မနေ့က ဖြစ်သွားတဲ့ အမြန်လမ်း EXPRESS တိမ်းမှောက်မှုမှာ အသက်ဆုံးသွားသူလေး

Spread the love
  •  
  •  
  •  

ဇူလိုင်လ ၂၁ ရက်၊ ညနေ ၂နာရီခွဲ အချိန်၊ နေပြည်တော်-ရန်ကုန် အမြန်​လမ်းမကြီး မိုင်တိုင် ၁၆၅/၃ အနီးမှာ ဖြစ်​ပွားခဲ့တဲ့ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ရဲ့ အရှိန်လွန်တိမ်းမှောက်​မှု​ကြီး​ကြောင့်​ ခရီးသည်​ ၅၁ ဦးထဲ ဒဏ်​ရာရရှိသူအများအပြားရှိခဲ့တယ်​လို့ ကနဦးသတင်းအရ သိရှိခဲ့ရပြီး ဒီထဲမှာ ​သေဆုံးသူတစ်​ဦး ​အမျိုးသမီးတစ်​ဦးပါဝင်​ခဲ့ပါတယ်​။

ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ​သေဆုံးသွားရသူအမျိုးသမီးဟာ အသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ပဲ ပွဲချင်းပြီး ​အသက်​​သေဆုံးလို့သွားခဲ့ပါတယ်​။

အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မှူးရုံးရဲ့ ည​နေ ငါးနာရီခွဲအချိန်​ သတင်းထုတ်​ပြန်​ချက်​အရ အသက်​ဆုံးသွားသူဟာ ​ဒေါပုံမြို့နယ်​မှာ​နေထိုင်​တဲ့ အသက်​ ၂၆ နှစ်​အရွယ်​ မသဲသဲအိလို့ သိရှိရပြီး ဒီ​​မော်​​တော်​ယာဉ်​တိမ်း​မှောက်​မှု မ​တော်​တဆမှု​ကြောင့်​ မသဲသဲအိဟာ သူ့ရဲ့​မွေး​နေ့အပြီး ဇူလိုင်​လအတွင်းမှာပဲ ရင်​နာဖွယ်​ရာ​ အသက်​ဆုံးသွားခဲ့ရတာဖြစ်​​ကြောင်း ဝမ်းနည်းဖွယ်​ရာသိရှိခဲ့ရတာပါ။

အမြန်​လမ်း ယာဉ်​တိမ်း​မှောက်​မှုကြီးမှာ ဒဏ်ရာရရှိခဲ့သူများကိုလည်း ​​​အမြန်လမ်းမကြီးရဲတပ်ဖွဲ့က​နေ အထောက်အကူပြု အင်အားများနဲ့ ကူညီဆောင်ရွက်ပေးခဲ့တယ်​လို့ သိရပါတယ်​။ အမြန်​လမ်းမကြီး မ​တော်​တဆမှု​တွေဟာ တဖြည်းဖြည်းနဲ့ ခရီးသွားလာသူအများပြည်​သူ​တွေအတွက်​ အသက်​အန္တရာယ် စိုးရိမ်​ဖွယ်​ရာအ​ခြေအ​နေတစ်​ခုအဖြစ်​ ကြီးထွားလာ​နေတာပဲ ဖြစ်​ပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)

သတင်း – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

Leave a Comment