“တနဂၤေႏြ” သားသမီးမ်ား အားလံုးအတြက္ 2019 တစ္ႏွစ္စာ ေဟာစာတမ္း

(For Zawgyi)

ဒီလုိႏွစ္ မ်ိဳးမွာေတာ့ မိမိ ကိုယ္တိုင္က သစ္ပင္ တစ္ပင္ကို စတင္ စုိက္ပ်ိဳးရသလို၊ ေရတြင္းတစ္တြင္းကိုစတင္ တူးေဖာ္ ရသလုိမ်ိဳးနဲ႔ ဆင္တူပါတယ္။ သစ္ပင္ကို အခုစိုက္ၿပီး အခု အသီးခူးစားလို႔ မရႏုိင္သလို၊ အခု ေရတြင္းတူး၊ အခု ေရၾကည္ေသာက္လို႔လဲ မရႏိုင္ပါဘူး။

ဒါ့ေၾကာင့္ 2019 မွာ အပင္ပန္းခံ၊ ေငြကုန္ခံ၊ အခ်ိန္ကုန္ခံ ႀကိဳးစားထား သမွ်ေတြက ေရရွည္အတြက္ ၊ေနာင္ ႏွစ္မ်ားစြာအတြက္ အက်ိဳးျဖစ္ထြန္း ေစမွာေတာ့ အမွန္ပါပဲ။ ဒါေၾကာင့္ တနဂၤေႏြ သားသမီးေတြကို မွာခ်င္တာက 2019 မွာ အလုပ္စီးပြားကိုပဲ စိတ္ႏွစ္ၿပီး လုပ္ကိုင္ပါ။ ေငြကိုမၾကည့္ဘဲ …ေနရာတစ္ခုရဖို႔ ၊ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ဖို႔ ဆုိတဲ့ ရည္ရြယ္ခ်က္မ်ိဳးနဲ႔ ႀကိဳးစားပါလို႔ မွာပါရေစ၊

ဒါမွပဲ ေသခ်ာေပါက္ ေအာင္ျမင္ျခင္းရဲ့ အသီးအပြင့္ေတြကို 2020 ခုႏွစ္က စၿပီး ခံစား စံစားရပါလိမ့္မယ္။

အခ်စ္ေရး

ခ်စ္ရသူနဲ႔ နီးနီးနားနား ေနခြင့္မရ။ အလုပ္ေၾကာင့္ ျဖစ္ေစ၊ အျခားအေၾကာင္းကိစၥ တစ္ခုခုေၾကာင့္ျဖစ္ေစေ၀းေန ရတတ္ပါတယ္။ နီးေနလဲ တစ္က်က္က်က္နဲ႔ ရန္ျဖစ္လိုက္ ျပန္္ခ်စ္လိုက္ ဆိုတာမ်ိဳး ျဖစ္ေနရတတ္ပါတယ္။ ေကာင္း တာတစ္ခုက ခ်စ္သူနဲ႔ အနာဂတ္ ဘ၀တစ္ခု တည္ေဆာက္ဖို႔အတြက္ တိုင္ပင္ ေဆြးေႏြးႏိုင္မဲ့ ႏွစ္ပါပဲ။

ႏွစ္ေယာက္အတူ ေငြစုတာ၊ အလုပ္အတူလုပ္ၿပီး ႀကိဳးစားတာမ်ိဳးေတြ လုပ္လာႏိုင္ပါလိမ့္မယ္။ လက္ထပ္ဖို႔ အရင္ ကတည္းက ရည္ရြယ္ထားသူမ်ားဆို ဒီႏွစ္ဟာ အိမ္ေထာင္က်လြယ္တဲ့ႏွစ္ ပါပဲ။ မိမိခ်စ္သူနဲ႔ လက္ထက္ဖို႔ ရည္ရြယ္ ထားသူျဖစ္ေစ၊ ဒါမွမဟုတ္ မိဘက သင့္ေတာ္သူနဲ႔ ေနရာခ် ေပးတာမ်ိဳးျဖစ္ေစ အေၾကာင္းတစ္ခုခုေၾကာင့္ 2019 အိမ္ေထာင္က်ဖို႔ အတြက္ မဂၤလာကံေတြ၊ အိမ္ေထာင္ကံေတြ အထူးအားေကာင္း ေနတဲ့ႏွစ္ပါပဲ

