အကျဉ်းထောင်ထဲမှာ ဘ၀ကို ကုန်ဆုံးရတော့မယ့် အဆိုတော်ရသ

အဆိုတော် ရသ အပါအဝင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သြဂုတ်လအတွင်းက ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ဟိုတယ်တခုတွင်​ စိတ်ကြွဆေးပြား ၁၆၀၀ ကျော်နှင့်အတူ ဖမ်းမိခဲ့တာဖြစ်​ပြီး ၃ လ​ကျော်​ စစ်​​ဆေးပြီး ယ​နေ့မှာ အပြီးသတ် ​အမိန့်​ချမှတ်​ခဲ့ခြင်း ဖြစ်​ပါတယ်။ အဆိုတော်ရသ အပါအ၀င် အနုပညာရှင်တွေဖြစ်ကြတဲ့ မိုက်တီး နဲ့ ရွှေထိုက်တို့ဟာလည်း မူးယစ်အမှု နဲ့ ဖမ်းဆီးစစ်ဆေးခြင်း ကို ခံနေဆဲလည်း ဖြစ်ပါတယ် ။

Image may contain: 6 people

Image may contain: 6 people, people standing

ရသ ဟာ ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ဒဏ် (၁၁)နှစ် ကျခံစေဖို့ မန္တလေးခရိုင် တရားရုံးက ဒီနေ့မှာ အမိန့်ချလိုက်ပါတယ် ။ဒီထောင်ဒဏ်အပေါ် အဆိုတော် ရသ က အယူခံဝင်သွားမှာမဟုတ်ဘဲ ၎င်းနဲ့အမှုတွဲ ၂ ဦးကိုတော့ ၎င်းတို့သဘောဆန္ဒအတိုင်းပါပဲလို့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားပါတယ်။ ရသတစ်ယောက် ကတော့ ပြစ်ဒဏ်မချခင် စစ်ဆေးခံရစဉ်ကတည်း ကသူ့ရဲ့ မျက်နှာထားက လောကကို အံတုဖို့ ပြင်ဆင်ထားပုံပါ ။ နိုင်ငံရေးတက်ကြွလှုပ်၇ှားသူတစ်ယောက် ဖြစ်သလို အမတ်လောင်း တစ်ယောက် အဖြစ် လျာထားခြင်း လည်း ခံခဲ့ရသူမို့ ပရိသတ်တွေက ရသအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

Source – The Fifth Wave News

Leave a Reply

Your email address will not be published. Required fields are marked *