ယာက်ကျားလေးတိုင်း သိထားသင့်သည့် ဥပဒေများ
လမ်းမှာ သွားရင်း လာရင်း ကောင်မလေးတွေတွေ့လို့ ဟေ့ချစ်ချစ်လို့ ခေါ်ပြီး ပါးစပ်သရမ်းရင် ပုဒ်မ – ၅၀၉ ထောင်ဒဏ် တစ်နှစ်၊
ကားပေါ်မှာ မိန်းကလေးတွေကို မတော်မရော်သွားထိရင် ပုဒ်မ – ၃၅၄ ထောင်ဒဏ် နှစ်နှစ်၊
လင်နဲ့မယား လျှာနဲ့သွားဆိုပြီး မိန်းမကို လက်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၃ ထောင်ဒဏ် တစ်နှစ်၊
ငါ့မိန်းမမို့ ငါရိုက်တာကွာ မင်းနဲ့ဘာဆိုင်လဲ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာကွဆိုပြီး တုတ်နဲ့ရိုက်ရင် ပုဒ်မ – ၃၂၄ ထောင်ဒဏ် သုံးနှစ်၊ ဒါ့အပြင် ပုဒ်မ – ၃၂၆ နဲ့ညှိရင်တော့ ထောင်ဒဏ် နှစ် ၂၀ ၊
မိန်းမနဲ့နွား မသနားနဲ့ကွဆိုပြီး ဒီလိုရိုက်၊ ဒီလိုကန်ဆိုရင် ပုဒ်မ – ၃၂၅ ထောင်ဒဏ် ခုနစ်နှစ်၊
သမီးကညာ အခါမလင့်စေနဲ့စေဆိုပြီး အတင်းအကျပ်ပေးစားရင် ပုဒ်မ – ၃၇၆ ထောင်ဒဏ် နှစ် ၂၀ ၊
ယောက်ျားကောင်း မောင်းမတစ်ထောင်ကွဆိုပြီး မိန်းမရှိလျက်နဲ့ အပျော်မယားရှာရင် ပုဒ်မ – ၁၃ ထောင်ဒဏ် ခုနစ်နှစ်၊
ဒါ့အပြင် ပုဒ်မ – ၁၇ နဲ့ညှိရင် ထောင်ဒဏ် ၁၀ နှစ်၊
Crd by:Han Linn Aung
www.thutastar.net
===================
Crd by:Han Linn Aung