အိမ္ေထာင္ေရး

အိမ္ေထာင္ေရးကံ ဆိုးဆိုး၀ါး၀ါး ညံ့ေနတာမ်ိဳး မဟုတ္ေပမဲ့ အိမ္ေထာင္ေရးကံ အနည္းငယ္ ညံ့ေနတာမ်ိဳး ေတြ႔ရတတ္ပါတယ္။ အထူးသျဖင့္ တနဂၤေႏြ သမီးမ်ားက ပိုမိုၿပီး အိမ္ေထာင္ေရးကံ အားနည္းခ်က္ပိုရွိတဲ့ ႏွစ္တစ္ ႏွစ္ပါပဲ။ မိမိက အိမ္ေထာင္ဘက္ကို ခ်ဳပ္ခ်ယ္လြန္းသူ၊ အိမ္ေထာင္ဘက္အေပၚ စိုးမိုးလြန္းတာမ်ိဳး ရွိခဲ့သူ ဆိုရင္ေတာ့ ဒီႏွစ္မွာ အိမ္ေထာင္ဘက္က ထြက္ေပါက္ရွာၿပီး သာယာမႈေနာက္ လိုက္သြားတတ္ပါတယ္။ ေရလုိက္ငါးလိုက္ ေနတတ္သူမ်ားနဲ႔ အိမ္ေထာင္ဘက္နဲ႔ တနယ္စီေ၀းေနတဲ့ သူမ်ားကေတာ့ အိမ္ေထာင္ေရးကံ သိပ္မဆိုးပါဘူးဗ်ာ။

တစ္ခ်ိဳ႕ကေတာ့ အိမ္ေထာင္ေရး သာယာေပမဲ့ အိမ္ေထာင္ဘက္ က်န္းမာေရး ညံ့သြားတတ္တာမ်ိဳး ႀကံဳရ တတ္ပါတယ္။ အဆိုးႀကီး က်န္းမာေရး ညံ့သြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ တေရွာင္ေရွာင္ေတာ့ ျဖစ္လြယ္ပါတယ္။ လင္မယားႏွစ္ဦ းအတူတူ လုပ္တဲ့ စီးပြားေရးေတြကေတာ့ ေအာင္ျမင္ေကာင္းမြန္ ေနတာမ်ိဳး ေတြ႔ရပါတယ္။

အလုပ္စီးပြား

ေကာင္းတယ္လုိ႔ ေယဘုယ် အေနနဲ႔ သံုးသပ္ ရပါလိမ့္မယ္။ လခစား ၀န္ထမ္းမ်ားကေတာ့ ထူးထူးျခားျခား မသိသာ ေပမဲ့ ကိုယ္ပိုင္ စီးပြားေရးသမားမ်ားကေတာ့ အေျခအေန အတိုင္းအတာ တစ္ခုကို ေရာက္သြားႏိုင္တဲ့ႏွစ္ ပါပဲ။ အလုပ္သစ္၊ စီးပြားသစ္မ်ား စတင္ျဖစ္ပါလိမ့္မယ္။ ရွိတာေလး ေရာင္းခ်ၿပီး အလုပ္ စီးပြား လုပ္လိုက္ရတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ဒီႏွစ္မွာ စလိုက္တဲ့ စီးပြားေရးဟာ ေရရွည္ ေကာင္းသြားပါလိမ့္မယ္။ အခုမွ စလုပ္တာဆိုေတာ့ အစကေတာ့ အဆင္မေျပပါဘူး။ အခက္အခဲအၾကပ္အတည္းေလးေတြေတာ့ ႀကံဳရမွာပါ။ ေရရွည္ကို ႀကည့္ၿပီးေတာ့ အခက္အခဲေတြကို ေက်ာ္လႊားလိုက္ပါ။

