20.12.2018 မှ 26.12.2018အထိ တစ်ပတ်စာ ဟောစာတမ်းကြီးလာပြီ

တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း( 20.12.2018 မှ 26.12.2018အထိ)

တနင်္ဂနွေ….

ဒီကာလမှာတော့ မိမိရဲ့မိသားစုအရေးကိစ္စများအိမ်တွင်းရေးကိစ္စများ၊ ဆွေမျိုးသားချင်းတွေရဲ့အရေးကိစ္စများ နဲ့ အချိန်ကုန်ရတတ်ပါတယ်။ အိမ်ပြောင်း၊အိုးပြောင်း၊ အလုပ်နေရာပြောင်းဆိုတာမျိုးတွေ တွေ့ရကြုံရတတ်ပါတယ် ။ရှေ့တိုးဆောင်ရွက်ပြီး လုပ်ရမဲ့အလုပ်စီးပွားကိစ္စတိုင်းမိမိငွေနဲ့ နိုင်မနိုင်ချိန်ဆပြီးမှလုပ်ပါ။

စာချုပ်ချုပ်ခြင်းများ ၊ အရေကြီးတဲ့ ဆုံးဖြတ်ချက်များချမှတ်ခြင်းမျိုးဒီနေ့မှာ ဆောင်ရွက်လို့မကောင်းသေးပါဘူး။ အောက်လက်ငယ်သား တွေကို အရမ်းဖိနှိပ်တာမျိုး၊အပေါ်စီးက ဆက်ဆံတာမျိုးရှောင်ပါ။ အောက်လက်ငယ်သားတွေက တော်လှန်တတ် တဲ့နေ့ရက်ပါပဲ။ ဒီအပတ်အတွင်း မိမိတို့အနေနဲ့ ဒီအတိုင်းနေရင်အကောင်းပါ။

သာမန်ထက်ပိုတဲ့ စွန့်စားခြင်းတွေ ကိုတော့ရှောင်လိုက်စေချင်ပါတယ်။ကျန်းမာရေးကံ ကောင်းပါတယ်။ အိမ်ထောင်ရေးချမ်းမြေ့သာယာပါလိမ့်မယ်။ အချစ်ရေးမှာချစ်သူအပေါ်စိတ်ကုန်နေတတ်ပါတယ်။ လက်ရှိချစ်သူထက် ချစ်သူသစ်ရည်းစားသစ်အပေါ်မှာစိတ် ရောက်နေတတ်ပါတယ်။ ပညာရေးကတော့ မိမိကိုယ်တိုင်စိတ်ပါဝင်စားဖို့ကအဓိကပါပဲ။

အကျိုးပေးဂဏန်း 3/2/6 ……အထူးဟော သူများကိစ္စတွေနဲ့ အချိန်ကုန်ရတတ်ပါတယ်။ယတြာ ….ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ ခေါင်းလျှော်ခြင်းများ မွေးနေ့မှာလုပ်လိုက်ခြင်းဖြင့် ကံကောင်းလာတတ် ပါတယ်။

တနင်္လာ….

ဒီလိုနေ့ရက်တွေမှာ မိမိအတွက်သူများစကားတွေအပေါ်မှာ အာရုံဝင်သွားမိရင်အမှားတွေလုပ်မိတတ်ပါ တယ်။ငွေကြေးစီမံခန့်ခွဲမှုတွေ နားလည်ဖို့လိုသလို ငွေကြေးနဲ့ပက်သက်ပြီးတော့ ငွေပေး၊ငွေယူကိစ္စများ ငွေကြေး ချေးငှားခြင်းများကိုရှောင်သင့်ပါတယ်။ ကျန်းမာရေးကတော့ မိမိအတွက် သတိထားရမဲ့နေ့ရက်တွေပါပဲ။ ခုခံအား နည်းနေတတ်ပါတယ်။

လေထဲပြန့်နေတဲ့ရောဂါပိုးတွေဝင်ရောက်လွယ်ပါတယ်။ လူထူထပ်တဲ့နေရာတွေသွားတာ မျိုး၊ဆေးရုံးဆေးခန်းသွားတာမျိုးတတ်နိုင်သလောက်ရှောင်လိုက်ပါ။ လူငယ်များ အလုပ်ပေါ်မှာအာရုံနှစ်မရဖြစ်နေ ပါလိမ့်မယ်။ လုပ်တာနဲ့ ရတဲ့လုပ်အားခနဲ့ မတန်ဘူးလို့ ထင်နေမိတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်အော်ဒါ တွေများတာကြောင့် လူပင်ပန်းဖြစ်ရတတ်ပါတယ်။

