ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း ယခုနှစ်အတွင်း ဒုတိယမြောက်မုန်တိုင်းဖြစ်လာနိုင်

Spread the love
  •  
  •  
  •  

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်သို့ အားကောင်း လာနိုင်ခြေရှိကာ မြန်မာနိုင်ငံ အ ထက်ပိုင်းနှင့် အောက်ပိုင်းဒေသ များ မိုးကောင်းနိုင်၍ ရေဘေး ဆက်လက် သတိပြုနေထိုင်ရန်မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။

မြန်မာ့ကမ်းရိုးတန်း (ကိုကိုး ကျွန်းပင်လယ်ပြင်)နှင့် နီးသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဇူလိုင် ၂၁ ရက်က စ၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ယင်းလေဖိအား နည်းရပ်ဝန်းသည် ၂၀၁၉ မိုးရာသီ ကာလအတွင်း ဒုတိယမြောက် မုန်တိုင်းဖြစ်လာနိုင်သည်ဟု ၎င်း က ခန့်မှန်းသည်။

‘လေဖိအားနည်းရပ်ဝန်းက မြန်မာ့ကမ်းရိုးတန်းနဲ့ နီးပါတယ်။ မုန်တိုင်းဖြစ်ဖို့ အလားအလာတွေ စပြလာနေပါတယ်။ ဒီနှစ်အတွင်း ဒါက မုန်တိုင်းဖြစ်ဖို့အလားအလာ အနီးစပ်ဆုံး မြင်တွေ့ရခြင်းပါပဲ။ အခြေအနေကိုတော့ စောင့်ကြည့် ရမယ်။ သေချာတာကတော့က အထက်ပိုင်းနဲ့ အောက်ပိုင်းဒေသ တွေ မိုးဆက်ရွာမယ်’’ဟု ဒေါက် တာထွန်းလွင်က ပြောသည်။

လာမည့်ရက်အနည်းငယ်အ တွင်း ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာ ၀တီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ရွာနိုင်ကြောင်း ၎င်း က ခန့်မှန်းထားသည်။

ဧရာဝတီမြစ်ရေသည် မန္တ လေးမြို့ အပါအ၀င် မြန်မာနိုင်ငံ အလယ်ပိုင်းမြို့နယ်အချို့တွင် စိုး ရိမ်ရေမှတ်အထက်၌ မြင့်တက် နေစဉ် အထက်ပိုင်းဒေသများတွင် မိုးဆက်လက်ရွာပါက ရေဘေး ထပ်မံကြုံတွေ့မည်ကို ၎င်းက စိုးရိမ်မကင်းဖြစ်နေသည်။ လတ်တလော မိုးခေါင်နေသော အလယ်ပိုင်းဒေသများတွင်မူ မိုးဆက် လက် နည်းနိုင်ပြီး လေဖိအားနည်းရပ်ဝန်းမုန်တိုင်းဖြစ်လာမည့် အခြေအနေအပေါ် မူတည်၍ အလယ်ပိုင်းဒေသ မိုးရနိုင်ခြေ စောင့်ကြည့်ရမည်ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

ဇူလိုင်လက်ကျန်ကာလအ တွက် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ရာသီဥတု ခန့်မှန်းချက်တွင် ဘင်္ဂလားပင် လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းဖြစ်နိုင်ပြီး အလယ်ပိုင်းဒေသကလွဲ၍ ကျန်ဒေသများ မိုးကောင်းနိုင်ကြောင်း သတိပေးထားသည်။

၂၀၁၉ မိုးရာသီအတွင်း ဘင်္ဂလားပင်လယ်အော်၌ ပထမ ဆုံးဖြစ်သည့် မုန်တိုင်းသည် မေလဆန်းကဖြစ်ခဲ့သည့် ဖန်နီ(Fani) မုန်တိုင်းဖြစ်ပြီး အိန္ဒိယနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို ၀င်ရောက်ခဲ့ သည်။

Source: 7daydaily

Leave a Comment