စပ္တူအလုပ္ေတြ ဆုိရင္ေတာ့ စိတ္၀မ္းကြဲ ရတတ္ပါတယ္။ စပ္တူလုပ္မယ္ ဆုိရင္ေတာ့ ေငြေၾကးနဲ႔ ပက္သက္တဲ့ အရႈံးအျမတ္ကို ႀကိဳတင္နားလည္မႈ ယူထားေစခ်င္ပါတယ္။ လုပ္လက္စ အလုပ္ေတြကလဲ အရင္ႏွစ္ထက္ သိသိသာသာ ပုိမို ေအာင္ျမင္လာတာမ်ိဳးေတြ ေတြ႔ရတတ္ပါတယ္။
၀န္ထမ္းေတြအတြက္ ေကာင္းတဲ့အခ်က္က ရာထူးတုိးတာ ၊ေနရာေကာင္းရတာ ၊မိမိေနလိုတဲ့ ေနရာေတြမွာ ေနခြင့္ရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။

ေငြေၾကးက႑

ဒီႏွစ္မွာ ေငြေၾကးကလဲ အဘက္ဘက္က ၀င္ေနပါလိမ့္မယ္။ အလုပ္စီးပြား ေကာင္းေနေတာ့ ေငြေၾကးကလဲ ကၽြဲကူးေရပါ ဆုိသလို ေနာက္ကလိုက္လာ တတ္ပါတယ္။ ေငြကံေကာင္းေပမဲ့ ေငြကေတာ့ ၀င္သေလာက္ျပန္ထြက္ ေနတတ္ပါတယ္။ စုလို႔ေဆာင္းလို႔ အလြန္ပဲ ခက္ခဲပါတယ္။ ဆီလုိ အေပါက္ရွာၿပီး ေငြကုန္သြား တတ္ပါတယ္။

ေငြေၾကး သံုးစြဲတာ က်စ္လစ္တဲ့ သူေတြေတာင္မွ ၀ယ္စရာ ျခမ္းစရာေတြ ရွိေနတာေၾကာင့္ ေငြထုတ္သံုးရတတ္ပါ တယ္။ ေငြကို ဘယ္လိုစီမံမလဲ ဆုိတာကေတာ့ ဒီႏွစ္မွာ ပိုမို အေရးႀကီး ပါလိမ့္မယ္။ အလုပ္သစ္စဖို႔ အတြက္ ေငြေၾကး ထုတ္သံုးလိုက္ရတာမ်ိဳးလဲ ေတြ႔ရႀကံဳရတတ္ပါတယ္။ ေငြကို အေပ်ာ္အပါး အတြက္ေတာ့ မသံုးမိပါေစနဲ႔။

က်န္းမာေရး

က်န္းမာေရးကေတာ့ အဆုိးႀကီး မဟုတ္သလို အေကာင္းႀကီးလည္း မဟုတ္ပါဘူး။ က်န္းမာေရး အတြက္ ပံုမွန္ေလး ဂရုစိုက္သြားရင္ ရပါၿပီ၊ က်န္းမာေရး အတြက္ စိတ္ညစ္စိတ္ရႈပ္ရတာေတြ နည္းပါးပါလိမ့္မယ္။ သတိထားရမဲ့ ေရာဂါေဗဒေတြကေတာ့ ေလေရာဂါ၊ ရင္၊ ၀မ္း၊ ဥပဒ္ေပးျခင္းမ်ား ၊ေလျဖတ္ျခင္းေတြ ဂရုစိုက္ အပ္ပါတယ္။ ဆီးခ်ဳိ၊ ေသြးခ်ိဳ၊ ေသြးတိုးသမားမ်ားကေတာ့ ဒီႏွစ္ အထူး ဂရုစုိက္သင့္ပါတယ္။ ဒူးနာ၊ ခါးနာ ကိုယ္လက္ မအီမသာျဖစ္ျခင္းမ်ား လည္း ႀကံဳရတတ္ပါတယ္။