စိတ်လွတ်ကိုယ်လွတ်နေတတ်သူများ ဒုက္ခများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ဆိုးဆိုးဝါးဝါးအနေအထားမျိုးမတွေ့ရပါဘူး။ အိမ်ထောင်ရေးသာယာဖို့များပါတယ်။ အချစ် ရေးမှာတော့ အလုပ်များတာကြောင့် ချစ်သူနဲ့ တွေ့ရဆုံရဖို့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ပညာရေးကံကတော့ ကောင်းပေမဲ့ မိမိက ဆရာသင်ပြတာကို နားမလည်သလိုခံစားရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/8….အထူးဟော အလုပ်တာဝန်တွေပိနေတတ်ပါတယ်။ ယတြာ ….မိဘမဲ့ဂေဟာများကို တတ်နိုင်သလောက်ငွေကြေးထောက်ပံ့လိုက်ပါ။

အင်္ဂါ…..

ဒီကာလမှာတော့ မိမိရဲ့လုပ်ဆောင်ချက်တွေက အားရစရာကောင်းအောင်ပြောင်မြောက်နေတတ်ပါတယ်။ မိမိရဲ့စူးစမ်းမှု ၊အာရုံစိုက်ထားမှုတွေက ဒီကာလမှာကောင်းကောင်းအကျိုးပြုပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း များ၊စားသောက်ကုန်လုပ်ငန်းများလုပ်ကိုင်ကြသူတွေကတော့ အထူးအဆင်ပြေနိုင်တဲ့ကာလပါပဲ။

လက်ဖွဲ့ များ ၊အဆောင်များပြုလုပ်ခြင်း၊ ဆေးပေါက်ခြင်းများလဲ ဒီကာလမှာလုပ်ဆောင်နိုင်ပါတယ်။ ၀န်ထမ်းခန့်အပ်ခြင်းများ ဆောင်ရွက်လို့အဆင်ပြေမှာပါ။ တိရိစ္ဆာန်များလဲ စတင်မွေးမြူလို့ကောင်းမွန်တဲ့ ကာလပါပဲ။ ဒီလိုနေ့တွေမှာ အရေးကြီးတဲ့အလုပ်များ၊ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများ အဆင်ပြေအောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ကျန်းမာရေးလဲ ကောင်းနေမှာပါ။ ဆေးစစ်၊သွေးစစ်ဆိုတာမျိုးတွေလုပ်ကိုင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက် သက်ရင်တော့ အနည်းငယ်အားနည်းချက်လေးတွေရှိနေတတ်ပါတယ်။ ပွင့်လင်းမြင်သာမှုတွေ တစ်ယောက်နဲ့ တစ်ယောက်မရှိတာကအဓိကပါပဲ။ အချစ်ရေးအတွက်အဆင်ပြေ စိတ်ချမ်းသာရမဲ့နေ့ရက်တွေပါပဲ။ ပညာရေးမှာ မိမိက အာရုံစိုက်ထားနိုင်တာကြောင့် သင်လွယ်တတ်လွယ်ဖြစ်နေမှာပါ။

အကျိုးပေးဂဏန်း ၃၊၅၊၈….အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ….စိတ်လေ့ကျင့်ခန်းများပြုလုပ်ပါ။

ဗုဒ္ဓဟူး/ရာဟု….

ဒီလိုကာလတွေမှာ မိမိစိတ်ကို တာဝန်တွေဝတ္တရားတွေကို ခဏမေ့ပြီး စိတ်အပန်းပြေအောင်နေသင့်တဲ့နေ့ ရက်တွေပါပဲ။ ရက်ပေါင်းများစွာ ပင်ပန်းနွမ်းနည်းခဲ့တာတွေကို ဒီကာလမှာ အနားယူခြင်းဖြင့် အချိန်ကုန်လိုက်ပါ။ အပျော်ခရီးများ၊ အပန်းဖြေခရီးများသွားဖို့ အကြောင်းဖန်လာရင်အလုပ်မှာခွင့်ယူပြီး နောက်ကြောင်းရှင်းရှင်းနဲ့သွား လိုက်ပါ။

