သန္းေခါင္ယံက ေၾကာက္စရာလူလဲပြဲ (သုိ႔) တကၠစီသမား တစ္ေယာက္ရဲ႕ ထိတ္လန္႔ဖြယ္ျဖစ္ရပ္မွန္တခု

သန္းေခါင္ယံက ေၾကာက္စရာလူလဲပြဲ (သုိ႔) တကၠစီသမား တစ္ေယာက္ရဲ႕ ထိတ္လန္႔ဖြယ္ျဖစ္ရပ္မွန္

အထက္ပုဇြန္ေတာင္ လမ္းမႀကီး၏တစ္ေနရာတြင္ ျဖစ္သည္။ေဝယံစုိးသည္ သူ၏ Fielder တကၠစီကားေလးအား ကားပါကင္ထုိးၿပီး ခရီးသည္အား ေမ်ွာ္ေနမိသည္။

ခုတေလာ ကားဆြဲမေကာင္းလွ။ထို႔ေၾကာင့္ညဥ့္နက္ ခံၿပီးဆြဲေနရ သည္။

ေတာ္ေသးသည္မွာ သူ႔ကားက gas ကား ျဖစ္ေနျခင္းေၾကာင့္ ဆီကားေတြေလာက္ ပူပန္စရာ မလုိ။ ဒါမွ မဟုတ္လ်ွင္ အိမ္ပင္ျပန္ရမည္ မဟုတ္။

သည္လုိႏွင့္ ည ၈နာရီ ၂၀ မိနစ္ခန္႔တြင္…”ေအာင္ျခင္းရွစ္ပါး အသံၾကားတဲ့ အခါ…”သူ႔အက်ီႋအိတ္ကပ္ထဲမွ ဖုန္း Ringtone သံေၾကာင့္ ဖုန္းကုိထုတ္လုိက္သည္။

“ဟယ္လုိ””ေဝယံလား ငါပါ မ်ဳိးညြန္႔ပါ””ဟာ ဆရာမ်ဳိး ဟုတ္ကဲ့ အမိန္႔ရွိပါ ဆရာ””ေအး ငါ ထမလုံျပန္မလုိ႔ မင္း ကား အားလား အခု ဘယ္မွာလဲ””ဟုတ္

အားပါတယ္ ဆရာ က်ြန္ေတာ္ ပုဇြန္ေတာင္မွာပါ””အဲဒါဆို မင္း ကားႀကီးဂိတ္ကုိ လာခဲ့ သိတယ္ မဟုတ္လား YBS 7 ေတြ ဂိတ္ထိုးတဲ့ ေနရာေလ””သိပါတယ္

ဆရာ လာခဲ့ပါ့မယ္”ေဝယံစုိးက ဖုန္းေျပာ ၿပီးသည္ႏွင့္ ကားကုိစက္ႏႈိးၿပီး ေမာင္းထြက္လုိက္သည္။

သူ႔ကုိဖုန္းဆက္ေသာ ဆရာမ်ဳိး ဆိုသူ ဦးမ်ဳိးညြန္႔မွာ သူအထက္တန္း ေက်ာင္းသားဘဝ ကိုးတန္း ဆယ္တန္း ႏွစ္ႏွစ္ဆက္တိုက္ အတန္းပုိင္ ဆရာ ျဖစ္ခဲ့ဖူးသည္။

အသင္ အျပ လြန္စြာေကာင္းသလုိ စိတ္ရင္းေစတနာလည္း ေကာင္းသည္။ ေက်ာင္းသားမ်ား ကုိ စာသင္ခ်ိန္ ျပင္ပ တြင္ ညီအစ္ကုိ သူငယ္ခ်င္းေပါင္း ေပါင္းတတ္သူျဖစ္သည္။

ေက်ာင္းသားမ်ားက သူ႔ဆိုလ်ွင္ ခ်စ္ေၾကာက္ရိုေသ ၾကသည္။ ဒါေၾကာင့္လည္း ေဝယံစုိး တစ္ေယာက္ သန္လ်င္ ထမလုံအထိ လုိက္ပုိ႔ရမည္ကုိ ၿငိဳျငင္မႈ မျဖစ္မိေပ။

ေဝယံစုိးက သူ႔ကားေလးအား အထက္ပုဇြန္ေတာင္ လမ္းမႀကီးအတိုင္း ေမာင္းလာခဲ့သည္။ ၁၅ ေပ ခုံးတံတား ေအာက္မွျဖတ္သန္းလာၿပီး အသင္းတိုက္ ကုိးလမ္း

ရံုးေလး ေအဘီစီမွတ္တိုင္မ်ားကုိ တရိပ္ရိပ္ ျဖတ္သန္းလာသည္။ ပုသိမ္ညြန္႔ ၆လမ္းမွတ္တိုင္ကုိ ျဖတ္ေက်ာ္လာၿပီးေနာက္ သမိန္ဗရမ္းလမ္းမႀကီး

ေပၚမွ သံသုမာလမ္းဘက္သုိ႔ ခ်ဳိးေကြ႕ လုိက္သည္။ ကားႀကီးဂိတ္ ေရာက္ဖုိ႔ဆိုရင္ သည္လမ္းေၾကာက အတိုဆုံးျဖစ္သည္။

ၾကက္ဘဲေစ်း တပ္မေတာ္ ငါးပိ ငံျပာရည္စက္ရံု တို႔ကုိ ျဖတ္ေက်ာ္လာၿပီး သုဝဏၰ လမ္းဆုံမီးပိြဳင့္သုိ႔ ေရာက္လာသည္။ ပိြဳင့္နီ ေနသျဖင့္ တန္းစီေစာင့္ရင္း

