Category: ကျန်းမာ​ရေးဗဟုသုတ
သေမင်းနှင့် ရန်ဖြစ်နေတတ်သော ဆိပ်ဖလူးပင် (သို့မဟုတ်) ဆိပ်ဘီလူး (Nyctonthes Arbrtristis)
admin /August 5, 2019
နံနက်စောစော အရုဏ်ဦးမှာ ရနံ့ မွှေးမွှေးလေး နဲ့ အလှဆင်တတ်တဲ့ ဆိပ်ဖလူးပန်းပင် များကို မြို့တိုင်း ရွာတိုင်း လွယ်လွယ်ကူကူ တွေ့ရတတ်ပါသည် ။ လူအချို့က မသိနားမလည်သူများရဲ့ ကောလာလဟ စကားများကြောင့် ဘီလူးစောင့်သည် ဆိုကာ တန်ဖိုးရှိသော ဆိပ်ဖလူး ပင်များကို ခုတ်ပစ်ကြတတ်ပါသေးသည် ။ တကယ်တော့ ဒီအပင်ဟာ လူတွေကို အန္တရာယ်ပေးတတ်တဲ့ အဆိပ်တွေကို ဘီလူးလို စုပ်ယူစားသုံး တတ်လို့ ဆိပ်ဘီလူး ဟု ခေါ်ကြောင်း ရွှေတောင်မြို့နယ် မဲတောရွာ မြွေဆိုးအန္တရာယ်ကို ဇီဝိတ ဒါနဖြင့် ကုသရာမှာ နာမည်ကြီးသော ဘိုရုံကျောင်း ဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ဖူးတာကို မှတ်သားခဲ့ ရပါသည် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော် အချိန်က ဖြစ်ပါတယ် ။ကျွန်တော်နှင့် Continue Reading →
သင့်ကျန်းမာရေးအတွက် မာလကာရွက်ရဲ့ အံ့အားသင့်ဖွယ် ကောင်းကျိုး ( ၁၀ ) မျိုး
မေ သတင်း လေး /August 4, 2019
(၁)ကိုယ်အလေးချိန်ကျစေခြင်း။မာလကာရွက်သည် ကစီဓာတ်များကို သကြားအဖြစ်သို့ပြောင်းလဲခြင်းကို တားမြစ်ပေးလို့ကိုယ်အလေးချိန်ကျစေပါတယ်။(၂) ဆီးချိုအတွက်ဆေးတစ်လက်။ဂျပန်နိုင်ငံမှ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ မာလကာရွက်ဟာ alpha-glucosidase အင်ဇိုင်းရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေတာမို့ သွေးတွင်းအချိုဓာတ်ကို ကျဆင်းစေပါတယ်။ ကိုယ် ခန္ဓာမှသကြားများ စုပ်ယူခြင်းကိုလဲ တားမြစ်ပေးပါတယ်။ နေ့စဉ် မာလကာရွက်ပြုတ်ရည်ကိုပုံမှန်သောက်လျှင် ၂ပတ်ကြာသောအခါ သွေးတွင်းအချိုဓာတ်ကျဆင်းတာတွေ့ရပါတယ်။ (၃)ကိုလက်စထရောကျစေခြင်း။-မာလကာရွက်ပြုတ်ရည်ကို နေ့စဉ်သောက်ပါက ၃လခန့်အကြာမှာ ကိုယ်တွင်းရှိ မကောင်းသော ကိုလက်စထရောများကို လျော့နည်းစေပါတယ်။ထို့ပြင် အသည်းကိုလဲ ပြန်လည်အားဖြည့်ပေးပါတယ်။(၄)သွားကိုက်ခြင်း နဲ့ လည်ချောင်းနာခြင်းကို သက်သာစေတယ်။မာလကာရွက်တွင် ပိုးသတ်အာနိသင်ရှိတာမို့ သွားကိုက်ခြင်းကိုသက်သာစေပြီး မာလကာရွက်ပြုတ်ရည်ဖြင့် ပလုတ်ကျင်းပါက လည်ချောင်းနာခြင်းနဲ့ သွားဖုံးရောဂါကိုပါ ကောင်းမွန်စေပါတယ်။ ဒါကြောင့် မာလကာရွက်ကို