World Champion အောင်လအန်ဆိုင်းရဲ့ ကြေးရုပ်ဖွင့်ပွဲမှာ ပြောခဲ့တဲ့ အမှတ်တရစကားများ (တော်တော့်ကို ကောင်းသော အမှတ်တရစကားလေးပါ)

“ရှုံးနိမ့်တယ်ဆိုတာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး၊ အောင်မြင်ခြင်ရင် အရှုံးကိုလည်း ရင်ဆိုင်နိုင်ရမှာပါပဲ”

(MMA ကမ္ဘာ့ချန်ပီယံ အင်ဆန်အောင်လမှ ၎င်း၏ ကြေးရုပ်တုဖွင့်ပွဲနှင့် ဂုဏ်ပြုဆုတောင်းခြင်းအခမ်းအနားတွင် လူငယ်များအား ခွန်အားပေးပြောဆိုမှုမှ ဘာသာပြန် ကောက်နုတ်ချက်)

“ကျွန်တော်ဟာ မင်းတို့ထက် ဒီမှာရှိနေတဲ့ ကလေးတွေထက် ပိုပြီး ထူးခြားနေတာမဟုတ်ပါဘူး ၊ ဒါပေမယ့် ဘုရားသခင်နှင့်အတူ ကြိုးစားမယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်တယ် ဆိုတာသတိရပါ။ ဒီရုပ်တုကို ကြည့်ရင်လည်း ဒီလိုတွေးစေချင်တယ် ဒူကထောင်ရပ်ကွက်က လူငယ်တစ်ယောက် ရုရှားလူမျိုး ၊ ဂျပန်လူမျိုးတွေကို အောင်မြင်လာနိုင်တယ်ဆိုတာကို ခွန်အားယူစေချင်ပါတယ်။

အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရနိုင်ပါဘူး ကြိုးစားရပါတယ် စိတ်ဓါတ်ခိုင်မာရပါတယ်၊ ကျွန်တော် MMA ကစားတာ ၁၄ နှစ်ကျော်ရှိပြီ ၊ ၂၀၁၇ ရောက်မှ အောင်မြင်မှု World Champion ဖြစ်လာတယ်၊ မအောင်မြင်ခင် ကာလတုန်းက စိတ်ပင်ပန်းမှုဒဏ်တွေခံစားခဲ့ရတယ် ကိုယ်ခန္ဒာအနာတရဒဏ်ရာတွေရခဲ့တယ်၊ ပိုက်ဆံလည်း နည်းနည်းသာရခဲ့တယ်၊ Championship title လည်း တစ်ခုမှမရခဲ့ဘူး၊ ကစားသမားဘဝမှာ ၁၀ ပွဲတိတိရှုံးနှိမ့်ခဲ့တယ် ၊ ရှုံးတိုင်းလည်း အရမ်းခံစားရတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဘာကို lesson ယူနိုင်သလဲဆိုတော့ ဘယ်တော့မှ အရှုံးမပေးဖို့ပါပဲ ၊

ကျွန်တော်တို့အတွက်အောင်မြင်ခြင်းကို ဘုရားသခင်က ပြင်ဆင်ပေးထားပြီးဖြစ်တယ်၊ အခုကျွန်တော် ဖခင်တစ်ယောက်ဖြစ်လာတော့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ပိုနားလည်လာတယ်၊ အဖဘုရားသခင်ဟာ ကျွန်တော်တို့ကို ဘာမဆိုပေးဖို့အဆင်သင့်ရှိနေတယ် ဒါပေမယ့် ကျွန်တော်တို့က ကြိုးစားရမှာဖြစ်တယ်၊ ဘုရားကို ယုံကြည်ရမှာ ဖြစ်တယ်၊

ကျွန်တော်တို့ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ရှိလာမှာပါပဲ ၊ အရှုံးကို ကြုံလာရတဲ့အချိန်မှာ စိတ်ဓါတ်မကျပါနဲ့ ၊ ပြောချင်တာကတော့ ရှုံးနိမ့်တယ်ဆိုတာ ပြီးဆုံးသွားတာ မဟုတ်ပါဘူး၊ အောင်မြင်ခြင်ရင် အရှုံးကိုလည်း ရင်ဆိုင်နိုင်ရမှာပါပဲ ။ အကယ်လို့ ကျွန်တော်က MMA ကို တစ်နှစ်ပဲ ကစားပြီးနားလိုက်ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး ၊ ငါးနှစ်ကစားပြီးနားလိုက်ရင်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊ ၁၂ နှစ်နဲ့ ၅ လကစားပြီး နားလိုက်မယ်ဆိုရင်လည်း ကျွန်တော်ဘာမှ အောင်မြင်မှာ မဟုတ်ပါဘူး၊ ၁၂ နှစ်နဲ့ ၆ လ ဆက်ကစားတော့မှ ကျွန်တော် ကမ္ဘာ့ချန်ပီယံဆိုတာ ဖြစ်လာတာပါ။

ဒါကြောင့် ၁၂ နှစ်ကျော်ကြိုးစားပြီးမှ အောင်မြင်မှုရလာတယ် ဆိုတာ lesson တစ်ခုပါပဲ၊ ကျွန်တော်တို့ အောင်မြင်ချင်တယ်ဆိုရင် လက်ရှိခဏသာ ပျော်ရွှင်မှုကိုပဲ မရှာပါနဲ့ ၊ အောင်မြင်ဖို့ဆိုရင် မူးယစ်ဆေးဝါး အရက် ဆေးလိပ် သောက်စားတာတွေကို ရှောင်ဖို့ အလွန်အရေးကြီးပါတယ်၊ ခဏသာပျော်ရွှင်မှုကိုပဲ မက်မောနေရင် အောင်မြင်မှုဆိုတာ မရနိုင်ပါဘူး။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့မရဘူး ဒါပေမယ့် မကောင်းတဲ့အရာမှန်သမျှ နဲ့ အောင်မြင်မှုလမ်းကို အဟန့်အတားဖြစ်စေနိုင်တဲ့အရာမှန်သမျှကို ရှောင်ရှားပြီး ကြိုးစားမယ်ဆိုရင် ၊ စိတ်ဓါတ်ခိုင်မာ စွာနဲ့ ကြိုးစားမယ်ဆိုရင် ဘုရားသခင်က ကောင်းချီးပေးလိမ့်မယ်ဆိုတာ ကျွန်တောကိုယ်တိုင်လက်တွေ့ပါပဲ။”

Aungla_Nsang

About မေ သတင်း လေး

View all posts by မေ သတင်း လေး →

Leave a Reply

Your email address will not be published. Required fields are marked *