နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေများတွင်အအေးပိုလာပါမည်

မြန်မာနိုင်ငံအထက်ပိုင်းဒေများတွင်အအေးပိုလာမည်ဟုမိုးဇလခန့်မှန်း ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ များတွင်နောက်(၂)ရက်အတွင်းညအပူချိန်များ လျော့နည်းနေမည်ဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သည်။ လတ်တလောတွင်အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာလည်းဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

အပူပိုင်းမုန်တိုင်း PABUK ရဲ့ အခြေအနေ ဇန်န၀ါရီလ (၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်များ

၂၀၁၉ ခုနှစ်၊ဇန်န၀ါရီလ (၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၄-၁၂-၂၀၁၈)ရက် နံနက် (၀၉း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ကျန်ဘင်္ဂလားပင် လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

ဆူနာမီ တိမ်တိုက်လှိုင်းလုံးကြီး အင်ဒိုနီးရှားမှာ ဖြစ်ပေါ်၍ လူတွေ အထိတ်တလန့်ဖြစ်နေ

အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူလာဝေစီက မာကာဆာလေဆိပ်မှာ အင်္ဂါနေ့ နေ့လယ်ပိုင်းက လေယာဉ်ခရီးစဉ် ငါးခု ပျံတက်ဖို့ကို ရပ်တန့်ခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လေဆိပ်ပတ်လည်မှာ တိမ်စိုင်တိမ်လိပ်တွေ ဖုံးလွှမ်းလာတာကြောင့်ပါပဲ။ ဖြစ်ပေါ်လာတဲ့ တိမ်စိုင်တိမ်လိပ်တွေဟာ လှိုင်းလုံးကြီးတွေလို တစ်လိပ်လိပ် တက်လာပြီး ဆူနာမီရေလှိုင်းတွေလိုမျိုးပဲ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ဆူလတန်ဟာဆန်နုဒင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ခုလို ကြုံတွေ့ဖြစ်ပွားတာဖြစ်ပြီး လေဆိပ်ကို ဆင်းသက်မယ် …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများကို မုန်တိုင်းအန္တရာယ်သတိပေးပြီ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့  မြန်မာအလုပ်သမားတွေ မုန်တိုင်းကို သတိထားနေထိုင်ကြဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အလုပ်သမား သံအရာရှိရုံးက အထူး သတိပေးကြေညာချက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းဟာ အင်ဒိုချိုင်းနားဒေသက တဆင့် ဇန်န၀ါရီ ၄ ရက်နေ့ ညဦးယံမှာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ချွန်ဖော်ခရိုင်၊ ဆူရတ်ဌာနီခရိုင်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ဇန်န၀ါရီ …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

လာမည့် (၇၂)နာရီအတွင်း အပူပိုင်းမုန်တိုင်း PABUK ဖြတ်ကျော်ဝင်ရောက်လာနိုင်မည့် အခြေအနေများ

တောင်တရုတ်ပင်လယ်၊ ဗီယက်နန်ကမ်းလွန်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျှက်ရှိသော အပူပိုင်းမုန်တိုင်း PABUK(36W)သည် အနောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ကွန်ပျူတာမော်ဒယ်များ၏ ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားစဉ် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနှင့် မြိတ်မြို့များအနီးမှ ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်အတွင်းသို့ ဇန်နဝါရီလ(၅)ရက်နေ့နံနက်ပိုင်းတွင်ရောက်ရှိမည်ဖြစ်ကြောင်း၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကိုကိုးကျွန်းအနီးမှ ဇန်နဝါရီလ(၇)ရက်နေ့နံနက်ပိုင်း၌ ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်သို့ ဆက်လက် ဝင်ရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

၂၀၁၉တွင် နွေရာသီပုံမှန်ထက်ပိုပူပြီး မိုးအဝင်နောက်ကျနိုင်ကြောင်း ဒေါက်တာထွန်းလွင်ခန့်မှန်းချက်

၀၁၉ တွင် အစွန်း ရောက်ရာသီဥတု ကြုံတွေ့နိုင် ဖွယ်မရှိဘဲ အယ်လ်နီညိုကြောင့် နွေရာသီပုံမှန်ထက် ပူနိုင်ကာ မိုး အဝင်နောက်ကျနိုင်ကြောင်း မိုး လေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောကြား သည်။ ၂၀၁၉ အတွင်း ဖြစ်နိုင်ဖွယ် ရာသီဥတုအခြေအနေကို ဒေါက် တာထွန်းလွင်သို့ 7Day Dailyက မေးမြန်းရာ အယ်လ်နီညိုကြောင့် နွေရာသီပိုပူနိုင်ခြင်းနှင့် မုတ်သုံအဝင်နောက်ကျနိုင်၍ …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ

အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း သတိပေး

နေ့စဉ်မိုးလေဝသသတင်း(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် …

အပြည့်အစုံ ဖတ်ရန်နှိပ်ပါ