ပညာေရး

ပညာေရး အထူး ေကာင္းမြန္ေနတဲ့ ႏွစ္ပါပဲ။ ပညာေရးအတြက္ အဘက္ဘက္က စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ ဘြဲ႔ထူး ဂုဏ္ထူးမ်ား ရျခင္းမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ဘြဲ႔လြန္တတ္ရတာေတြ ၊ႏိုင္ငံျခားပညာေတာ္သင္သြားရတာ မ်ိဳးေတြ ႀကံဳရေတြ႔ရႏိုင္ပါတယ္။ ဒီႏွစ္ကေတာ့ တနဂၤေႏြ သားသမီးေတြအတြက္ ပညာေရး အားသာခ်က္ ပိုမို ရရွိမဲ့ နွစ္ပါပဲ။ ေက်ာင္းပညာ မဟုတ္ဘဲ အျခား အသက္ေမြး၀မ္းေၾကာင္းပညာေတြလဲ ရရွိႏိုင္တဲ့ ႏွစ္မ်ိဳးပါပဲ။ ဒီႏွစ္မွာ အလုပ္ မအားလို႔ သင္တန္းေတြ မတတ္ႏိုင္ ၊ပညာမရွာဘူးႏိုင္ဘူး ဆိုရင္ online ကေန self-study ဆုိတာမ်ိဳးန႔ဲ ပညာရပ္တစ္ခုခုကုိ ေလ့လာၾကည့္ပါ။ ေသခ်ာေပါက္ ထြန္းေပါက္ပါလိမ့္မယ္။ ဘာသာေရးနဲ႔ ပက္သက္ေသာ အသိ ပညာေတြလည္း ရတတ္ပါတယ္။ အဘိဓမၼာ စာေမးပြဲမ်ား သင္ယူလို႔ အထူးေကာင္းတဲ့ ေန႔ပါပဲ။

တစ္ႏွစ္တာ အက်ိဳးေပးဂဏန္း – 9 /2 /5

တစ္ႏွစ္တာ အက်ိဳးေပးေန႔ သားသမီးမ်ား- တနလၤာ ၊ၾကာသပေတး ၊ေသာၾကာ

တစ္ႏွစ္တာ ယၾတာမ်ား-

နီးစပ္ရာ ေစတီပုထိုးမွာ မၾကာခဏ ညလံုးေပါက္ လွ်ပ္စစ္မီး ပူေဇာ္ဖို႔အတြက္ အလွဴေငြ ထည့္၀င္ပါ။ သီလရွင္ ဆရာေလးေတြကို မၾကာခဏ ဆန္လွဴေပးပါ။ ဆပ္ျပာလွဴေပးပါ။ ဘုရားရွင္အား သီးစံုအခ်ဥ္ဟင္း ခဏခဏ လွဴပါ။ ရဟန္း သံဃာေတြကိုလဲ ဆြမ္းဟင္းအျဖစ္ ေလာင္းလွဴလိုက္ပါ။ ေမြးေန႔နဲ႔ တိုက္ဆိုင္ၿပီး ဘုရားရွင္အား မုန္႔လုံုးေရေပၚ ကပ္လွဴပါ။ အိမ္နီးနားခ်င္း ေတြကုိလည္း ေ၀ပါ။ မိမိထက္ ႏြမ္းပါးသူကို ထီလက္မွတ္ လက္ေဆာင္ေပးပါ။

၇ရက္ သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

(For Unicode)

တနင်္ဂနွေ သားသမီးများ အားလုံးအတွက် 2019 တစ်နှစ်စာ ဗေဒင်ဟောကိန်း

ဒီလိုနှစ် မျိုးမှာတော့ မိမိ ကိုယ်တိုင်က သစ်ပင် တစ်ပင်ကို စတင် စိုက်ပျိုးရသလို၊ ရေတွင်းတစ်တွင်းကိုစတင် တူးဖော် ရသလိုမျိုးနဲ့ ဆင်တူပါတယ်။ သစ်ပင်ကို အခုစိုက်ပြီး အခု အသီးခူးစားလို့ မရနိုင်သလို၊ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့လဲ မရနိုင်ပါဘူး။