ကားထဲရွိ CD စက္ကုိဖြင့္ လုိက္သည္။ CD မွထြက္ေပၚလာေသာ ေမတၱသုတ္ တရားေတာ္ကုိ နာယူရင္း ပိြဳင့္စိမ္းၿပီျဖစ္၍ ကားကို အသာအယာ ေမာင္းထြက္လာခဲ့သည္။ ေဝယံစုိး ကားေမာင္း ရာတြင္ အက်င့္တစ္ခုရွိသည္။

ေျခေထာက္က လီဘာနင္းၿပီးတိုင္း ဘရိတ္ေပၚသုိ႔ ခ်က္ခ်င္းျပန္တင္တတ္သည့္ အက်င့္ပင္ျဖစ္သည္။ ထိုအက်င့္ေၾကာင့္ပင္ သူကားေမာင္းလာသည့္ သက္တမ္း တစ္ေလ်ွာက္ ဆိုးဆိုးဝါးဝါး ယာဥ္ မေတာ္တဆျဖစ္မႈ မရွိခဲ့ေပ။

ေဝယံစုိးက သူ႔ကားေလးကုိ သံသုမာလမ္းမႀကီးအတိုင္း သုဝဏၰၿမိဳ႕ကုိ ျဖတ္သန္းေမာင္းႏွင္ခဲ့သည္။ စံျပေစ်း မွတ္တိုင္ကုိ ေက်ာ္လာၿပီးေနာက္ အမွတ္(၂) လမ္းမႀကီးေပၚ ေရာက္လာသည္။

သဃၤန္းက်ြန္း ဘုိးဘုိးႀကီး နတ္ကြန္း ေရွ႕တြင္ သူ႔ဆရာ ရပ္ေစာင့္ေနသည္ကုိ ကားမီးေရာင္ျဖင့္ ျမင္ရ၍ ကားရပ္မည္ျဖစ္ေၾကာင္း အခ်က္ျပမီးျဖင့္ ျပသၿပီး

သူ႔ဆရာအနီး အသာအယာ ရပ္လုိက္သည္။ ဆရာကားေပၚတက္ၿပီး သည္ႏွင့္ ကားကုိျပန္ေမာင္း ထြက္လုိက္သည္။ အခ်ိန္မွာ ည ၉နာရီေက်ာ္ေနေပၿပီ။

ကားကုိ အမွတ္ (၂)လမ္းမႀကီးအတိုင္း ေမာင္းလာၿပီး ေတာင္ေျမာက္ လမ္းဆံု အေရာက္တြင္ ယာဘက္သုိ႔ ခ်ဳိးေကြ႕ကာ ေတာင္ဒဂံုဘက္သုိ႔ ေမာင္းလာလိုက္သည္။

ေမာင္းမကန္လမ္းမွ gas ဆိုင္ တြင္ gas ဝင္ထည့္ၿပီး သာေကတမွ သန္လ်င္ ထမလုံဘက္သုိ႔ ေမာင္းႏွင္ လာရာ ထမလုံေရာက္ခ်ိန္တြင္ ည ၁၂နာရီ ေက်ာ္ ေနၿပီျဖစ္သည္။

ဆရာကားေပၚမွ ဆင္းသြားၿပီးေနာက္ သူ႔ကားကုိ ရန္ကုန္ျပန္ရန္ လွည့္လုိက္ၿပီး ျပန္လည္ ေမာင္းႏွင္ လာရာ သန္လ်င္ က်ဳိက္ေခါက္ဘုရားေကြ႕ေရွ႕တြင္ လင္မယားဟု

ယူဆရသူႏွစ္ဦးက ကားကုိတား သျဖင့္ ရပ္ေပးလုိက္ရာ ေအာင္ခ်မ္းသာထိပ္သုိ႔ သြားလုိေၾကာင္းႏွင့္ လမ္းထဲဝင္ေပးရမည္ ျဖစ္ေၾကာင္း ေျပာသျဖင့္ ေငြက်ပ္ႏွစ္ေထာင္ျဖင့္ ေစ်းတည့္ၿပီး အဆိုပါလူႏွစ္ဦးအား တင္ေဆာင္လာ ခဲ့သည္။

လင္မယားႏွစ္ေယာက္တြင္ ေယာက်္ားျဖစ္သူမွာ လည္ကတုံးအက်ီႋ အျဖဴ ႏွင့္ ကခ်င္ပုဆိုးဝတ္ဆင္ ထားၿပီး အမ်ဳိးသမီးမွာ အက်ီႋ အနီပြင့္ဝမ္းဆက္ ဝတ္ဆင္ထားသည္ကုိ

ကားမီးေရာင္ေၾကာင့္ သတိ ထားမိလုိက္သည္။ အဆိုပါႏွစ္ဦးမွာ မ်က္ႏွာေသမ်ား ျဖင့္ တိတ္ဆိတ္စြာ လုိက္ပါလာျခင္းျဖစ္သည္။

သုိ႔ႏွင့္ ေအာင္ခ်မ္းသာထိပ္ အေက်ာ္ အေရာက္တြင္ ဘယ္နားေကြ႕ေပးရမလဲဟု ေနာက္လွည့္ေမးစဥ္ ဝဲဘက္သုိ႔ေကြ႕ရန္ လက္ညိွဳးညႊန္သျဖင့္

ေျမနီလမ္း အတိုင္း ဝဲဘက္သုိ႔ ခ်ဳိးဝင္ရန္ ယာဘက္တြင္ ရွင္း မရွင္း တစ္ခ်က္ၾကည့္ၿပီး ေကြ႕လုိက္သည္။ “ဟာ ဘာလဲဟ” ေဝယံစုိးပါးစပ္မွ