ချစ်သူမရှိသေးသူများ မိမိရင်ကိုလှုပ်ခတ်သွားစေမဲ့ ချစ်ရသူမျိုးကို တွေ့တတ်ပါတယ်။ ကြိုးစားကြည့်ပေါ့။ ရွှေငွေလက်ဝတ်ရတနာများ ၀ယ်ယူခြင်း၊ စတင်ဝတ်ဆင်ခြင်းမျိုးက ကျက်သရေကိုတိုးစေတဲ့ကာလမျိုးပါပဲ။ အနည်းငယ်သတိထားစေချင်တာက ကျန်းမာရေးပါ။ ကျန်းမာရေးမှာတော့ ဆီးချုပ်၊၀မ်းချူပ်ဖြစ်ရတတ်ပါတယ်။

အစာကြေရန်ခက်ခဲသော အစားအသောက်များ ရှောင်စေချင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးလဲ ပုံမှန်လေးတော့ တိုးတတ်မှာပါ။ လက်ဆောင်များ အမှတ်တရပစ္စည်းများ ရတတ်တဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးကံကောင်းနေ မဲ့ကာလပါ။ ပညာရေးမှာတော့ သူငယ်ချင်းတွေဝိုင်းဖွဲ့စာကျက်တာ ဆွေးနွေးတိုင်ပင်တာမျိုးတွေ လုပ်ဆောင်သင့် တဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း 5/6/4…အထူးဟော အမှတ်ရစရာတွေများတဲ့နေ့ရက်တွေပါပဲ။ ယတြာ ….လက်ဖက်သုပ်ပြီး မိတ်ဆွေတွေကို ဝေငှကျွေးလိုက်ပါ။

ကြာသပတေး….

အခက်အခဲကြားကရုန်းကန်ရလိမ့်မယ်။လေထဲတိုက်အိမ်ဆောက်မဲ့အတွေးစိတ်ကူးတွေကိုလျှော့ပါ။ မည်သူ ကိုမှမယုံကြည်သင့်ပါဘူး။မိမိဆုံးဖြတ်ချက်နှင့်သာအရာရာရှေ့တိုးဆောင်ရွက်သင့်ပါတယ်။လုပ်ငန်းတူစီးပွားတူများရဲ့တိုက်ခိုက်ခြင်းကိုခံရတတ်ပါတယ်။ ၀န်ထမ်းများလုပ်ဖောက်ကိုင်ဖက်တွေရဲ့မနာလိုမှုတွေ ကြုံရတတ်ပါတယ်။ စက်ပစ္စည်းအသစ်တွေလဲ ၀င်လာတတ်ပါတယ်။

ခရီးဝေးသွားပြီးစီးပွားရှာလို့တော့မသင့်သေးပါဘူး။ နိုင်ငံခြားကံ မကောင်းသေးတဲ့ကာလပါပဲ။စီစဉ်ထားတဲ့ခရီးကိစ္စတွေရှိရင်ပျက်သွားတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီရက် တွေမှာ အကောင်းဆုံးကာလထဲရောက်နေပါလိမ့်မယ်။စားဝင်အိပ်ပျော်မဲ့ကာလပါပဲ။ အချစ်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းမြေ့မဲ့ကာလပါပဲ။ချစ်သူနှစ်ဦးနားလည်မှုတွေအသီးသီးရှိနေမဲ့ကာလပါပဲ။

အိမ်ထောင်ရေး ကတော့အဆင် ပြေပါလိမ့်မယ်။အိမ်ထောင်ဘက်ကြောင့်စိတ်ချမ်းမြေ့ရမဲ့ကာလပါပဲ။ပညာရေးမှာတော့ အားနည်းချက်တွေ များနေတဲ့နေ့ရက်တွေပါပဲ။မိမိကိုယ်တိုင် ဥာဏ်ဝီရိယထား ကြိုးစားမှအဆင်ပြေအောင်မြင်မှုတွေရရှိပါလိမ့်မယ်။

အကျိုးပေးဂဏန်း 6/8/9…အထူးဟော ကံညံ့နေတတ်ပါတယ်။ ယတြာ…သီးစုံဟင်းချက်ပြီး ရဟန်းသံဃာတွေကို ဆွမ်းလောင်းလှူပါ။

သောကြာ….