ဒါ့ကြောင့် 2019 မှာ အပင်ပန်းခံ၊ ငွေကုန်ခံ၊ အချိန်ကုန်ခံ ကြိုးစားထား သမျှတွေက ရေရှည်အတွက် ၊နောင် နှစ်များစွာအတွက် အကျိုးဖြစ်ထွန်း စေမှာတော့ အမှန်ပါပဲ။ ဒါကြောင့် တနင်္ဂနွေ သားသမီးတွေကို မှာချင်တာက 2019 မှာ အလုပ်စီးပွားကိုပဲ စိတ်နှစ်ပြီး လုပ်ကိုင်ပါ။ ငွေကိုမကြည့်ဘဲ …နေရာတစ်ခုရဖို့ ၊ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကြိုးစားပါလို့ မှာပါရစေ၊

ဒါမှပဲ သေချာပေါက် အောင်မြင်ခြင်းရဲ့ အသီးအပွင့်တွေကို 2020 ခုနှစ်က စပြီး ခံစား စံစားရပါလိမ့်မယ်။

အချစ်ရေး

ချစ်ရသူနဲ့ နီးနီးနားနား နေခွင့်မရ။ အလုပ်ကြောင့် ဖြစ်စေ၊ အခြားအကြောင်းကိစ္စ တစ်ခုခုကြောင့်ဖြစ်စေဝေးနေ ရတတ်ပါတယ်။ နီးနေလဲ တစ်ကျက်ကျက်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာမျိုး ဖြစ်နေရတတ်ပါတယ်။ ကောင်း တာတစ်ခုက ချစ်သူနဲ့ အနာဂတ် ဘဝတစ်ခု တည်ဆောက်ဖို့အတွက် တိုင်ပင် ဆွေးနွေးနိုင်မဲ့ နှစ်ပါပဲ။

နှစ်ယောက်အတူ ငွေစုတာ၊ အလုပ်အတူလုပ်ပြီး ကြိုးစားတာမျိုးတွေ လုပ်လာနိုင်ပါလိမ့်မယ်။ လက်ထပ်ဖို့ အရင် ကတည်းက ရည်ရွယ်ထားသူများဆို ဒီနှစ်ဟာ အိမ်ထောင်ကျလွယ်တဲ့နှစ် ပါပဲ။ မိမိချစ်သူနဲ့ လက်ထက်ဖို့ ရည်ရွယ် ထားသူဖြစ်စေ၊ ဒါမှမဟုတ် မိဘက သင့်တော်သူနဲ့ နေရာချ ပေးတာမျိုးဖြစ်စေ အကြောင်းတစ်ခုခုကြောင့် 2019 အိမ်ထောင်ကျဖို့ အတွက် မင်္ဂလာကံတွေ၊ အိမ်ထောင်ကံတွေ အထူးအားကောင်း နေတဲ့နှစ်ပါပဲ

အိမ်ထောင်ရေး

အိမ်ထောင်ရေးကံ ဆိုးဆိုးဝါးဝါး ညံ့နေတာမျိုး မဟုတ်ပေမဲ့ အိမ်ထောင်ရေးကံ အနည်းငယ် ညံ့နေတာမျိုး တွေ့ရတတ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေ သမီးများက ပိုမိုပြီး အိမ်ထောင်ရေးကံ အားနည်းချက်ပိုရှိတဲ့ နှစ်တစ် နှစ်ပါပဲ။ မိမိက အိမ်ထောင်ဘက်ကို ချုပ်ချယ်လွန်းသူ၊ အိမ်ထောင်ဘက်အပေါ် စိုးမိုးလွန်းတာမျိုး ရှိခဲ့သူ ဆိုရင်တော့ ဒီနှစ်မှာ အိမ်ထောင်ဘက်က ထွက်ပေါက်ရှာပြီး သာယာမှုနောက် လိုက်သွားတတ်ပါတယ်။ ရေလိုက်ငါးလိုက် နေတတ်သူများနဲ့ အိမ်ထောင်ဘက်နဲ့ တနယ်စီဝေးနေတဲ့ သူများကတော့ အိမ်ထောင်ရေးကံ သိပ်မဆိုးပါဘူးဗျာ။

တစ်ချို့ကတော့ အိမ်ထောင်ရေး သာယာပေမဲ့ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့သွားတတ်တာမျိုး ကြုံရ တတ်ပါတယ်။ အဆိုးကြီး ကျန်းမာရေး ညံ့သွားတာမျိုးတော့ မဟုတ်ပါဘူး။ တရှောင်ရှောင်တော့ ဖြစ်လွယ်ပါတယ်။ လင်မယားနှစ်ဦ းအတူတူ လုပ်တဲ့ စီးပွားရေးတွေကတော့ အောင်မြင်ကောင်းမွန် နေတာမျိုး တွေ့ရပါတယ်။

