ႏိုင္ငံဆင္းရဲ၍ မ်က္ႏွာငယ္ အပင္ပန္းခံ လုပ္ေနရ၊ အိမ္နီးခ်င္းမ်ား အႏိုင္က်င့္ခ်င္ၾကဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံသည္ ဆင္းရဲ၍ မ်က္ႏွာငယ္ အပင္ပန္းခံ အလုပ္လုပ္ေနၿပီး အိမ္နီးခ်င္းမ်ားကလည္း အႏိုင္က်င့္ခ်င္ၾကေၾကာင္း ယမန္ေန႔ စာေရးဆရာမ်ားႏွင့္ညစာစားပြဲတြင္ ေျပာဆိုလိုက္သည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံခြင့္ရရွိသည့္ စာေရးဆရာမ်ားထဲတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ စာေရးဆရာတင္ၫႊန႔္က ေဒၚေအာင္ဆန္းစုၾကည္ ထိုသို႔ ေျပာဆိုေၾကာင္း သူ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည့္ “သဇင္ေတြေဝတဲ့ည” ေခါင္းစဥ္ျဖင့္ မိတ္ဆုံစားပြဲ အေတြ႕အႀကဳံတြင္ ေဖာ္ျပထားသည္။

“က်မတို႔က ဆင္းရဲတယ္ေလ။ ဆင္းရဲေတာ့ မ်က္ႏွာငယ္ရတာေပါ့။ ဆင္းဆင္းရဲရဲနဲ႔ လႈပ္ရွားေနရတာပဲ။ အပင္ပန္းခံၿပီး လုပ္ၾကရေတာ့မွာပဲ။ အားလုံးေကာင္းဖို႔ေပါ့။ က်မတို႔က အားနည္းေတာ့ အိမ္နီးခ်င္းေတြကလည္း အႏိုင္က်င့္ခ်င္ ၾကတယ္။ အားႀကီးသူက အားနည္း သူေတြ အႏိုင္က်င့္တာ သဘာဝပဲ။ ဒါေပမဲ့ က်မက အဲသည္လို အႏိုင္က်င့္တာ ဘယ္ေတာ့မွ ငုံ႔မခံဘူး”ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုသည္။

ေဒၚေအာင္ဆန္းစုုၾကည္သည္ တစ္ႏုုိင္ငံလုုံးမွ စာေရးဆရာ ၆၅ ဦးကုုိ ေနျပည္ေတာ္သုုိ႔ ဖိတ္ေခၚ၍ ညစာစားပြဲက်င္းပ ေတြ႕ဆုုံခဲ့ျခင္းျဖစ္ၿပီး ယေန႔ နံနက္ပုုိင္းတြင္ “စာတတ္သူတိုင္းစာဖတ္ေရး ”ဆိုသည့္ လႈပ္ရွားမႈအခမ္းအနားကို ေနျပည္ေတာ္ MICC2 ခန္းတြင္ က်င္းပျပဳလုုပ္မည္ျဖစ္သည္။

Photo Credit- ႏုုိင္ငံေတာ္အတုုိင္ပင္ခံရုုံး

Unicode

နိုင်ငံဆင်းရဲ၍ မျက်နှာငယ် အပင်ပန်းခံ လုပ်နေရ၊ အိမ်နီးချင်းများ အနိုင်ကျင့်ချင်ကြဟု ဒေါ်အောင်ဆန်းစုကြည်ပြော

———————————————

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဆင်းရဲ၍ မျက်နှာငယ် အပင်ပန်းခံ အလုပ်လုပ်နေပြီး အိမ်နီးချင်းများကလည်း အနိုင်ကျင့်ချင်ကြကြောင်း ယမန်နေ့ စာရေးဆရာများနှင့်ညစာစားပွဲတွင် ပြောဆိုလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိသည့် စာရေးဆရာများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော စာရေးဆရာတင်ညွှန့်က ဒေါ်အောင်ဆန်းစုကြည် ထိုသို့ ပြောဆိုကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည့် “သဇင်တွေဝေတဲ့ည” ခေါင်းစဉ်ဖြင့် မိတ်ဆုံစားပွဲ အတွေ့အကြုံတွင် ဖော်ပြထားသည်။

“ကျမတို့က ဆင်းရဲတယ်လေ။ ဆင်းရဲတော့ မျက်နှာငယ်ရတာပေါ့။ ဆင်းဆင်းရဲရဲနဲ့ လှုပ်ရှားနေရတာပဲ။ အပင်ပန်းခံပြီး လုပ်ကြရတော့မှာပဲ။ အားလုံးကောင်းဖို့ပေါ့။ ကျမတို့က အားနည်းတော့ အိမ်နီးချင်းတွေကလည်း အနိုင်ကျင့်ချင် ကြတယ်။ အားကြီးသူက အားနည်း သူတွေ အနိုင်ကျင့်တာ သဘာဝပဲ။ ဒါပေမဲ့ ကျမက အဲသည်လို အနိုင်ကျင့်တာ ဘယ်တော့မှ ငုံ့မခံဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုုကြည်သည် တစ်နုုိင်ငံလုုံးမှ စာရေးဆရာ ၆၅ ဦးကုုိ နေပြည်တော်သုုိ့ ဖိတ်ခေါ်၍ ညစာစားပွဲကျင်းပ တွေ့ဆုုံခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ပုုိင်းတွင် “စာတတ်သူတိုင်းစာဖတ်ရေး ”ဆိုသည့် လှုပ်ရှားမှုအခမ်းအနားကို နေပြည်တော် MICC2 ခန်းတွင် ကျင်းပပြုလုုပ်မည်ဖြစ်သည်။

Photo Credit- နုုိင်ငံတော်အတုုိင်ပင်ခံရုုံး

About ​ေရႊ မိုး ညိဳ

View all posts by ​ေရႊ မိုး ညိဳ →

Leave a Reply

Your email address will not be published. Required fields are marked *