အာေမဍိတ္သံ ရုတ္တရက္ထြက္မိ သည္အထိ အံ့အားသင့္သြားသည္။အဘယ္ေၾကာင့္ ဆိုေသာ္ သူကားအား ေကြ႕စဥ္က ေျမနီလမ္းထဲ ျဖစ္သည္။

အခု ျပန္ၾကည့္လုိက္ေတာ့ လမ္းမဟုတ္ေတာ့။ သစ္ပင္ ဝါးရံုပင္မ်ား သာ ရွိေနသည္။ သုိ႔ႏွင့္ သူ ကားကုိ ဝါးရံုပင္အေသးဘက္ သုိ႔ဆြဲခ်ၿပီး ဘရိတ္အုပ္လုိက္ရသည္။

“က်ီြ…”ဘရိတ္ မအုပ္လုိ႔လည္း မရေတာ့။ လမ္းကလည္း ကားတစ္စီးသြားသာရံုသာ ရွိသည္။ သူ ကား ေနာက္ခန္းကုိ ကပ်ာကရာ လွမ္းၾကည့္ေတာ့

ဟုိလင္မယားႏွစ္ေယာက္လုံး ေပ်ာက္ျခင္းမလွ ေပ်ာက္ေနသည္။သူ ၾကက္သီး ျဖန္းခနဲ ထသြား၏။ သုိ႔ႏွင့္ ကားမွန္မ်ား ေလာ့ခ္ခ်ကာ အကုန္ပိတ္ၿပီး ထားခဲ့ကာ ထြက္ေျပး ရန္ ႀကံမိ၏။ ကားစက္ကလည္း ႏႈိးမရ။ထိုအခ်ိန္တြင္……

“ေဒါက္…ေဒါက္”ကား၏အေနာက္ခန္း ဝဲဘက္မွန္တံခါးအား ေခါက္သံ ၾကားရ၍ သူ ကမန္းကတန္း လွည့္ၾကည့္ လုိက္ရာ သူ႔ကားအား ငွားစီးလာေသာ

လင္မယား အနက္မွ ေယာက်္ားျဖစ္သူ ျဖစ္ေန၏။ ထုိလင္မယားမွာ ဘယ္လုိနည္းႏင့္မွ လူမဟုတ္ႏိုင္မွန္း သူအကဲခတ္မိၿပီး ေဇာေခ်ြးမ်ားပန္လာ၏။

ထိုစဥ္ ကားေရွ႕ေလကာမွန္ ေပၚတြင္ တစ္စံုတစ္ရာအား ျမင္ရသျဖင့္ သူ ေခါင္းနားပန္းႀကီးသြား၏။ အနီပြင့္ဝမ္းဆက္ ဝတ္ဆင္ထားေသာ မိန္းမမွာ သူ႔ အား စူးစုိက္ၾကည့္ေနသည္။

ၾကည့္ရင္းမွပင္ အဆိုပါ မိန္းမ၏ ပါးစပ္မွ အစြယ္မ်ား တစ္ဖက္တစ္ ခ်က္စီမွ ထြက္လာၿပီး သြားရည္ တျမားျမားျဖင့္ သူ႔အား သြားၿဖီး ျပေန၏။

ေနာက္ခန္းဝဲဘက္ အျပင္မွ လည္း ေယာက်္ားျဖစ္သူက မွန္ကုိ တေဒါက္ေဒါက္ ေခါက္ ရာ မွ တဘုန္းဘုန္း ျမည္ ေအာင္ ထုလာ၏။

သူ ဘာလုပ္ရမည္မွန္း မသိေတာ့။ ကားတံခါးေတြ အပိတ္ျမန္၍သာ သူ အခုထိ အသက္ႏွင့္ခႏၶာ ၿမဲေန ျခင္းျဖစ္၏။ သူဟသရဏဂုံသုံးပါး ရြတ္ၿပီး ကားကုိ စက္ႏႈိး၏။

”ဝူးးး…ဝူးးးး”ဘုရားတရားမလုိ႔ ကားစက္ႏိုးသြား၏။ ဟုိလင္မယား ႏွစ္ေယာက္မွာ ကမၼဇိဒိၶ တန္ခိုးသိပ္မရ ွိေသာ မေကာင္းဆိုးဝါးမ်ား ျဖစ္ေန၍သာ ေတာ္ေသး သည္။

ဒီလုိမွမဟုတ္လ်ွင္ သူမလြယ္ ကားမွန္က သူ႔ကုိ အကာအကြယ္ ေပးႏိုင္မွာမဟုတ္ေပ။

ကား စက္ႏိုး၍ ဝမ္းသာသြားၿပီး ဘက္ဂီယာထိုးကာ ကား ကုိ ေနာက္ဆုတ္လုိက္သည္။”ဒုတ္”ကားမွာ မည္သည့္အရာႏွင့္ ၿငိေနမွန္းမသိ ဘက္ဆုတ္ မရေပ။

သုိ႔ႏွင့္သူလည္း အကူအညီ တစ္စုံတစ္ရာ ရလုိရျငား ကားဟြန္းကုိ သံရွည္ဆြဲ တီးလုိက္ေတာ့သည္။ ”တီ……တီ……တီ”ထိုအခ်ိန္တြင္ ဆိုင္ကယ္မီးေရာင္မ်ားကုိ

