အမဖြစ်သူ နိုနိုရဲ့ နောက်ဆုံးခရီးမှ ပုံရိပ်လေးတွေကြည့်ရင်း ဝမ်းနည်း ကြေကွဲနေခဲ့ရတဲ့ ခင်ပိုးပန်းချီ

မြန်မာသံအဆိုတော် တေးသံရှင်မလေး ခင်ပိုးပန်းချီဟာဆိုရင် တရားပွဲတွေများစွာမှာ ချိုသာတဲ့အသံလေးနဲ့ တရားတောင်း သီချင်းသီဆိုပေးရင်း လူသိများပြားလာခဲ့ရတဲ့ အဆိုတော်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာဆိုရင် အမဖြစ်သူ ခင်ပြည့်စုံအောင် (ခ) နိုလေး ဆုံးပါးကွယ်လွန်သွားခဲ့တာနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မကောင်း ဖြစ်နေခဲ့ရတာပဲဖြစ်ပါတယ်။ အမဖြစ်သူ နိုနိုဟာ ဒီဇင်ဘာ ၁၇ ရက် ၁၂ လပိုင်း ၂၀၁၈ ခုနှစ် ညနေ ၃ နာရီခွဲတိတိမှာ ဆုံးပါးသွားပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

ခင်ပိုးပန်းချီဟာဆိုရင် အမဖြစ်သူ နိုနိုလေး ဆုံးပါးသွားတာနဲ့ပတ်သက်ပြီး အမအတွက် ရည်စူးပြီး ဘုရားတည်မယ့် အကြောင်းကိုလည်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့တာပဲဖြစ်ပါတယ်။ အမအတွက်နဲ့ စိတ်မကောင်းဖြစ်နေခဲ့ရတဲ့ ခင်ပိုးလေးကတော့ အမရဲ့ အသုဘနောက်ဆုံးပုံရိပ်လေးတွေကို ကြည့်ပြီး စိတ်မကောင်း ဝမ်းနည်းဖြစ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ခင်ပိုးရဲ့ အမဖြစ်သူ နိုနိုရဲ့ ရုပ်အလောင်းကို ၁၉.၁၂.၂၀၁၈ ဗုဒ္ဓဟူးနေ့က ရေးဝေးသုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့တာပဲဖြစ်ပါတယ်။ အမရဲ့ နောက်ဆုံးပုံရိပ် လေးတွေကြည့်ရင်း စိတ်မကောင်း ဖြစ်နေရတဲ့ ခင်ပိုးလေးကတော့ ” မနိုလေးရဲ့ အသုဘက ပုံရိပ်​​လေး​တွေ ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ် စာမျက်နှာကနေ အမရဲ့ နောက်ဆုံးမြင်ကွင်း ပုံရိပ်လေးတွေကို ဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ခင်ပိုးလေးရဲ့အမ ဆို၊ က၊ ရေး၊ တီး ရွှေတံဆိပ်ဆုများရှင် ခင်ပြည့်စုံအောင် (ခ) နိုနိုရဲမောင် အသက် (၂၁)နှစ်ရဲ့ နောက်ဆုံး အသုဘချမယ့် ဝမ်းနည်းစရာကောင်းတဲ့ မြင်ကွင်းပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

အညွန့်တလူလူ ထိုးတက်မယ့် အသက်အရွယ်မှာ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန် သွားခဲ့ရရရှာတဲ့ နိုနိုလေးရဲ့ စိတ်မကောင်းစရာ နောက်ဆုံးမြင်ကွင်းပုံရိပ်

အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရတဲ့ ခင်ပြည့်စုံအောင်ရဲ့ နာရေးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲမိပါတယ်။ နိုနိုရဲ့ ရက်လည်ဆွမ်းကျွေးကို ၂၃.၁၂.၂၀၁၈ တနင်္ဂနွေနေ့နံနက် ၇နာရီမှ ၁၁ နာရီအထိ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အမှတ် (၂၂၄) မင်္ဂလာလမ်းမှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ အရွယ်မတိုင်ခင် ကြွေလွင့်သွားခဲ့ရတဲ့ နိုနိုလေးအတွက် ကောင်းရာသုဂတိလာပါစေကြောင်း ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

About ​ရွှေ မိုး ညို

View all posts by ​ရွှေ မိုး ညို →

Leave a Reply

Your email address will not be published. Required fields are marked *