အလုပ်စီးပွား

ကောင်းတယ်လို့ ယေဘုယျ အနေနဲ့ သုံးသပ် ရပါလိမ့်မယ်။ လခစား ဝန်ထမ်းများကတော့ ထူးထူးခြားခြား မသိသာ ပေမဲ့ ကိုယ်ပိုင် စီးပွားရေးသမားများကတော့ အခြေအနေ အတိုင်းအတာ တစ်ခုကို ရောက်သွားနိုင်တဲ့နှစ် ပါပဲ။ အလုပ်သစ်၊ စီးပွားသစ်များ စတင်ဖြစ်ပါလိမ့်မယ်။ ရှိတာလေး ရောင်းချပြီး အလုပ် စီးပွား လုပ်လိုက်ရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဒီနှစ်မှာ စလိုက်တဲ့ စီးပွားရေးဟာ ရေရှည် ကောင်းသွားပါလိမ့်မယ်။ အခုမှ စလုပ်တာဆိုတော့ အစကတော့ အဆင်မပြေပါဘူး။ အခက်အခဲအကြပ်အတည်းလေးတွေတော့ ကြုံရမှာပါ။ ရေရှည်ကို ကြည့်ပြီးတော့ အခက်အခဲတွေကို ကျော်လွှားလိုက်ပါ။

စပ်တူအလုပ်တွေ ဆိုရင်တော့ စိတ်ဝမ်းကွဲ ရတတ်ပါတယ်။ စပ်တူလုပ်မယ် ဆိုရင်တော့ ငွေကြေးနဲ့ ပက်သက်တဲ့ အရှုံးအမြတ်ကို ကြိုတင်နားလည်မှု ယူထားစေချင်ပါတယ်။ လုပ်လက်စ အလုပ်တွေကလဲ အရင်နှစ်ထက် သိသိသာသာ ပိုမို အောင်မြင်လာတာမျိုးတွေ တွေ့ရတတ်ပါတယ်။
ဝန်ထမ်းတွေအတွက် ကောင်းတဲ့အချက်က ရာထူးတိုးတာ ၊နေရာကောင်းရတာ ၊မိမိနေလိုတဲ့ နေရာတွေမှာ နေခွင့်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။

ငွေကြေးကဏ္ဍ

ဒီနှစ်မှာ ငွေကြေးကလဲ အဘက်ဘက်က ဝင်နေပါလိမ့်မယ်။ အလုပ်စီးပွား ကောင်းနေတော့ ငွေကြေးကလဲ ကျွဲကူးရေပါ ဆိုသလို နောက်ကလိုက်လာ တတ်ပါတယ်။ ငွေကံကောင်းပေမဲ့ ငွေကတော့ ဝင်သလောက်ပြန်ထွက် နေတတ်ပါတယ်။ စုလို့ဆောင်းလို့ အလွန်ပဲ ခက်ခဲပါတယ်။ ဆီလို အပေါက်ရှာပြီး ငွေကုန်သွား တတ်ပါတယ်။

ငွေကြေး သုံးစွဲတာ ကျစ်လစ်တဲ့ သူတွေတောင်မှ ဝယ်စရာ ခြမ်းစရာတွေ ရှိနေတာကြောင့် ငွေထုတ်သုံးရတတ်ပါ တယ်။ ငွေကို ဘယ်လိုစီမံမလဲ ဆိုတာကတော့ ဒီနှစ်မှာ ပိုမို အရေးကြီး ပါလိမ့်မယ်။ အလုပ်သစ်စဖို့ အတွက် ငွေကြေး ထုတ်သုံးလိုက်ရတာမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။ ငွေကို အပျော်အပါး အတွက်တော့ မသုံးမိပါစေနဲ့။