သွားတိုက်ဆေးများတွင် ထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။ (၅)ဆီးကျိတ်ကင်ဆာ။ဆီးကျိတ်ရောင်ခြင်းနဲ့ဆီးကျိတ်ကင်ဆာသမားများအနေနဲ့လဲ မာလကာရွက်ပြုတ်ရည်ကို နေ့စဉ်သောက်ပေးသင့်ပါတယ်။(၆)ဒဏ်ရာများနဲ့ပိုးဝင်ခြင်း။အနာကျက်စေသောအာနိသင်ရှိတာမို့ ထိခိုက်ဒဏ်ရာရှိသူများအနေနဲ့လဲ မာလကာပြုတ်ရည်ကို သောက်ပေးနိုင်ပါတယ်။ ထို့ပြင် ပိုးသတ်အာနိသင်ရှိတာမို့ ဘတ်တီးရီးယားပိုးဝင်ခြင်းကိုလဲ သက်သာစေပါတယ်။နားပြည်ယိုရောဂါရှိသူများလဲ မာလကာရွက်ပြုတ်ရည်ကို Continue Reading →
ဆင်တုတ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဦးစားပေး စားရမည့် အစားအစာများ
မေ သတင်း လေး /August 2, 2019
အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။ ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya Continue Reading →
တင်းတိတ် ပျောက်ချင်လား
admin /August 1, 2019
တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့  အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ ပါ ။ အုန်းမုတ် ခွက်သာ သက်သေကြည့်တော့ ။ Credit – Aung Myo #သံပုရာသီးမသုံးပဲ အုန်းမုတ်ခွက်ပဲသွေးလူးပါက သုံးခါလောက်လူးပြီး မျက်နာပြင်ချောမွေ့လာမည်ကို လက်တွေ့သိရပါလိမ့်မည် ။ ။ “လူသိနည်းသော အုန်းမုတ်ခွက်ဆေးနည်းများ ” အောက်မှ link မှာဖိဖတ်ပေးပါ ။ ။ လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ” ———————————————— အခုပြောပြမယ့်ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။ ဖတ်ဘူးသမျှနဲ့ကိုယ်တွေ့ဆေးဖက်ဝင် တဲ့အုန်းမှုတ်ခွက်အကြောင်းလေးပါ ။ အညာဒေသရဲ့ ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ့်စရာ့ ဓလေ့ တွေ ဟာ…ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ ။ ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် Continue Reading →
admin /August 1, 2019
ကလေးငယ်များအစာနင်ခြင်း ( သို့ ) လည်ချောင်းထဲတစ်ခုခုဆို့ခြင်းဖြစ်ပေါ်ပါက အရေးပေါ် ကုသနည်း
မေ သတင်း လေး /July 31, 2019
