Category: မိုး​လေဝသ

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း ယခုနှစ်အတွင်း ဒုတိယမြောက်မုန်တိုင်းဖြစ်လာနိုင်

မေ သတင်း လေး /July 22, 2019

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်သို့ အားကောင်း လာနိုင်ခြေရှိကာ မြန်မာနိုင်ငံ အ ထက်ပိုင်းနှင့် အောက်ပိုင်းဒေသ များ မိုးကောင်းနိုင်၍ ရေဘေး ဆက်လက် သတိပြုနေထိုင်ရန်မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။ မြန်မာ့ကမ်းရိုးတန်း (ကိုကိုး ကျွန်းပင်လယ်ပြင်)နှင့် နီးသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဇူလိုင် ၂၁ ရက်က စ၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ယင်းလေဖိအား နည်းရပ်ဝန်းသည် ၂၀၁၉ မိုးရာသီ ကာလအတွင်း ဒုတိယမြောက် မုန်တိုင်းဖြစ်လာနိုင်သည်ဟု ၎င်း က ခန့်မှန်းသည်။ ‘‘လေဖိအားနည်းရပ်ဝန်းက မြန်မာ့ကမ်းရိုးတန်းနဲ့ နီးပါတယ်။ မုန်တိုင်းဖြစ်ဖို့ အလားအလာတွေ စပြလာနေပါတယ်။ ဒီနှစ်အတွင်း ဒါက မုန်တိုင်းဖြစ်ဖို့အလားအလာ အနီးစပ်ဆုံး မြင်တွေ့ရခြင်းပါပဲ။ အခြေအနေကိုတော့ စောင့်ကြည့် ရမယ်။ Continue Reading →

အပူချိန်တွေ ဆက်လက် မြင့်တက်နိုင်တဲ့အတွက် သတိပြုနေထိုင်ဖို့ ဒေါက်တာထွန်းလွင် သတိပေးပြီ

မေ သတင်း လေး /July 17, 2019

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံကို အဝင်နောက်ကျတာကြောင့် မေ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အတွင်း ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီး ၁၁ ခုမှာ အပူချိန်တွေ ဆက်ပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အန္တရာယ်ရှိလောက်တဲ့ အပူချိန်တွေ ဖြစ်လာနိုင်လို့ အထူးဂရုစိုက်နေထိုင်ဖို့ သတိပေးထားတာဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က RFA ကို ပြောပါတယ်။ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မေလလယ်လောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မေလ ၂၁ ကနေ ၂၅ ရက်အတွင်းဝင်ရောက်နိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ မေလ ၂၆ ကနေ ၂၉ အတွင်း၊ မြောက်ပိုင်းဒေသတွေမှာ မေလ ကုန်ပိုင်းလောက်မှာ ဝင်ရောက်နိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် Continue Reading →

ဧရာဝတီမြစ်အောက်ပိုင်းဒေသများ ရေဘေးသတိထားရန် ဒေါက်တာထွန်းလွင်သတိပေး

မေ သတင်း လေး /July 16, 2019

မြစ်ကြီးနားအပါအ၀င် အထက်ပိုင်းဒေသမြို့နယ်များ တွင် ဧရာဝတီမြစ်ရေကျဆင်းနေ ပြီး အောက်ပိုင်းဒေသများ၌ ရေ မြင့်တက်လာရာ ရေကြီးနစ်မြုပ် သည့် ဧရိယာကျယ်ပြန့်လာပြီး မြစ်ကမ်းဘေးမြို့နယ်များ ရေ ဘေးသတိပြုရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။ ဧရာဝတီမြစ်ရေသည် က ချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ မြင့် တက်ခဲ့ပြီး ဇူလိုင် ၁၃ ရက်က စတင်၍ ကျဆင်းခဲ့သည်။ မြစ်ကြီး နား၌ ရေကျသွားသော်လည်း ၀ိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်မြို့တို့တွင် ရေ၀င် ခဲ့ပြီး မြစ်ကမ်းဘေးဒေသ၌နေ ထိုင်သူများ ကယ်ဆယ်ရေးစခန်း များတွင် ယာယီခိုလှုံနေရသည်။ မြစ်ရေက အထက်ကနေ ကျလာရင် အောက်ဘက်ဒေသ တွေ ရေများလာမယ်။ နောက်နှစ် ရက်ကနေ သုံးရက်အတွင်းဆို မန္တ လေးလောက်အထိ Continue Reading →

မြန်မာတစ်နိုင်ငံလုံးတွင် မိုးတိမ်တောင် အန္တရာယ်ရှိနေဟု ဒေါက်တာထွန်းလွင် သတိပေး

မေ သတင်း လေး /June 2, 2019

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ ၀င်ရောက်နေကာ ဒေသအနှံ့ လေထုမတည်မငြိမ်ဖြစ်နေ၍ မိုးတိမ်တောင်အန္တရာယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။ ဇွန်လ ၁ ရက် တိုင်းတာချက် အရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ဆက်လက်ဝင်ရောက်နေပြီး လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသသို့ ဆက်လက်ဝင်ရောက်မည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ လတ်တလော၌ အန္တရာယ်အကြီးမားဆုံးသည် မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်စေသည့် မိုးတိမ်တောင်ဖြစ်ပြီး မြန်မာနိုင်ငံဒေသအနှံ့ လေထုမတည်မငြိမ် ဖြစ်နေသည်ဟု သတိပေးထား သည်။ ‘‘မိုးတိမ်တောင်က တစ်နိုင်ငံလုံးမှာ ဖြစ်နိုင်ခြေရှိတယ်’’ဟု ဇွန်လဆန်းတွင် ဖြစ်ပေါ်နိုင်သော ရာသီဥတုအခြေအနေကို ဒေါက်တာထွန်းလွင်က သတိပေးသည်။ ယခုနှစ် မိုးရာသီတွင် အ နောက်တောင်မုတ်သုံလေ ၀င် ရောက်မှု ၁၅ ရက်ခန့် နောက်ကျပြီး Continue Reading →

