ချစ်သူရဲ့လက်ကို တင်းတင်းဆုပ်ပြီး စင်္ကာပူက ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပိုင်ဖြိုးသု

စာရေးဆရာမကြီး ကြည်အေးရဲ့ “မီ” ဝတ္တုကို ဒါရိုက်တာဏကြီးက အကောင်းဆုံးပုံဖော်ရိုက်ကူးခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ ချီးကျူးသံတွေများစွာနဲ့ နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စင်္ကာပူမှာ ပြသနေတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ စုံတွဲလေးက စင်္ကာပူက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက အဓိက မင်းသမီးဖြစ်တဲ့ ပိုင်ဖြိုးသုက ဒါရိုက်တာဖြစ်တဲ့ ချစ်သူ ဏကြီးရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး ချစ်ရတဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ကြီး တွေ့ဆုံခဲ့ကြတာပါ။

မိုမိုလေးချစ်ပရိသတ်တွေအတွက် စင်္ကာပူက ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ပျော်နေကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ အေးချမ်းတဲ့ အချစ်ရေးကို ဖန်တီးထားကြတာပဲ ဖြစ်ပါတယ်။

ချစ်သူရဲ့လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားတဲ့ ချစ်စရာမင်းသမီးလေး သုသု

စင်္ကာပူခရီးစဉ်လေးအကြောင်းကိုတော့ ပိုင်ဖြိုးသုက “စင်္ကာပူ နေ့ချင်းပြန် trip လေး 😬😬😬 မျက်နှာမငယ်ရအောင်အားပေးပေးခဲ့ကြတဲ့ Singapore ‘မီ’ ပရိတ်သတ်အားလုံးကို ကျေးဇူးအထူးတင်ပါတယ် 🙏🙏🙏နောက်ထပ်ပိုမိုကောင်းမွန်တဲ့ရုပ်ရှင်ကားတွေရိုက်ကူးနိုင်အောင်ကြိုးစားပါ့မယ် 🙏” ဆိုပြီး ‘မီ’ ပရိသတ်တွေအတွက် ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

ပိုင်ဖြိုးသုကတော့ သူမအပေါ်မှာ အမြဲသည်းခံ စိတ်ရှည်စောင့်ရှောက်ပေးတဲ့ ချစ်ခင်ပွန်းလောင်းရဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ သူမကတော့ ” အများကြီးတော့မပြောတော့ဘူး…. ပြောလိုက်ရင် wedding vow မှာပြောစရာမကျန်တော့မှာစိုးလို့ …..😬😬😬 ‘သုသု’ ဆိုတဲ့ရူးကြောင်ကြောင် ဂေါက်တောက်တောက် ဝက်ဂျပုလေးကို အမြဲသည်းခံ စိတ်ရှည် စောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးပါ ❤️❤️❤️” ဆိုပြီး ချစ်သူကို ကျေးဇူးတင်စကား ဆိုထားခဲ့တာပါ။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ နှစ်ဦးကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၁) ရက်နေ့က စေ့စပ်ခဲ့ကြတာဖြစ်ပြီး လတ်တလောမှာတော့ လက်ထပ်ဖို့အတွက်လည်း ပြင်ဆင်နေကြတာဖြစ်ပြီး အချိန်လည်း သိပ်မလိုတော့ဘူးလို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ဦး ရှေ့ဆက်ပြီးတော့ စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေ ဆက်တိုက် ပြုလုပ်နိုင်ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

About ​ရွှေ မိုး ညို

View all posts by ​ရွှေ မိုး ညို →

Leave a Reply

Your email address will not be published. Required fields are marked *