တစ်နှစ်အောက်ကလေးတွေ အတွက်တော့ အစာ သို့မဟုတ် နို့များပြန်အန်ခြင်းကြောင့် လည်ပင်းနင်ခြင်းဖြစ်နိုင်ပါတယ်။ ကလေးအနေနဲ့ နို့မဝခြင်းကြောင့် အလွန်ဆာလောင်နေသောအချိန်မှာသော်လည်းကောင်း၊အိပ်ပုံအနေအထားမမှန်တာကြောင့်လည်းကောင်း၊မိခင်ကနို့ပေါသောကြောင့် ကလေးကမြန်မြန်လိုက်မစို့နိုင်သောကြောင့်လည်းကောင်း လည်ပင်းဆို့နင့်နိုင်ပါတယ်။ကလေးငယ်များဝါးနိုင်သော အနေအထားမဟုတ်ပဲအစာများကြီးနေသောအခါလဲနင်တတ်ပါတယ်။ တစ်နှစ်အောက်ကလေးငယ်များ လည်ပင်းနင်ခြင်းအတွက် အရေးပေါ်နည်းလမ်းများကလေးကို သင့်လက်မောင်း တစ်ဖက်ပေါတွင် မှောက်လျက်အနေအထားထားပါ ကလေးခေါင်းကို အောက်ဘက်စိုက်ထားပါ။ပုခုံးနှစ်ခုကြားကို ကျန်လက်တစ်ဖက်ဖြင့် ငါးချက်ခန့်ရိုက်ပေးပါ။ကလေးလည်ချောင်းထဲက အစာထွက်သည်အထိ ရိုက်ပေးပါ။ ကလေးကို သင့်လက်မောင်းပေါ်မှာ ပက်လက်အနေအထားထားပါ။ကလေးကိုယ်တစ်ခုလုံးကို ဇောက်ထိုးအနေအထားထားပါ။ ကလေးရဲ့ နံရိုးနှစ်ခုဆုံရာကို သင့်လက်ညိုးနဲ့လက်ခလယ်သုံးပြီး ၅ကြိမ်ခန့်ဖိပေးပါ။တစ်နှစ်အထက်ကလေးများ လည်ပင်းနင်သောအခါကလေးကြီးများအတွက်တော့ အခြားအရေးပေါ်နည်းတွေကိုအသုံးပြုပါတယ်။ -ကလေးကို သင့်လက်တစ်ဖက်ပေါ်တင်ပြီး ရှေ့ကိုငိုက်လျက်အနေအထားတွင်ထားပါ။ သင့်လက်ဖနောင့်ကိုသုံးပြီး ကလေးရဲ့ ကျောအလယ်ကို ၅ချက်ခန့် ခပ်ပြင်းပြင်းရိုက်ပါ။ကလေးကို သင့်အားကျောခိုင်းလျက်အနေအထားတွင်ထားပြီး ဒူးထောက်ခိုင်းပါ။ကလေးရဲ့ ခါးနှစ်ဖက်ကို သင့်လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပါ။ဆုပ်ကိုင်ရာမှာ လက်တစ်ဖက်ကိုလက်သီးဆုပ်အနေအထားထားပြီး ကျန်လက်တစ်ဖက်ကို ထိုလက်သီးဆုပ်အပေါ်မှ အုပ်ပြီးကိုင်ထားပါ။ထိုလက်အနေအထားဖြင့် ကလေးရဲ့ နံရိုးနှစ်ဖက်ဆုံရာနေရာကို ဖိပေးပါ။ လည်ပင်းတွင်ဆို့နေသော အ Continue Reading →
တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို အန္တရာယ်ရှိတဲ့ ၀က်သားတွေတင်သွင်းလာတဲ့ Video မှတ်တမ်း
မေ သတင်း လေး /July 31, 2019
စားသုံးသူပြည်သူများ သတိပြုကြရန် မနေ့က၂၆.၇.၂၀၁၉ နေ့ကဖြစ်၏။ တရုပ်ပြည်နယ်စပ် ကျယ်ဂေါင်ဘက်အခြမ်းမှမြန်မာပြည်မူဆယ်ဘက်သို့ မည်သည့်အခါက အဘယ်သို့သေသည်မသိသော ဝက်သားခြောက်မှိုတက် အများအပြားကို တင်သွင်းလာသည်ကို ကျနော့်မိတ်ဆွေတစ်ယောက်မှ we chatဖြင့် ဓာတ်ပုံဗွီဒီယိုပေးပို့လာပါတယ်။ ဒါဟာ အများပြည်သူစားသုးံသူနိုင်ငံသားများ ကျမ္မာရေးအတွက် အလွန်အရေးပါလို့FDAစားသောက်ကုန်စိစစ်ရေးကအထူးကြပ်မတ်ကိုင်တွယ်ပြီးထိရောက်စွာပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ် ။ သူတို့တရုတ်နိုင်ငံဘက်အခြမ်းကိုတော့စားသုးံဖို့ရန်ယူဆောင်လာသော မည်သည့် အသီးအနှံ အစားအသောက်တစ်စုံတစ်ရာမှပေးမဝင်ဘဲ ကိုယ်တွေရဲ့နိုင်ငံဘက်ကလျော့တိလျော့ရဲဖြစ်နေလျှင်တော့ဖြစ်လာမည့်ကျမ္မာရေးနောက်ဆက်တွဲဆိုးကျိုးများသည်မတွေးဝံ့စရာမို့ တာဝန်ရှိသူများအပါအဝင် အားလုးံကဝိုင်းဝန်းဖော်ထုတ်အရေးယူမျှဝေပေးကြပါလို့ ကျမ္မာရေးအတွက်အထူးနိုးဆော်တိုက်တွန်းအပ်ပါသည်။ ရုပ်သံကြည့်ရန် ကျော်မဟာနွယ်
H1N1 ကြောင့်သေဆုံးသူ (၇၂)ဦးထိရှိလာ
မေ သတင်း လေး /July 26, 2019
H1N1ဖြစ်ပွားသူနှုန်းရော သေဆုံးသူဦးရေပါ တရိပ်ရိပ် မြင့်တက်လာတာကြောင့်ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုတွေနဲ့ ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကိုပြုလုပ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဇူလိုင်လ(၂၅)ရက်နေ့ထိ သေဆုံးသူ (၇၂)ဦးရှိကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ(၂၅)ရက် ညနေ(၄)နာရီလောက်က ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ (၇၂)ဦးရှိခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးသေဆုံးနေပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၂၀၉)ဦးရှိပြီးသေဆုံးသူ (၅၆)ဦးရှိနေပါပြီ။ ဒုတိယအများစုကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၃၄)ရှိပြီး သေဆုံးသူ (၅)ဦးရှိနေပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ဖြစ်ပွားသူ (၃၈၉)ဦးထိရှိကြောင်းကိုလည်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ မြန်မာနိုင်ငံမှာ H1N1ကို မေလလောက်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ပွားသူနှုန်းရော သေဆုံးသူဦးရေပါ တရိပ်ရိပ် မြင့်တက်လာရာမှာ အခုဆိုရင် ဖြစ်ပွားသူဦးရေက (၄၀၀)နီးပါးရှိလာခဲ့ပါတယ်။ဒီလို ဖြစ်ပွားနေမှုကြောင့် Continue Reading →
ရက် ၂၀ ကျော် ဆိုးနေတဲ့ချောင်း လက်တွေ့ ပျောက်ခဲ့တဲ့ မြန်မာ့ဆေးနည်း
admin /July 26, 2019
