စကား အကြီးအကြီးပြောပြီးရင် ငါ့ လိုရဲရဲထိုးပါ ထွက်ပြေးမနေပါနဲ့လို့ ဒေ၀ကို ဒဲ့ပြောလိုက်တဲ့ ထွန်းထွန်းမင်း

စ ကားအကြီးအကြီးပြောပြီး ရင် ငါ့လိုရဲရဲထိုးပါ
ထွက်ပြေးမနေပါနဲ့

Close

မင်းထွက်ပြေးနေပုံက တရားခံကိုရဲလိုက်တာကျနေတာပဲနော်
စင်ကပေ၂၀ပဲရှိလို့ ပေ၄၀လောက်သာဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအကူအည်ီယူပြီးဖမ်းခိုင်းမှရမယ်ဒါဏ်ရာပြသနာတွေကနေကျွန်တော် ပြန်လာနိုင်ခဲ့ပြီး

တိုက်စစ်ထိုးရတာကျွန်တော်ကြိုက်တယ်။မကြောက်တဲ့ရင်ရဲရဲထိုး ဆိုင်ထိုးပြိုင်ထိုးရှုံးမှာမကြောက်ဘူ ငါလိုချင်တာ အနိုင်။ရထားတဲ့ အနိုင်ရလဒ်လေးကိုဖက်တွယ်ပြီးထွက်ပြေးနေရမှာကျွန်တော်ရှက်တယ်
ကျွန်တော် ဒေ့ကို တစ်ပွဲလုံးတိုက်စစ်ဖွင့်ဆော့ခဲ့ပါတယ်။သူကျွန်တော့်ကို ကြောက်သွားတဲ့အထိပေါ့။အရပ်အမောင်းကြောင့် အနီးအဝေထိုးနေရပေမယ့် တိုက်စစ်ကိုမရပ်ခဲ့ပါ။

တစ်ကျပ်ပေးဖို့ တစ်မတ်ပေးရတယ်ဆိုတဲ့စကားရှိပါတယ်။ကျွန်တော်တစ်မတ်ပေးတာကို အဟုတ်ကြီးထင်တဲ့အချိန်မှာ ကျွန်တော် တစ်ကျပ်မကယူခဲ့ပါတယ်။
နောက်ဆုံးသုံးချီ လေးချီ

ငါချီးကိုကြည့်ရင်သိနိုင်ပါတယ်။သွေးကြောင်လို့ထွက်ပြေးနေတဲ့အဆင့်က ကမ္ဘာချန်ပီယံလုပ်လို့မရပါဘူ။

ဒေ့ကိုလေးစားပါတယ်။သူရဲ့အရပ်အမောင်းကိုအသုံးချနိုင်မှုကအရမ်းကောင်းပါတယ်။ကျွန်တော်လက်သီးတွေ သူ့မျက်နှာပေါ်ရောက်ရောက်နေတာတောင် သူအရပ်အမောင်းကိုအသုံးချမပြတ်ဘူ။ကြောက်နေတဲ့အချိန်မှာတောင်သူလုပ်သင့်တာကိုဟန်မပျက်လုပ်ခဲ့နိုင်တယ်။

ရုံပြည့်ရုံလျှံအားပေးကြတဲ့ ကျွန်တော်ပရိတ်သတ်တွေ၊ ပွဲမစခင်တဖွဲဖွဲဆုချခဲ့တာကတော့ အားတက်စေတာအမှန်ပါပဲ။

ဒေ့ကိုဘာလို့အလဲမထိုးတာလဲကွားလို့မေးရင်တော့ ကျွန်တော်ပြန်ဖြေရမှာကတော့ သူထွက်ပြေးလို့ပါ။သိက္ခာရှိရှိယောင်္ကျာဆန်ဆန်ထိုးမယ်လို့ကျွန်တော်ထင်ခဲ့ပေမယ့်သူထွက်ပြေးနေခဲ့ပါတယ်။ကျွန်တော်သာဝင်မထိုးရင်သူရပ်နေမယ့်ပုံပဲဗျ။ ရထားတာလေးကိုပဲ ကျေနပ်နေပုံရတယ်။ကျွန်တော်အရိုးသားဆုံးဝန်ခံရရင်စိတ်မကောင်းဘူဗျာ။ထွက်ပြေးနေတဲ့အဆင့်ကို

မြန်မာလက်ဝှေ့လို့ပြောရမှာကျွန်တော်ရှက်ပါတယ်။ဒါကြောင့်တစ်ပွဲလုံးတိုက်စစ်သက်သက်ကစားခဲ့ ကစားပေးပြီး ပရိတ်သတ်တွေအတွက် ရသမြောက်တဲ့ ပွဲတစ်ပွဲ ဖြစ်စေခဲ့ပါတယ် ။