ဘက္မွန္မွ တစ္ဆင့္ ျမင္ရ၍ ေဝယံစုိး အတိုင္းမသိ ဝမ္းသာ သြားသည္။

ထိုအခိုက္ ေတာက္ေခါက္သံႏွစ္ခ်က္ၾကားလုိက္ရ ၿပီး မေကာင္းဆိုးဝါးလင္မယား ဖ်ပ္ခနဲေပ်ာက္ သြား၏။ ခဏအၾကာတြင္ ဆိုင္ကယ္ငါးစီးျဖင့္ လူငါးဦး ေရာက္ လာသည္။

ထိုလူမ်ားမွာ ဆိုင္ကယ္ ကယ္ရီ သမားမ်ားျဖစ္ေၾကာင္း သိရသည္။ ေဝယံစုိးလည္း ကားေအာက္ဆင္းကာ အက်ဳိးအေၾကာင္းေျပာျပ အကူအညီေတာင္းခံလုိက္၏။

ထိုလူမ်ား၏ ေျပာျပခ်က္အရ ဘရိတ္အုပ္တာျမန္၍ ကံေကာင္းသြားေၾကာင္း ေရွ႕တြင္ ေပ၂၀ခန္႔နက္ ေသာ ေခ်ာက္ရွိေၾကာင္း ထိုေခ်ာက္ထဲသုိ႔ ကားမ်ား

မၾကာခဏ ထိုးက်တိမ္းေမွာက္ေလ့ရွိေၾကာင္း ေဝယံစုိး ကုိလည္း လူစားလဲရန္ ျဖားေယာင္း ေခၚေဆာင္လာျခင္း ျဖစ္ႏိုင္ေၾကာင္း ေျပာျပၾကသျဖင့္

ေဝယံစုိးမွာ ေက်ာခ်မ္းသြားမိ၏။ထို႔ေနာက္ ေဝယံစုိးက ကားေပၚ ျပန္တက္ၿပီး စက္ႏႈိး ကာ ဘက္ဂီယာထိုး၍ ကားေနာက္ဆုတ္၏။

ကားမွာ ေျမျပင္တြင္ မည္သည့္ခလုတ္ကန္သင္းမ်ွ မရွိဘဲ ေနာက္ဆုတ္မရ ျဖစ္ေန၏။ သုိ႔ႏွင့္ လူအားႏွင့္ ဝိုင္းတြန္းေသာ္လည္းမရေပ။ ထိုအခိုက္ အသက္

၆၀ ခန္႔ရွိမည္ဟု ခန္႔မွန္း ရေသာ အဘုိးအုိ တစ္ေယာက္ ေလ်ွာက္လာသည္ကုိ ျမင္လုိက္ၾက ရသည္။ ျဖစ္စဥ္အား ေမးသျဖင့္ ေဝယံစုိးက တရိုတေသ ရွင္းျပလုိက္သည္။ အဘုိးအိုက…

” အိမ္း အဘ ေမတၱာရပ္ခံၾကည့္ပါဦးမယ္”ထိုသုိ႔ေျပာၿပီး ပါးစပ္မွတတြတ္တြတ္ျဖင့္ ရြတ္ဖတ္ၿပီး ကားေဘာနပ္အဖုံးအား လက္ျဖင့္ သုံးခ်က္ ပုတ္လုိက္သည္။”ကဲ ဘက္ဆုတ္ၾကည့္ပါဦး”

ေဝယံစုိးက စက္ႏႈိးၿပီး ဘက္ဂီယာသြင္းကာ ဆုတ္လုိက္သည္။”ဝူးးးးဝူးးး”အံ့ၾသစရာပင္ ခုနက လူအား စက္အားျဖင့္ တြန္းမရ ဆုတ္မရေသာကားက

အခုေတာ့ ေရွာေရွာရွဴ ရွဴ ပင္ ေနာက္ဆုတ္၍ရသြားသည္။ ေဝယံစုိးလည္း လာလမ္း ဘက္သုိ႔ ကားကုိဦးတည္လုိက္ၿပီး ဆိုင္ကယ္ကယ္ရီသမားမ်ားကုိ ေက်းဇူးတင္ေၾကာင္း ထပ္မနားေျပာမိေတာ့သည္။

အဆိုပါလူမ်ားက ညဘက္ဆိုလ်ွင္ ပိုက္ဆံ ဘယ္ေလာက္ရရ ဤလမ္း သုိ႔ အငွားမလုိက္ရန္ သတိေပးစကားေျပာၿပီး ထြက္ခြာ သြားၾကသည္။

အဓိကအကူအညီေပးခဲ့သူ အဘုိးအိုအား သတိရ၍ ၾကည့္မိေတာ့ မရွိေတာ့ေပ။ ေဝယံစုိးလည္း ကားအား ေတာက္ေလ်ွာက္ေမာင္း ႏွင္လာရာ ရႈခင္းသာလမ္းရွိ

သူ႔အိမ္ေရွ႕ေရာက္မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ကားစက္သတ္ ေသာ့ ပိတ္ၿပီး အိမ္ထဲအျမန္ေျပးဝင္ကာ အေဖႏွင့္အေမ အား အက်ဳိးအေၾကာင္း

ေျပာျပေတာ့ သူ႔အေဖက သူ႔ကုိ ပရိတ္ေရတိုက္လုိက္မွ အေၾကာက္အလန္႔ေျပ သြားေတာ့သည္။

ေဝယံစုိး၏ ဖခင္က ကားကုိပါ ပရိတ္ေရမ်ား ပက္ျဖန္းေပးခဲ့သည္။ နံနက္မိုးလင္း၍ ကားအားၾကည့္လုိက္ေတာ့ ကားေရွ႕ယာမီးခြက္ ကြဲေနသည္။

