လိုက္ဟဲဗီးဝိတ္ခါးပတ္ကာကြယ္ပြဲအျဖစ္ ကမ္နဲ႔ ျပန္ထိုးရမယ့္ ေအာင္လအန္ဆန္

မစ္ဒယ္ဝိတ္နဲ႔ လိုက္ဟဲဗီးဝိတ္ေရႊခါးပတ္ခ်န္ပီယံ ေအာင္လအန္ဆန္အေနနဲ႔ လာမယ့္ ၂၀၁၉ မတ္လအတြင္း ခါးပတ္ကာကြယ္ပြဲတစ္ခု ထိုးသတ္သြားဖို႔ ရွိပါတယ္။ လိုက္ဟဲဗီးဝိတ္ခါးပတ္ကို ကာကြယ္မယ္လို႔ ေအာင္လအန္ဆန္က ထုတ္ေဖ္ာေျပာထားၿပီး အခုအခါမွာေတာ့ ၿပိဳင္ဖက္ထြက္ေပၚလာပါၿပီ။

ေအာင္လအန္ဆန္ရဲ့ လိုက္ဟဲဗီးဝိတ္ခါးပတ္ကို စိန္ေခၚသူကေတာ့ ၂၀၁၈ ခုႏွစ္တုန္းက ေအာင္လကို မစ္ဒယ္ ဝိတ္ခါးပတ္ပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ဂ်ပန္လူမ်ိဳး ဖိုက္တာ ကမ္ဟာဆီဂါဝါက ျပန္လည္စိန္ေခၚထားတာလို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ Fight Game Aisa သတင္းဌာနက ထုတ္ျပန္ထားတာ ျဖစ္ၿပီး One Championship ရဲ့ သတင္းထုတ္ျပန္ခ်က္အရ သိရတာလည္း ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ေအာင္လအန္ဆန္အေနနဲ႔ ဒီပြဲကို ၂၀၁၉ မတ္လ ၃၁ ရက္ေန႔မွာ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕တြင္ ထိုးသတ္သြားဖို႔ အတြက္လည္း One Championshipက စီစဥ္ထားၿပီး ဒီပြဲရဲ့ နာမည္ကိုေတာ့ A NEW ERA လို႔ အမည္ေပးထား ပါတယ္။

ေအာင္လနဲ႔ ကမ္တို႔က ၂၀၁၈ ဇြန္လတုန္းက ျမန္မာနိုင္ငံမွာ မစ္ဒယ္ဝိတ္ခါးပတ္အတြက္ ထိုးသတ္ခဲ့ၾကၿပီး အဲ့ဒီ တုန္းကေတာ့ ေအာင္လက ၅ ခ်ီေျမာက္မွာ ပြဲသိမ္းလက္သီးနဲ႔ အလဲထိုးၿပီး ကမ္ကို အနိုင္ယူထားတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေအာင္လအန္ဆန္နည္းတူ အျခား တြဲဆိုင္း ၅ ဆိုင္းလည္း ထြက္ေပၚႏွင့္ၿပီလို႔သိရၿပီး ဒီထဲကမွ ခါးပတ္ တြဲဆိုင္းေတြအျဖစ္ အမ်ိဳးသမီး ၿပိဳင္ပြဲမွာ စတားဝိတ္ခ်န္ပီယံ “The Panda” Xiong Jing Nan က အက္တမ္ဝိတ္ခ်န္ပီယံ အိန္ဂ်လာလီနဲ႔ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။

ဒီတြဲဆိုင္းကေတာ့ ၿပီးခဲ့တဲ့နိုဝင္ဘာလက စင္ကာပူမွာ ထိုးသတ္ဖို႔ စီစဥ္ခဲ့ေပမယ့္ လီရဲ့ ေက်ာကုန္းဒဏ္ရာေၾကာင့္ ပြဲရပ္ထားရတဲ့ ပြဲလည္း ျဖစ္ပါတယ္။ ေနာက္ထပ္ ခါးပတ္ တြဲဆိုင္း တစ္တြဲကေတာ့ Eduard “Landslide” Folayan က ဂ်ပန္က Shinya “Tobikan Judan” Aoki နဲ႔ လိုက္ဟဲဗီးဝိတ္ခါးပတ္ကို ထိုးသတ္သြားၾကမွာ ျဖစ္ပါတယ္။ေအာင္လအန္ဆန္ကေတာ့ မစ္ဒယ္ဝိတ္ခါးပတ္ကို ၂ ႀကိမ္တိတိ ကာကြယ္ထားၿပီး ကာကြယ္ထားနိုင္သလို အခု တစ္ႀကိမ္ လိုက္ဟဲဗီးဝိတ္ခါးပတ္ကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ႏွစ္ဆန္းပိုင္းကတည္းက ဘရာဇီးသား မခ်ာဒိုကို အနိုင္ယူၿပီး ရယူထားတာ ျဖစ္ကာ ပထမဆုံး အႀကိမ္ ျပန္လည္ကာကြယ္တာလည္း ျဖစ္ပါတယ္။