ချောင်းဆိုးတာ ရက်၂၀ကျော်ဖြစ်နေပြီ။ ခုထိ မပျောက်လို့ ဆေးနည်းလေးရှိရင် သိပါရစေရှင့်။ ငရုတ်ကောင်းနဲ့ ပျားရည်ရှိလား။…. ဟုတ်၊ ရှိပါတယ်။…. ငရုတ်ကောင်း ၅စေ့စာ အမှုန့်ကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းစာနဲ့ ရောမွှေပြီး လျှက်ပေးပါ။ ….. နာရီဝက်အတွင်း ရေလုံးဝမသောက်ရ။ …. အခြေအနေပြန်ပြောပါ။ဟုတ်ကဲ့ပါ ဆရာ။သက်သာသွားပြီ ဆရာရေ။ ကျေးဇူး အထူးတင်ပါတယ်ရှင်။ Unicode ချောင်းဆိုးတာ ရက်၂၀ကျော်ဖြစ်နေပြီ။ ခုထိ မပျောက်လို့ ဆေးနည်းလေးရှိရင် သိပါရစေရှင့်။ ငရုတ်ကောင်းနဲ့ ပျားရည်ရှိလား။…. ဟုတ်၊ ရှိပါတယ်။…. ငရုတ်ကောင်း ၅စေ့စာ အမှုန့်ကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းစာနဲ့ ရောမွှေပြီး လျှက်ပေးပါ။ ….. နာရီဝက်အတွင်း ရေလုံးဝမသောက်ရ။ …. အခြေအနေပြန်ပြောပါ။ဟုတ်ကဲ့ပါ ဆရာ။သက်သာသွားပြီ ဆရာရေ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။ Credit-Shwe Continue Reading →
ကနီမြို့နယ်တွင်းရွာမအုပ်စုတွင် ရွာလုံးကျွတ်နီးပါး ဆင်တုပ်ကွေးရောဂါဖြစ်ပွား
မေ သတင်း လေး /July 24, 2019
ကျေးရွာဆေးမှူးက မသင်္ကာတဲ့ လူနာတွေဆိုရင် ဆေးရုံကိုလွှတ်ကာ သွေးစစ်ဆေးမှုတွေပြုလုပ်လျှက်ရှိပြီး ဆေးရုံကစိုးရိမ်စရာမရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပေမယ့် ရွာသားတွေက ရောဂါမပျောက်ဘဲ ဆက်လက်ဖြစ်နေဆဲလို့ တွင်းရွာမကျေးရွာအုပ်စု ရာအိမ်မှူး ဦးဝင့်က ပြောပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တွင်းရွာမကျေးရွာအုပ်စုမှာ အုပ်စုတွင်းကျေးရွာအားလုံးနီးပါး ဆင်တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့သိရပါတယ်။ တွင်းရွာမကျေးရွာအုပ်စုမှာဆိုရင် ကျေးရွာ(၅)ရွာရှိပြီးတစ်ရွာမှာ လူဦးရေ (၆၀)ရာခိုင်နှုန်းလောက်က တုပ်ကွေးရောဂါဖြစ်ပွားလျှက်ရှိတယ်လို့ တွင်းရွာမကျေးရွာအုပ်စု ရာအိမ်မှူး ဦးဝင့်က ပြောပါတယ်။ “ ရွာသားတွေက အပြင်း(၃)ရက်လောက်ဖျားပြီး ကျေးလက်ဆေးပေးခန်းမှာ ဆေးထိုးလိုက်ရင်အဖျားပြတ်သွားပြီးတော့ လူကနုန်းချိပြီး အဆစ်အမြစ်တွေကိုက်တယ်။ ယားလို့ကုပ်လိုက်ရင် ဖုတွေထလာတယ်။ အခုကျွန်တော်တို့ကျေးရွာအုပ်စုမှာဆိုရင် ရွာတစ်ရွာမှာ (၆၀)ရာခိုင်နှုန်းလောက်က အခုလိုဖြစ်နေကြတယ်။ အခုဆိုရင် ဒီရောဂါကြောင့်လား ဘာလားတော့မသိဘူး။ ကိုယ်ခံအားနည်းတဲ့ နာတာရှည် သက်ကြီးရွယ်အိုတွေအပါအဝင် ဒီရက်ပိုင်းအတွင်းကို (၅) ယောက်သေသွားပြီ။ အသက်(၂၀)ဝန်းကျင်မိန်းကလေးတစ်ဦး၊ အသက်(၄၀) ကျော်အမျိုးသားတစ်ဦးနဲ့ အသက်(၇၅)နှစ်အထက် သက်ကြီး(၃)ဦးသေဆုံးသွားပြီ။ ဒီနေ့နေ့လယ်ပိုင်းမှာတော့ Continue Reading →