ညက ကားဘရိတ္ အုပ္စဥ္ ဝါးရံုပင္ႏွင့္ ထိမိျခင္းေၾကာင့္ျဖစ္မည္ဟု ေဝယံစုိး သိလုိက္၏။

သူ႔စိတ္ထဲတြင္ေတာ့ ဘုရားမ၍ လူစားလဲမခံရျခင္း ျဖစ္ေၾကာင္းေတြးမိရင္း ရတနာသုံးပါးသည္သာ အားထား ကိုးကြယ္ရာ အမွန္ျဖစ္ေၾကာင္း နားလည္ သေဘာေပါက္မိပါေတာ့သည္။

။(အမည္မ်ား ေျပာင္းထားျခင္းမွအပ ျဖစ္ရပ္မွန္ျဖစ္ ပါသည္။ ျဖစ္စဥ္အား cb တြင္ ေျပာျပေပးေသာ ညီေလး Arkar Linn အား ေက်းဇူးအထူးပင္ တင္ရွိ ပါသည္။

ဇာတ္လမ္းတြင္ လိုအပ္ခ်က္မ်ား ရွိ ပါက က်ြန္ေတာ္၏ ခ်ဳိ႕ယြင္းခ်က္သာ ျဖစ္ပါေၾကာင္း ႏွင့္ သည္းခံခြင့္လႊတ္ ဖတ္ရႈေပးပါရန္ ေလးစားစြာ ပန္ၾကားအပ္ပါသည္)

Credit – maymyanmar

  • Unicode Version

သန်းခေါင်ယံက ကြောက်စရာလူလဲပွဲ (သို့) တက္ကစီသမား တစ်ယောက်ရဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်မှန်

အထက်ပုဇွန်တောင် လမ်းမကြီး၏တစ်နေရာတွင် ဖြစ်သည်။ဝေယံစိုးသည် သူ၏ Fielder တက္ကစီကားလေးအား ကားပါကင်ထိုးပြီး ခရီးသည်အား မျှော်နေမိသည်။

ခုတလော ကားဆွဲမကောင်းလှ။ထို့ကြောင့်ညဉ့်နက် ခံပြီးဆွဲနေရ သည်။

တော်သေးသည်မှာ သူ့ကားက gas ကား ဖြစ်နေခြင်းကြောင့် ဆီကားတွေလောက် ပူပန်စရာ မလို။ ဒါမှ မဟုတ်လျှင် အိမ်ပင်ပြန်ရမည် မဟုတ်။

သည်လိုနှင့် ည ၈နာရီ ၂၀ မိနစ်ခန့်တွင်…”အောင်ခြင်းရှစ်ပါး အသံကြားတဲ့ အခါ…”သူ့အကျီႋအိတ်ကပ်ထဲမှ ဖုန်း Ringtone သံကြောင့် ဖုန်းကိုထုတ်လိုက်သည်။

“ဟယ်လို””ဝေယံလား ငါပါ မျိုးညွန့်ပါ””ဟာ ဆရာမျိုး ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာ””အေး ငါ ထမလုံပြန်မလို့ မင်း ကား အားလား အခု ဘယ်မှာလဲ””ဟုတ်

အားပါတယ် ဆရာ ကျွန်တော် ပုဇွန်တောင်မှာပါ””အဲဒါဆို မင်း ကားကြီးဂိတ်ကို လာခဲ့ သိတယ် မဟုတ်လား YBS 7 တွေ ဂိတ်ထိုးတဲ့ နေရာလေ””သိပါတယ်

ဆရာ လာခဲ့ပါ့မယ်”ဝေယံစိုးက ဖုန်းပြော ပြီးသည်နှင့် ကားကိုစက်နှိုးပြီး မောင်းထွက်လိုက်သည်။

သူ့ကိုဖုန်းဆက်သော ဆရာမျိုး ဆိုသူ ဦးမျိုးညွန့်မှာ သူအထက်တန်း ကျောင်းသားဘဝ ကိုးတန်း ဆယ်တန်း နှစ်နှစ်ဆက်တိုက် အတန်းပိုင် ဆရာ ဖြစ်ခဲ့ဖူးသည်။

အသင် အပြ လွန်စွာကောင်းသလို စိတ်ရင်းစေတနာလည်း ကောင်းသည်။ ကျောင်းသားများ ကို စာသင်ချိန် ပြင်ပ တွင် ညီအစ်ကို သူငယ်ချင်းပေါင်း ပေါင်းတတ်သူဖြစ်သည်။

ကျောင်းသားများက သူ့ဆိုလျှင် ချစ်ကြောက်ရိုသေ ကြသည်။ ဒါကြောင့်လည်း ဝေယံစိုး တစ်ယောက် သန်လျင် ထမလုံအထိ လိုက်ပို့ရမည်ကို ငြိုငြင်မှု မဖြစ်မိပေ။

ဝေယံစိုးက သူ့ကားလေးအား အထက်ပုဇွန်တောင် လမ်းမကြီးအတိုင်း မောင်းလာခဲ့သည်။ ၁၅ ပေ ခုံးတံတား အောက်မှဖြတ်သန်းလာပြီး အသင်းတိုက် ကိုးလမ်း

ရုံးလေး အေဘီစီမှတ်တိုင်များကို တရိပ်ရိပ် ဖြတ်သန်းလာသည်။ ပုသိမ်ညွန့် ၆လမ်းမှတ်တိုင်ကို ဖြတ်ကျော်လာပြီးနောက် သမိန်ဗရမ်းလမ်းမကြီး