( burmese.asia)

ဗဟုသုတ(www.bahututa)

=================

မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ချန်ပီယံ အောင်လအန်ဆန်အနေနဲ့ လာမယ့် ၂၀၁၉ မတ်လအတွင်း ခါးပတ်ကာကွယ်ပွဲတစ်ခု ထိုးသတ်သွားဖို့ ရှိပါတယ်။ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ကာကွယ်မယ်လို့ အောင်လအန်ဆန်က ထုတ်ဖေ်ာပြောထားပြီး အခုအခါမှာတော့ ပြိုင်ဖက်ထွက်ပေါ်လာပါပြီ။

အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို စိန်ခေါ်သူကတော့ ၂၀၁၈ ခုနှစ်တုန်းက အောင်လကို မစ်ဒယ် ဝိတ်ခါးပတ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဂျပန်လူမျိုး ဖိုက်တာ ကမ်ဟာဆီဂါဝါက ပြန်လည်စိန်ခေါ်ထားတာလို့ သိရပါတယ်။

ဒီသတင်းကိုတော့ Fight Game Aisa သတင်းဌာနက ထုတ်ပြန်ထားတာ ဖြစ်ပြီး One Championship ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရတာလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ အောင်လအန်ဆန်အနေနဲ့ ဒီပွဲကို ၂၀၁၉ မတ်လ ၃၁ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ထိုးသတ်သွားဖို့ အတွက်လည်း One Championshipက စီစဉ်ထားပြီး ဒီပွဲရဲ့ နာမည်ကိုတော့ A NEW ERA လို့ အမည်ပေးထား ပါတယ်။

အောင်လနဲ့ ကမ်တို့က ၂၀၁၈ ဇွန်လတုန်းက မြန်မာနိုင်ငံမှာ မစ်ဒယ်ဝိတ်ခါးပတ်အတွက် ထိုးသတ်ခဲ့ကြပြီး အဲ့ဒီ တုန်းကတော့ အောင်လက ၅ ချီမြောက်မှာ ပွဲသိမ်းလက်သီးနဲ့ အလဲထိုးပြီး ကမ်ကို အနိုင်ယူထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်နည်းတူ အခြား တွဲဆိုင်း ၅ ဆိုင်းလည်း ထွက်ပေါ်နှင့်ပြီလို့သိရပြီး ဒီထဲကမှ ခါးပတ် တွဲဆိုင်းတွေအဖြစ် အမျိုးသမီး ပြိုင်ပွဲမှာ စတားဝိတ်ချန်ပီယံ “The Panda” Xiong Jing Nan က အက်တမ်ဝိတ်ချန်ပီယံ အိန်ဂျလာလီနဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဒီတွဲဆိုင်းကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလက စင်ကာပူမှာ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် လီရဲ့ ကျောကုန်းဒဏ်ရာကြောင့် ပွဲရပ်ထားရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ နောက်ထပ် ခါးပတ် တွဲဆိုင်း တစ်တွဲကတော့ Eduard “Landslide” Folayan က ဂျပန်က Shinya “Tobikan Judan” Aoki နဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။အောင်လအန်ဆန်ကတော့ မစ်ဒယ်ဝိတ်ခါးပတ်ကို ၂ ကြိမ်တိတိ ကာကွယ်ထားပြီး ကာကွယ်ထားနိုင်သလို အခု တစ်ကြိမ် လိုက်ဟဲဗီးဝိတ်ခါးပတ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက ဘရာဇီးသား မချာဒိုကို အနိုင်ယူပြီး ရယူထားတာ ဖြစ်ကာ ပထမဆုံး အကြိမ် ပြန်လည်ကာကွယ်တာလည်း ဖြစ်ပါတယ်။

( burmese.asia)

About ​ေရႊ မိုး ညိဳ

View all posts by ​ေရႊ မိုး ညိဳ →

Leave a Reply

Your email address will not be published. Required fields are marked *