ရန္ကုန္ၿမိဳ႕မွာ မင္းမဲ့စ႐ိုက္ဆန္ဆန္လုပ္ခ်င္တာလုပ္ခြင့္ရေနၿပီလား

ရန္ကုန္ၿမိဳ႕မွာေတာင္မင္းမဲ့စ႐ိုက္ဆန္ဆန္မူး႐ူးၿပီးလုပ္ခ်င္တာလုပ္ခြင့္ရေနၿပီလား? ။ ဒီေန႔မနက္ေစာေစာကန္ေတာ္ႀကီးပတ္လမ္းထဲတြင္ကားေမာင္းေနရင္း ကားတစ္စီးကအတင္းမရမကလိုက္ေက်ာ္တက္ဖို႔လုပ္ေနတာၾကံဳရတယ္

လမ္းကလဲက်ဥ္းေနတာဆိုေတာ့ ၿပီးေတာ့ေအာက္လမ္းေၾကာမွာ လဲရပ္ထားတဲ့ကားေတြရွိတာနဲ႔ေက်ာ္တက္ဖို႔ကအဆင္မေျပဘူး ေဘးနားကေနလီဗာအတင္းနင္းၿပီးအေရွ႕ကို အတင္းျပန္ဝင္ဖို႔လုပ္ေနလို႔ နဲနဲစိတ္တိုလာတာနဲ႔ခပ္ျမန္ျမန္ေမာင္းလိုက္မိတယ္

ၿပီးလဲၿပီးေရာမီးပြိဳင့္မိေတာ့ေဘးေကြ႕ေၾကာကေနေက်ာ္ၿပီးမီးပြိဳင့္လမ္းမေပၚကိုကန္႔လန္႔ရပ္တယ္ …..ဆဲတာကလဲအမ်ိဳးကိုစံုေနတာပဲ taxiနဲ႔လူကငါးေယာက္ေလာက္ပါတယ္ကားထဲကိုအေျခေနၾကည့္ၿပီးတစ္ေယာက္ထဲဆိုေတာ့ျပသနာလုပ္ဖို႔ဆင္းလာၿပီးမွန္လာေခါက္တယ္

မီးကစိမ္းေနတာေတာင္ ကန္႔လန္႔ႀကီးမီးပြိဳင့္ထိပ္မွာပိတ္ရပ္ထားတယ္ sorryပါ သတၱိမရွိတာမဟုတ္ဘူး …မူး႐ူးၿပီး ငါးေယာက္တစ္ေယာက္ဆြမ္းႀကီးဝိုင္းေလာင္းဖို႔လုပ္ေနတဲ့ေကာင္ေတြနဲ႔ရန္ဖက္ျဖစ္ေလာက္ရေအာင္ဉာဏ္မနည္းဘူး ဦးေႏွာက္ရွိတယ္ေလ

ၿပီးေတာ့ကားကိုလမ္းမေပၚကေနေျပာင္းျပန္ေတြေကြ႕သြားတယ္ ႐ုပ္ရွင္ေတြထဲကအတိုင္းပဲ ဘုရားစူး street fighter ေတြ တစ္ေယာက္ကမွန္လာေခါက္တာကိုေနာက္တစ္ေယာက္ကေနာက္ကေနမွန္ကြဲသြားမယ္ဆိုပဲ အဲ့တာေတာ့ေၾကာက္ၾကသားပဲ

ေနာက္ဆိုတစ္ေယာက္ထဲကားေမာင္းလို႔အဲ့လိုေကာင္မ်ိဳးေတြေတြ႕ရင္ေရွာင္ၾကပါ ျပန္လဲေျပာမေနနဲ႔ေတာ့ေလကုန္တယ္ သူ႔စရိတ္နဲ႔သူသြားလိမ့္မယ္ အခုေခတ္ကကိုယ္ျဖစ္ရင္ကိုယ္ခံပဲ ဘယ္သူမွဝင္ကယ္မွာလဲမဟုတ္ဘူး!Nay Lynn Aung

ရန်ကုန်မြို့မှာတောင်မင်းမဲ့စရိုက်ဆန်ဆန်မူးရူးပြီးလုပ်ချင်တာလုပ်ခွင့်ရနေပြီလား? ။ ဒီနေ့မနက်စောစောကန်တော်ကြီးပတ်လမ်းထဲတွင်ကားမောင်းနေရင်း ကားတစ်စီးကအတင်းမရမကလိုက်ကျော်တက်ဖို့လုပ်နေတာကြုံရတယ်

လမ်းကလဲကျဉ်းနေတာဆိုတော့ ပြီးတော့အောက်လမ်းကြောမှာ လဲရပ်ထားတဲ့ကားတွေရှိတာနဲ့ကျော်တက်ဖို့ကအဆင်မပြေဘူး ဘေးနားကနေလီဗာအတင်းနင်းပြီးအရှေ့ကို အတင်းပြန်ဝင်ဖို့လုပ်နေလို့ နဲနဲစိတ်တိုလာတာနဲ့ခပ်မြန်မြန်မောင်းလိုက်မိတယ်

ပြီးလဲပြီးရောမီးပွိုင့်မိတော့ဘေးကွေ့ကြောကနေကျော်ပြီးမီးပွိုင့်လမ်းမပေါ်ကိုကန့်လန့်ရပ်တယ် …..ဆဲတာကလဲအမျိုးကိုစုံနေတာပဲ taxiနဲ့လူကငါးယောက်လောက်ပါတယ်ကားထဲကိုအခြေနေကြည့်ပြီးတစ်ယောက်ထဲဆိုတော့ပြသနာလုပ်ဖို့ဆင်းလာပြီးမှန်လာခေါက်တယ်

မီးကစိမ်းနေတာတောင် ကန့်လန့်ကြီးမီးပွိုင့်ထိပ်မှာပိတ်ရပ်ထားတယ် sorryပါ သတ္တိမရှိတာမဟုတ်ဘူး …မူးရူးပြီး ငါးယောက်တစ်ယောက်ဆွမ်းကြီးဝိုင်းလောင်းဖို့လုပ်နေတဲ့ကောင်တွေနဲ့ရန်ဖက်ဖြစ်လောက်ရအောင်ဉာဏ်မနည်းဘူး ဦးနှောက်ရှိတယ်လေ

ပြီးတော့ကားကိုလမ်းမပေါ်ကနေပြောင်းပြန်တွေကွေ့သွားတယ် ရုပ်ရှင်တွေထဲကအတိုင်းပဲ ဘုရားစူး street fighter တွေ တစ်ယောက်ကမှန်လာခေါက်တာကိုနောက်တစ်ယောက်ကနောက်ကနေမှန်ကွဲသွားမယ်ဆိုပဲ အဲ့တာတော့ကြောက်ကြသားပဲ

နောက်ဆိုတစ်ယောက်ထဲကားမောင်းလို့အဲ့လိုကောင်မျိုးတွေတွေ့ရင်ရှောင်ကြပါ ပြန်လဲပြောမနေနဲ့တော့လေကုန်တယ် သူ့စရိတ်နဲ့သူသွားလိမ့်မယ် အခုခေတ်ကကိုယ်ဖြစ်ရင်ကိုယ်ခံပဲ ဘယ်သူမှဝင်ကယ်မှာလဲမဟုတ်ဘူး!Nay Lynn Aung

Leave a Reply

Your email address will not be published. Required fields are marked *