ပေါ်မှ သံသုမာလမ်းဘက်သို့ ချိုးကွေ့ လိုက်သည်။ ကားကြီးဂိတ် ရောက်ဖို့ဆိုရင် သည်လမ်းကြောက အတိုဆုံးဖြစ်သည်။

ကြက်ဘဲဈေး တပ်မတော် ငါးပိ ငံပြာရည်စက်ရုံ တို့ကို ဖြတ်ကျော်လာပြီး သုဝဏ္ဏ လမ်းဆုံမီးပွိုင့်သို့ ရောက်လာသည်။ ပွိုင့်နီ နေသဖြင့် တန်းစီစောင့်ရင်း

ကားထဲရှိ CD စက်ကိုဖွင့် လိုက်သည်။ CD မှထွက်ပေါ်လာသော မေတ္တသုတ် တရားတော်ကို နာယူရင်း ပွိုင့်စိမ်းပြီဖြစ်၍ ကားကို အသာအယာ မောင်းထွက်လာခဲ့သည်။ ဝေယံစိုး ကားမောင်း ရာတွင် အကျင့်တစ်ခုရှိသည်။

ခြေထောက်က လီဘာနင်းပြီးတိုင်း ဘရိတ်ပေါ်သို့ ချက်ချင်းပြန်တင်တတ်သည့် အကျင့်ပင်ဖြစ်သည်။ ထိုအကျင့်ကြောင့်ပင် သူကားမောင်းလာသည့် သက်တမ်း တစ်လျှောက် ဆိုးဆိုးဝါးဝါး ယာဉ် မတော်တဆဖြစ်မှု မရှိခဲ့ပေ။

ဝေယံစိုးက သူ့ကားလေးကို သံသုမာလမ်းမကြီးအတိုင်း သုဝဏ္ဏမြို့ကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။ စံပြဈေး မှတ်တိုင်ကို ကျော်လာပြီးနောက် အမှတ်(၂) လမ်းမကြီးပေါ် ရောက်လာသည်။

သင်္ဃန်းကျွန်း ဘိုးဘိုးကြီး နတ်ကွန်း ရှေ့တွင် သူ့ဆရာ ရပ်စောင့်နေသည်ကို ကားမီးရောင်ဖြင့် မြင်ရ၍ ကားရပ်မည်ဖြစ်ကြောင်း အချက်ပြမီးဖြင့် ပြသပြီး

သူ့ဆရာအနီး အသာအယာ ရပ်လိုက်သည်။ ဆရာကားပေါ်တက်ပြီး သည်နှင့် ကားကိုပြန်မောင်း ထွက်လိုက်သည်။ အချိန်မှာ ည ၉နာရီကျော်နေပေပြီ။

ကားကို အမှတ် (၂)လမ်းမကြီးအတိုင်း မောင်းလာပြီး တောင်မြောက် လမ်းဆုံ အရောက်တွင် ယာဘက်သို့ ချိုးကွေ့ကာ တောင်ဒဂုံဘက်သို့ မောင်းလာလိုက်သည်။

မောင်းမကန်လမ်းမှ gas ဆိုင် တွင် gas ဝင်ထည့်ပြီး သာကေတမှ သန်လျင် ထမလုံဘက်သို့ မောင်းနှင် လာရာ ထမလုံရောက်ချိန်တွင် ည ၁၂နာရီ ကျော် နေပြီဖြစ်သည်။

ဆရာကားပေါ်မှ ဆင်းသွားပြီးနောက် သူ့ကားကို ရန်ကုန်ပြန်ရန် လှည့်လိုက်ပြီး ပြန်လည် မောင်းနှင် လာရာ သန်လျင် ကျိုက်ခေါက်ဘုရားကွေ့ရှေ့တွင် လင်မယားဟု

ယူဆရသူနှစ်ဦးက ကားကိုတား သဖြင့် ရပ်ပေးလိုက်ရာ အောင်ချမ်းသာထိပ်သို့ သွားလိုကြောင်းနှင့် လမ်းထဲဝင်ပေးရမည် ဖြစ်ကြောင်း ပြောသဖြင့် ငွေကျပ်နှစ်ထောင်ဖြင့် ဈေးတည့်ပြီး အဆိုပါလူနှစ်ဦးအား တင်ဆောင်လာ ခဲ့သည်။

လင်မယားနှစ်ယောက်တွင် ယောကျ်ားဖြစ်သူမှာ လည်ကတုံးအကျီႋ အဖြူ နှင့် ကချင်ပုဆိုးဝတ်ဆင် ထားပြီး အမျိုးသမီးမှာ အကျီႋ အနီပွင့်ဝမ်းဆက် ဝတ်ဆင်ထားသည်ကို

ကားမီးရောင်ကြောင့် သတိ ထားမိလိုက်သည်။ အဆိုပါနှစ်ဦးမှာ မျက်နှာသေများ ဖြင့် တိတ်ဆိတ်စွာ လိုက်ပါလာခြင်းဖြစ်သည်။

သို့နှင့် အောင်ချမ်းသာထိပ် အကျော် အရောက်တွင် ဘယ်နားကွေ့ပေးရမလဲဟု နောက်လှည့်မေးစဉ် ဝဲဘက်သို့ကွေ့ရန် လက်ညှိုးညွှန်သဖြင့်

မြေနီလမ်း အတိုင်း ဝဲဘက်သို့ ချိုးဝင်ရန် ယာဘက်တွင် ရှင်း မရှင်း တစ်ချက်ကြည့်ပြီး ကွေ့လိုက်သည်။ “ဟာ ဘာလဲဟ” ဝေယံစိုးပါးစပ်မှ