ကျန်းမာရေး

ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်သလို အကောင်းကြီးလည်း မဟုတ်ပါဘူး။ ကျန်းမာရေး အတွက် ပုံမှန်လေး ဂရုစိုက်သွားရင် ရပါပြီ၊ ကျန်းမာရေး အတွက် စိတ်ညစ်စိတ်ရှုပ်ရတာတွေ နည်းပါးပါလိမ့်မယ်။ သတိထားရမဲ့ ရောဂါဗေဒတွေကတော့ လေရောဂါ၊ ရင်၊ ဝမ်း၊ ဥပဒ်ပေးခြင်းများ ၊လေဖြတ်ခြင်းတွေ ဂရုစိုက် အပ်ပါတယ်။ ဆီးချို၊ သွေးချို၊ သွေးတိုးသမားများကတော့ ဒီနှစ် အထူး ဂရုစိုက်သင့်ပါတယ်။ ဒူးနာ၊ ခါးနာ ကိုယ်လက် မအီမသာဖြစ်ခြင်းများ လည်း ကြုံရတတ်ပါတယ်။

ပညာရေး

ပညာရေး အထူး ကောင်းမွန်နေတဲ့ နှစ်ပါပဲ။ ပညာရေးအတွက် အဘက်ဘက်က စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ဘွဲ့ထူး ဂုဏ်ထူးများ ရခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ ဘွဲ့လွန်တတ်ရတာတွေ ၊နိုင်ငံခြားပညာတော်သင်သွားရတာ မျိုးတွေ ကြုံရတွေ့ရနိုင်ပါတယ်။ ဒီနှစ်ကတော့ တနင်္ဂနွေ သားသမီးတွေအတွက် ပညာရေး အားသာချက် ပိုမို ရရှိမဲ့ နှစ်ပါပဲ။ ကျောင်းပညာ မဟုတ်ဘဲ အခြား အသက်မွေးဝမ်းကြောင်းပညာတွေလဲ ရရှိနိုင်တဲ့ နှစ်မျိုးပါပဲ။ ဒီနှစ်မှာ အလုပ် မအားလို့ သင်တန်းတွေ မတတ်နိုင် ၊ပညာမရှာဘူးနိုင်ဘူး ဆိုရင် online ကနေ self-study ဆိုတာမျိုးနဲ့ ပညာရပ်တစ်ခုခုကို လေ့လာကြည့်ပါ။ သေချာပေါက် ထွန်းပေါက်ပါလိမ့်မယ်။ ဘာသာရေးနဲ့ ပက်သက်သော အသိ ပညာတွေလည်း ရတတ်ပါတယ်။ အဘိဓမ္မာ စာမေးပွဲများ သင်ယူလို့ အထူးကောင်းတဲ့ နေ့ပါပဲ။

တစ်နှစ်တာ အကျိုးပေးဂဏန်း – 9 /2 /5

တစ်နှစ်တာ အကျိုးပေးနေ့ သားသမီးများ- တနင်္လာ ၊ကြာသပတေး ၊သောကြာ

တစ်နှစ်တာ ယတြာများ-

နီးစပ်ရာ စေတီပုထိုးမှာ မကြာခဏ ညလုံးပေါက် လျှပ်စစ်မီး ပူဇော်ဖို့အတွက် အလှူငွေ ထည့်ဝင်ပါ။
သီလရှင် ဆရာလေးတွေကို မကြာခဏ ဆန်လှူပေးပါ။ ဆပ်ပြာလှူပေးပါ။ ဘုရားရှင်အား သီးစုံအချဉ်ဟင်း ခဏခဏ လှူပါ။ ရဟန်း သံဃာတွေကိုလဲ ဆွမ်းဟင်းအဖြစ် လောင်းလှူလိုက်ပါ။ မွေးနေ့နဲ့ တိုက်ဆိုင်ပြီး ဘုရားရှင်အား မုန့်လုံးရေပေါ် ကပ်လှူပါ။ အိမ်နီးနားချင်း တွေကိုလည်း ဝေပါ။ မိမိထက် နွမ်းပါးသူကို ထီလက်မှတ် လက်ဆောင်ပေးပါ။

၇ရက် သားသမီး အပေါင်း ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

Leave a Reply

Your email address will not be published. Required fields are marked *