ဒီကာလဟာ အောင်မြင်မှုတွေခံစားရဖို့ စတင်ကြိုးစားအကောင်အထည်ဖော်မဲ့နေ့ရက်တွေပါပဲ။ ကြိုးစားမှုရဲ့ ရလဒ်တွေကိုချက်ချင်းမခံစားရပေမဲ့ ရေရှည်အတွက် အကျိုးကြီးပါလိမ့်မယ်။ ယုံကြည်ချက်ထားပြီးလုပ်ရတဲ့ အလုပ်များ၊ ကြီးမားတဲ့အဓိဌာန်များ ဒီကာလတွေမှာစတင်သင့်ပါတယ်။ မိခင်၊ကြီးတော်၊အဘွားတွေရှိရင်တော့ ထိုသူတွေရဲ့ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။

လှောင်ကုန်များရောင်း ထွက်ပါလိမ့်မယ်။ လက်လွန်ထားတဲ့ငွေကြေး များပြန်လည်ရရှိတတ်ပါတယ်။ စပ်တူလုပ်ငန်းများ မကောင်းသေး တဲ့ကာလပါပဲ။ အမှုအခင်းပြဿနာများကြုံနေသူ ဆိုဒီကာလမှာဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဆုံးကာလထဲမှာပါ။ ကျန်းမာရေးဒေါင် ဒေါင်မြည်နေပါလိမ့်မယ်။

အချစ်ရေးမှာ အချစ်ဟောင်းထက် အချစ်သစ်ဆိုတာမျိုးကြုံရတတ်ပါတယ်။ နောက်မှာ ပေါက်တဲ့ရွှေကြာပင်ကိုဦးစားပေးနေမိတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ညှိနှိုင်းဆွေးနွေးမှအဆင်ပြေပါ လိမ့်မယ်။မကျေနပ်တာတွေကို မျိုသိပ်မထားသင့်ပါဘူး။ ထီကံများ၊ ကံစမ်းမဲကံများကောင်းနေတတ်ပါတယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။ မိမိကလဲကြိုးစားပေါ့လေ။

အကျိုးပေးဂဏန်း 1/0/6…အထူးဟော ကံသင့်ပါတယ်။ ယတြာ ….ကိုယ်ဝန်ဆောင်သည်များကို ဆေးဝါးဓာတ်စာလှူပါ။

စနေ….

အလုပ်တွေ၊စီးပွားတွေ တိုးတတ်အောင်မြင်နေတာကို အထင်အရှားတွေ့ရမှာပါ။စီးပွားရေးနဲ့ပက်သက်ရင် တော့ အဝေးမှာခွဲလုပ်ထားတဲ့အလုပ်တွေက ပိုမိုအကျိုးအမြတ်ရရှိနိုင်တဲ့ကာလတွေပါပဲ။ငွေကြေး ကိုကောင်းစွာ အသုံးချတတ်သူများကတော့ အတိုင်းထက်အလွန်အဆင်ပြေမှာပါ။ နိုင်ငံခြားသွားဖို့စီစဉ်ထားသူများ ဒီကာလမှာ သတင်းကောင်းကြားရတတ်ပါတယ်။

လူမျိုးခြားဘာသာခြားများနဲ့ ပက်သက်ဆက်နွယ်သောလုပ်ငန်းများ အကျိုး ဖြစ်ထွန်းပါလိမ့်မယ်။ ပွဲစားအလုပ်များ၊ စကားနဲ့ရင်းနှီးလုပ်ကိုင်ရသောအလုပ်များ အထူးကောင်းနေပါလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများ ပျောက်ရှတတ်ပါ တယ်။ မိမိတို့ဆီမှာရှိတဲ့ အဖိုးတန်ပစ္စည်းများ လွယ်လင့်တကူ မထားမိပါစေနဲ့။ ကျန်းမာရေးကတော့ အနည်းငယ်ဂရု စိုက်ဖို့လိုအပ်ပါတယ်။

ကျန်းမာရေးအားနည်းယုတ်လျော့နေ တတ်တဲ့ကာလပါပဲ။ အချစ်ရေးကတော့ အဆိုးဆုံးအနေအထားကိုဦးတည်နေပါလိမ့်မယ်။ တတ်နိုင်သ၍သည်းခံ စေချင်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိနဲ့အိမ်ထောင်ဘက် ဆန်ကျင့်ဘက်တွေဖြစ်နေတာ များနေ တတ်ပါတယ်။ ပညာရေးမှာတော့ ရပ်ဝေးနယ်ခြားမှာ ပညာသင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/2/1…အထူးဟော စီးပွားတိုးတတ်မည်။ ယတြာ ….ထမင်းသုတ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ….။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

Leave a Reply

Your email address will not be published. Required fields are marked *