အာမေဍိတ်သံ ရုတ်တရက်ထွက်မိ သည်အထိ အံ့အားသင့်သွားသည်။အဘယ်ကြောင့် ဆိုသော် သူကားအား ကွေ့စဉ်က မြေနီလမ်းထဲ ဖြစ်သည်။

အခု ပြန်ကြည့်လိုက်တော့ လမ်းမဟုတ်တော့။ သစ်ပင် ဝါးရုံပင်များ သာ ရှိနေသည်။ သို့နှင့် သူ ကားကို ဝါးရုံပင်အသေးဘက် သို့ဆွဲချပြီး ဘရိတ်အုပ်လိုက်ရသည်။

“ကျွီ…”ဘရိတ် မအုပ်လို့လည်း မရတော့။ လမ်းကလည်း ကားတစ်စီးသွားသာရုံသာ ရှိသည်။ သူ ကား နောက်ခန်းကို ကပျာကရာ လှမ်းကြည့်တော့

ဟိုလင်မယားနှစ်ယောက်လုံး ပျောက်ခြင်းမလှ ပျောက်နေသည်။သူ ကြက်သီး ဖြန်းခနဲ ထသွား၏။ သို့နှင့် ကားမှန်များ လော့ခ်ချကာ အကုန်ပိတ်ပြီး ထားခဲ့ကာ ထွက်ပြေး ရန် ကြံမိ၏။ ကားစက်ကလည်း နှိုးမရ။ထိုအချိန်တွင်……

“ဒေါက်…ဒေါက်”ကား၏အနောက်ခန်း ဝဲဘက်မှန်တံခါးအား ခေါက်သံ ကြားရ၍ သူ ကမန်းကတန်း လှည့်ကြည့် လိုက်ရာ သူ့ကားအား ငှားစီးလာသော

လင်မယား အနက်မှ ယောကျ်ားဖြစ်သူ ဖြစ်နေ၏။ ထိုလင်မယားမှာ ဘယ်လိုနည်းနင့်မှ လူမဟုတ်နိုင်မှန်း သူအကဲခတ်မိပြီး ဇောချွေးများပန်လာ၏။

ထိုစဉ် ကားရှေ့လေကာမှန် ပေါ်တွင် တစ်စုံတစ်ရာအား မြင်ရသဖြင့် သူ ခေါင်းနားပန်းကြီးသွား၏။ အနီပွင့်ဝမ်းဆက် ဝတ်ဆင်ထားသော မိန်းမမှာ သူ့ အား စူးစိုက်ကြည့်နေသည်။

ကြည့်ရင်းမှပင် အဆိုပါ မိန်းမ၏ ပါးစပ်မှ အစွယ်များ တစ်ဖက်တစ် ချက်စီမှ ထွက်လာပြီး သွားရည် တမြားမြားဖြင့် သူ့အား သွားဖြီး ပြနေ၏။

နောက်ခန်းဝဲဘက် အပြင်မှ လည်း ယောကျ်ားဖြစ်သူက မှန်ကို တဒေါက်ဒေါက် ခေါက် ရာ မှ တဘုန်းဘုန်း မြည် အောင် ထုလာ၏။

သူ ဘာလုပ်ရမည်မှန်း မသိတော့။ ကားတံခါးတွေ အပိတ်မြန်၍သာ သူ အခုထိ အသက်နှင့်ခန္ဓာ မြဲနေ ခြင်းဖြစ်၏။ သူဟသရဏဂုံသုံးပါး ရွတ်ပြီး ကားကို စက်နှိုး၏။

”ဝူးးး…ဝူးးးး”ဘုရားတရားမလို့ ကားစက်နိုးသွား၏။ ဟိုလင်မယား နှစ်ယောက်မှာ ကမ္မဇိဒ္ဓိ တန်ခိုးသိပ်မရ ှိသော မကောင်းဆိုးဝါးများ ဖြစ်နေ၍သာ တော်သေး သည်။

ဒီလိုမှမဟုတ်လျှင် သူမလွယ် ကားမှန်က သူ့ကို အကာအကွယ် ပေးနိုင်မှာမဟုတ်ပေ။

ကား စက်နိုး၍ ဝမ်းသာသွားပြီး ဘက်ဂီယာထိုးကာ ကား ကို နောက်ဆုတ်လိုက်သည်။”ဒုတ်”ကားမှာ မည်သည့်အရာနှင့် ငြိနေမှန်းမသိ ဘက်ဆုတ် မရပေ။

သို့နှင့်သူလည်း အကူအညီ တစ်စုံတစ်ရာ ရလိုရငြား ကားဟွန်းကို သံရှည်ဆွဲ တီးလိုက်တော့သည်။ ”တီ……တီ……တီ”ထိုအချိန်တွင် ဆိုင်ကယ်မီးရောင်များကို

ဘက်မှန်မှ တစ်ဆင့် မြင်ရ၍ ဝေယံစိုး အတိုင်းမသိ ဝမ်းသာ သွားသည်။

ထိုအခိုက် တောက်ခေါက်သံနှစ်ချက်ကြားလိုက်ရ ပြီး မကောင်းဆိုးဝါးလင်မယား ဖျပ်ခနဲပျောက် သွား၏။ ခဏအကြာတွင် ဆိုင်ကယ်ငါးစီးဖြင့် လူငါးဦး ရောက် လာသည်။

ထိုလူများမှာ ဆိုင်ကယ် ကယ်ရီ သမားများဖြစ်ကြောင်း သိရသည်။ ဝေယံစိုးလည်း ကားအောက်ဆင်းကာ အကျိုးအကြောင်းပြောပြ အကူအညီတောင်းခံလိုက်၏။

