႈအေပၚ အမ်က္ထြက္ေနေသာ ေဒသခံမ်ားက သတင္းမီဒီယာမ်ားထံ ေျပာၾကားခဲ့ၾကသည္။

“ကၽြန္မ..ဒီေတးသြားကို ႏွစ္သက္ျမတ္ႏိုးပါတယ္။ ဒါေပမယ့္ ဒါမ်ဳိးလြန္လြန္ကဲကဲဖြင့္ေနတာေတာ့ သေဘာမက်ပါဘူး” ဟု ေဒသခံအမ်ဳိးသမီးတစ္ဦးက ေျပာၾကားသည္။

(နားျငီးမခံႏိုင္ေသာ ေဒသခံမ်ား)

“တစ္လမ္းလံုး ဒီဒဏ္ကို ခံေနၾကရပါတယ္” ဟု အျခားေဒသခံတစ္ဦးက ဆလိုဗက္ခ္ သတင္းစာသို႔ ေျပာၾကားသည္။

ရဲတပ္ဖြဲ႔ က အီဗာအန္ကို ဖမ္းဆီးလိုက္ျပီး အျငိဳးထားေႏွာင့္ယွက္ျခင္းစြဲခ်က္ျဖင့္ အမႈဖြင့္ထားသည္။

ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္ပါက ေထာင္ဒဏ္ ၆ လမွ ၃ ႏွစ္အၾကား က်ခံရဖြယ္ရာ ရွိသည္။

သီခ်င္း က်ယ္ေလာင္စြာဖြင့္ေသာေၾကာင့္ အမႈရင္ဆိုင္ရျခင္းတြင္ ယခုအမႈမွာ ပထမဆံုးအၾကိမ္ကား မဟုတ္ေသးေခ်။

ျပီးခဲ့ေသာ ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းကလည္း ဝါေဆာရွိ ျဗိတိသွ်အမ်ဳိးသမီးတစ္ဦးသည္ အက္ဒ္ ရွီရန္း၏ Shape of You သီခ်င္းကို က်ယ္ေလာင္စြာ ဖြင့္လွစ္ေသာေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရဖူးသည္။

Credit(shweinnlay)

Unicodeဖြင့်ဖတ်ရန်

သီချင်းတစ်ပုဒ်တည်းကို မရပ်မနား ၁၆ နှစ်ကျော် ဖွင့်သော အမျိုးသမီး အဖမ်းခံရ

ဆလိုဗက်ကီးယားနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ဗာဒီ၏ ကမ္ဘာကျော်အော်ပရာတေးသွားတစ်ပုဒ်ကို မရပ်မနား နေ့ရောညပါ ၁၆ နှစ်ကျော် ဖွင့်နေသောကြောင့် နားမခံနိုင်သည့် အိမ်နီးချင်းများက တိုင်တန်းရာ အဖမ်းခံလိုက်ရသည်။

ဟန်ဂေရီသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော www.parameter.sk တွင် ဖော်ပြချက်အရ အီဗာ အန်အမည်ရှိသော အမျိုးသမီးသည် ဂူဆက်ပီ ဗာဒီ၏ လာ ထရာဗီယာတာ အမည်ရှိ ၄ မိနစ်ကြာမြင့်သည့် အော်ပရာတေးသွားတစ်ပုဒ်တည်းကို စပီကာကြီးများဖြင့် နေ့ရောညပါ မရပ်မနား ဖွင့်နေခဲ့သည်မှာ ၁၆ ကျော်ကြာမြင့်ခဲ့ပြီဟု ဆိုသည်။ Giuseppe Verdi’s ‘La Traviata’

(အီဗာအန် ဖွင့်ခဲ့သော တေးသွားကို နားဆင်ရန် နှိပ်ပါ)

ဆလိုဗက်ကီးယားနိုင်ငံတောင်ပိုင်း စတူရိုဗိုမြို့တွင် နေထိုင်သော အီဗာအန်သည် အိမ်နီးချင်း၏ ဆူညံလှသော ခွေးဟောင်သံကို မခံနိုင်သောကြောင့် ယခုကဲ့သို့ လက်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အီဗာအန်၏ အသံကျယ်လောင်စွာ သီချင်းတစ်ပုဒ်တည်းကို နှစ်ပေါင်းများစွာ ဖွင့်လှစ်နေမှုအပေါ် အမျက်ထွက်နေသော ဒေသခံများက သတင်းမီဒီယာများထံ ပြောကြားခဲ့ကြသည်။

“ကျွန်မ..ဒီတေးသွားကို နှစ်သက်မြတ်နိုးပါတယ်။ ဒါပေမယ့် ဒါမျိုးလွန်လွန်ကဲကဲဖွင့်နေတာတော့ သဘောမကျပါဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

(နားငြီးမခံနိုင်သော ဒေသခံများ)

“တစ်လမ်းလုံး ဒီဒဏ်ကို ခံနေကြရပါတယ်” ဟု အခြားဒေသခံတစ်ဦးက ဆလိုဗက်ခ် သတင်းစာသို့ ပြောကြားသည်။

ရဲတပ်ဖွဲ့က အီဗာအန်ကို ဖမ်းဆီးလိုက်ပြီး အငြိုးထားနှောင့်ယှက်ခြင်းစွဲချက်ဖြင့် အမှုဖွင့်ထားသည်။

ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အကြား ကျခံရဖွယ်ရာ ရှိသည်။

သီချင်းကျယ်လောင်စွာဖွင့်သောကြောင့် အမှုရင်ဆိုင်ရခြင်းတွင် ယခုအမှုမှာ ပထမဆုံးအကြိမ်ကား မဟုတ်သေးချေ။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကလည်း ဝါဆောရှိ ဗြိတိသျှအမျိုးသမီးတစ်ဦးသည် အက်ဒ် ရှီရန်း၏ Shape of You သီချင်းကို ကျယ်လောင်စွာ ဖွင့်လှစ်သောကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရဖူးသည်။

Credit(shweinnlay

Leave a Reply

Your email address will not be published. Required fields are marked *