ဒေ့ကတော့ဘာမှမရလဲအရင်ပဲဆိုပြီးရပ်နေပေမယ့် ကျွန်တော်ကပဲ ပရိတ်သတ်ကြိုက်အောင်အနာခံပြီးဦးဆောင်ကစားခဲ့ရပါတယ်။

ဖြစ်နိုင်ရင် မြန်မာလက်ဝှေ့စစ်စစ်ကိုအချိန်ယူလေ့ကျင့်စေချင်တယ်။
ပြီးတော့မှ ကမ္ဘာပတ်ပြီး မြန်မာလက်ဝှေ့ကိုဖြန့်စေချင်တယ်။အခုလောက်နဲ့ ကမ္ဘာပတ်ပြနေတာက မြန်မာ့ရိုးရာလက်ဝှေ့အတွက်

ရှက်ဖို့ကောင်းပါတယ်။ရိုရာလက်ဝှေ့စစ်စစ်ကို လာသင်ယူလိုက်ပါအုန်း။
အတိုးအရှည်ကွာတာတောင် တစ်ချက်ချင်းဝင်ဝင်လာနေနဲ့ ငါ့ရဲ့လက်သီးတွေကို အခွင့်ရှိရင် ပညာပေးလက်ဆင့်ကမ်းချင်ပါသေးတယ်။

နောက်ဆုတ်ပြေးတာတွေကိုချည်းပဲလေ့မကျင့်ပါနဲ့ ရိုရာလက်ဝှေ့မှာသရေရလဒ်ကဘာမှလုပ်လို့မရပါဘူ။ချန်ပီယံလုပ်ချင်ရင် တိုက်စစ်ပြောင်ဆော့သင့်တယ်။

မြန်မာလက်ဝှေ့က အဆင့်အတန်းတစ်ခုအထိ နိုင်ငံတကာကိုရောက်နေပါပြီး။အတင်ကြီးမိတ်ဆက်စရာမလိုတော့ပါဘူ။မြန်မာလက်ဝှေ့နဲ့အောင်မြင်ချင်တယ်ဆိုနိုင်အောင်ထိုးပြပါ။

ဒေ့ရေ…

ငါတို့နိုင်ငံမှာလာကစားပေးတာကျေးဇူးတင်ပါတယ်။ငါတို့အလံကိုကိုယ်စာပြုပေးတာလဲကျေဇူတင်ပါတယ်။ငါတို့မြန်မာ့လက်ဝှေ့ကတစ်ယောက်ကောင်းနဲ့ဘယ်တော့မှမတိုးတက်ဘူ။လူတစ်ဦးတစ်ယောက်တည်းကိုလဲကိုယ်စားမပြုဘူ။အကြီးအငယ်အလယ်အလတ် အားလုံးကြိုးစားကြပြီး ကမ္ဘာအဆင့်အတန်းတစ်ခုကိုရောက်နေပါပြီး။အဆင်သင့်ခူးခပ်စားရုံပါ။

ပရိတ်သတ်တွေလဲနားလည်ပါစေဗျာ…ကျွန်တော်က အကြိမ်ကြိမ်လဲကျခဲ့ပေမယ့် ပြန်ထနိုင်ခဲ့တယ်။အတိုက်အခိုက်တွေ ဖိအားတွေကြာထဲကနေကြိမ်ကြိမ်ပြန်လာနိုင်ခဲ့တယ်။ကိုယ့်အနားမှာ တစ်ယောက်မှမရှိတော့တဲ့အခြေအနေကနေ ကျွန်တော်ပြန်လာနိုင်ခဲ့ပါပြီ။လဲကျတိုင်းပြန်ထနိုင်ရမှာပါ။

ဒီစာကိုဖတ်နေသူတွေကိုလဲပြောချင်ပါတယ်…နှလုံးသားထဲကနေအနိုင်လိုချင်နေသေးသရွှေမရှုံးပါဘူ။

ပြီးခဲ့တဲ့ ပွဲမှာ ကျွန်တော့် စွမ်းဆောင်ရည်တွေကို ကျွန်တော် သဘောကျတယ် ။
ကျွန်တော်ဒါဏ်ရာကနေကောင်းပြီးပြန်ထိုးခဲ့တဲ့ သုံးပွဲမှာ

ဒီပွဲကိုအကြိုက်ဆုံးပါပဲ။ခြေထောက်တွေကိုလဲစိတ်ကြိုက်ကန်ပြလိုက်လို့ အာလုံး အံအားသင့်စေခဲ့ပါတယ်။ပြိုင်ဖက်တွေကြောက်စရာကောင်းလောက်အောင် ကျွန်တော်ကောင်းလာပြီးဆိုတာ ဒေ့နဲ့ပွဲကသက်သေပါပဲ ခင်ဗျ…

ထွန်းထွန်းမင်း(မြန်မာ)

About ​ရွှေ မိုး ညို

View all posts by ​ရွှေ မိုး ညို →

Leave a Reply

Your email address will not be published. Required fields are marked *