ထိုလူများ၏ ပြောပြချက်အရ ဘရိတ်အုပ်တာမြန်၍ ကံကောင်းသွားကြောင်း ရှေ့တွင် ပေ၂၀ခန့်နက် သော ချောက်ရှိကြောင်း ထိုချောက်ထဲသို့ ကားများ

မကြာခဏ ထိုးကျတိမ်းမှောက်လေ့ရှိကြောင်း ဝေယံစိုး ကိုလည်း လူစားလဲရန် ဖြားယောင်း ခေါ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ပြောပြကြသဖြင့်

ဝေယံစိုးမှာ ကျောချမ်းသွားမိ၏။ထို့နောက် ဝေယံစိုးက ကားပေါ် ပြန်တက်ပြီး စက်နှိုး ကာ ဘက်ဂီယာထိုး၍ ကားနောက်ဆုတ်၏။

ကားမှာ မြေပြင်တွင် မည်သည့်ခလုတ်ကန်သင်းမျှ မရှိဘဲ နောက်ဆုတ်မရ ဖြစ်နေ၏။ သို့နှင့် လူအားနှင့် ဝိုင်းတွန်းသော်လည်းမရပေ။ ထိုအခိုက် အသက်

၆၀ ခန့်ရှိမည်ဟု ခန့်မှန်း ရသော အဘိုးအို တစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ကြ ရသည်။ ဖြစ်စဉ်အား မေးသဖြင့် ဝေယံစိုးက တရိုတသေ ရှင်းပြလိုက်သည်။ အဘိုးအိုက…

” အိမ်း အဘ မေတ္တာရပ်ခံကြည့်ပါဦးမယ်”ထိုသို့ပြောပြီး ပါးစပ်မှတတွတ်တွတ်ဖြင့် ရွတ်ဖတ်ပြီး ကားဘောနပ်အဖုံးအား လက်ဖြင့် သုံးချက် ပုတ်လိုက်သည်။”ကဲ ဘက်ဆုတ်ကြည့်ပါဦး”

ဝေယံစိုးက စက်နှိုးပြီး ဘက်ဂီယာသွင်းကာ ဆုတ်လိုက်သည်။”ဝူးးးးဝူးးး”အံ့သြစရာပင် ခုနက လူအား စက်အားဖြင့် တွန်းမရ ဆုတ်မရသောကားက

အခုတော့ ရှောရှောရှူ ရှူ ပင် နောက်ဆုတ်၍ရသွားသည်။ ဝေယံစိုးလည်း လာလမ်း ဘက်သို့ ကားကိုဦးတည်လိုက်ပြီး ဆိုင်ကယ်ကယ်ရီသမားများကို ကျေးဇူးတင်ကြောင်း ထပ်မနားပြောမိတော့သည်။

အဆိုပါလူများက ညဘက်ဆိုလျှင် ပိုက်ဆံ ဘယ်လောက်ရရ ဤလမ်း သို့ အငှားမလိုက်ရန် သတိပေးစကားပြောပြီး ထွက်ခွာ သွားကြသည်။

အဓိကအကူအညီပေးခဲ့သူ အဘိုးအိုအား သတိရ၍ ကြည့်မိတော့ မရှိတော့ပေ။ ဝေယံစိုးလည်း ကားအား တောက်လျှောက်မောင်း နှင်လာရာ ရှုခင်းသာလမ်းရှိ

သူ့အိမ်ရှေ့ရောက်မှ သက်ပြင်းချနိုင်တော့သည်။ ကားစက်သတ် သော့ ပိတ်ပြီး အိမ်ထဲအမြန်ပြေးဝင်ကာ အဖေနှင့်အမေ အား အကျိုးအကြောင်း

ပြောပြတော့ သူ့အဖေက သူ့ကို ပရိတ်ရေတိုက်လိုက်မှ အကြောက်အလန့်ပြေ သွားတော့သည်။

ဝေယံစိုး၏ ဖခင်က ကားကိုပါ ပရိတ်ရေများ ပက်ဖြန်းပေးခဲ့သည်။ နံနက်မိုးလင်း၍ ကားအားကြည့်လိုက်တော့ ကားရှေ့ယာမီးခွက် ကွဲနေသည်။

ညက ကားဘရိတ် အုပ်စဉ် ဝါးရုံပင်နှင့် ထိမိခြင်းကြောင့်ဖြစ်မည်ဟု ဝေယံစိုး သိလိုက်၏။

သူ့စိတ်ထဲတွင်တော့ ဘုရားမ၍ လူစားလဲမခံရခြင်း ဖြစ်ကြောင်းတွေးမိရင်း ရတနာသုံးပါးသည်သာ အားထား ကိုးကွယ်ရာ အမှန်ဖြစ်ကြောင်း နားလည် သဘောပေါက်မိပါတော့သည်။

။(အမည်များ ပြောင်းထားခြင်းမှအပ ဖြစ်ရပ်မှန်ဖြစ် ပါသည်။ ဖြစ်စဉ်အား cb တွင် ပြောပြပေးသော ညီလေး Arkar Linn အား ကျေးဇူးအထူးပင် တင်ရှိ ပါသည်။

ဇာတ်လမ်းတွင် လိုအပ်ချက်များ ရှိ ပါက ကျွန်တော်၏ ချို့ယွင်းချက်သာ ဖြစ်ပါကြောင်း နှင့် သည်းခံခွင့်လွှတ် ဖတ်ရှုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်)

Credit – maymyanmar

Leave a Reply

Your email address will not be published. Required fields are marked *