တစ်​နိုင်ငံလုံးမျှော်နေသော​ရွှေမိုးးးးးလာပါပြီ…

မေ သတင်း လေး /May 20, 2019

တနိုင်ငံလုံးမျှော်နေသော_ရွှေမိုးးးးးလာပါပြီ ရက်ဆက်ရွာသွန်းမှာမို့ကြိုတင်ပြင်ဆင်ထားကြပါဗျို့ ၁၉ ၅ ၂၀၁၉ရက်​ မနက် နိုင်ငံအောက်ပိုင်းကို စတင် ၀င်ရောက်လာတဲ့ မိုးဟာ ၂၀ ရက်နေ့မှာ နိုင်ငံအလယ်ပိုင်း မိတ္ထီလာ ကျောက်ပတောင်းအထိ တက်လာပြီး နေရာကွက်ကြား ရွာသွန်းကာ၂၁ ရက်နေ့ မှတော့ ရှမ်းတောင် ကယား နဲ့  နေပြည်တော်မှ အောက်ပိုင်းဒေသများ သဲသဲ မဲမဲရာံသွန်းမှာဖြစ်လို့  ရန်ကုန်သားများ မြောင်းရှင်းထားကြဘို့ လိုကြောင်းပါ အိမ် အမိုးပြင်နေသူများလည်း နက်ဖန် ၂၀ ရက် အပြီးပြင်ထားကြပါဗျာ ၂၃ရက်​​နေ့မှာ​တော့ တပြည်​လုံး အနှံရွာသွန်းပြီး ​အစိမ်း​ရောင်​ အနီ​ရောင်​​များက​တော့ နေရာကွက်​ပြီး မိုးထစ်​ချုန်းရွာနိုင်​​သော​ဒေသများဖြစ်​ပါတယ်​။ မေလကုန်​သည်​အထိ ရက်​ဆက်​ရွာသွန်းမယ့်​အ​ခြေအ​နေပါနိုင်​ငံ​တောင်​ပိုင်း ​မြောက်​ပိုင်းများ ​ရေကြီး​ရေလျှံ နိုင်​​သော​ကြောင့်​ လမ်း တံတားများ အထူးသတိထားရပါ့မယ်​ အလယ်​ပိုင်း​ဒေသများ မိုးရွာလိုက်​ Continue Reading →

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြောပြီ

မေ သတင်း လေး /May 19, 2019

မေလ ၂၁ ရက် နောက်ပိုင်းမှသာ မုတ်သံလေ ဝင်ရောက်နိုင်ဟု ဦးထွန်းလွင်ပြော ၂၀၁၉ မိုးရာသီသည် မုတ်သုံလေ အဝင်နောက်ကျ သော နှစ်ဖြစ်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းသို့ မေလ ၂၁ ရက် နောက်ပိုင်းမှသာ ဝင်ရောက်လာ နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော သည်။ မူလက မေလ ၁၅ ရက်ခန့် တွင် ဝင်ရောက်နိုင်ကြောင်း ခန့် မှန်းသော်လည်း ရက်သတ္တတစ် ပတ်ခန့် နောက်ကျပြီးမှ ဝင် ရောက်လာဖွယ်ရှိကြောင်း ဒေါက် တာထွန်းလွင်က မေလ ၁၆ ရက် ၌ သတင်းထုတ်ပြန်ထားသည်။ ‘‘၂၀၁၉ ဟာ မုတ်သုံလေ အဝင်နောက်ကျသော နှစ်ဖြစ်ပါ တယ်။ မိုးရွာသွန်းမှု လျော့နည်း နေတဲ့အပြင် အပူချိန်များလည်း Continue Reading →

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ခံရနိုင်ဖွယ်​ရှိနေ

မေ သတင်း လေး /May 15, 2019

အများပြည်သူများသိစေဖို့ငလျင်ဒဏ် သတင်းကိုမျှဝေလိုက်ပါတယ်။ ပထမဦးစွာအနေနဲ့မြန်မာနိုင်ငံအတွင်းမှာဘာကြောင့်ငလျင်လှုပ်ရလဲဆိုတာမှာအကြောင်းကြီးနှစ်ချက်ရှိနေပါတယ်။ (၁) အိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံအတွင်းရွေ့လျားလာတဲ့အိန္ဒိယပြတ်ရွေ့မြေထု။ (၂) စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်တဲ့မြန်မာနိုင်ငံအတွင်းမှအနောက်ဘက်ကိုဦးတည်ရွေ့လျားနေတဲ့ပြတ်ရွေ့မြေထု။ စတဲ့အကြောင်းကြီးနှစ်ချက်ကြောင့်မြန်မာနိုင်ငံအတွင်းမှာငလျင်များလှုပ်နေရခြင်းဖြစ်ပါတယ်ဆိုတာကိုVOA သတင်းဌာနမှဒေါ်ခင်မျိုးသက်မှမေးမြန်းအင်တာဗျူးထားပြီးမြန်မာနိုင်ငံ ငလျင်ကော်မတီနာယကဒေါက်တာ ဦးသိန်းဖြေကြားထားပါတယ်။ ငလျင်ဒဏ်အများဆုံးခံရဖွယ်နှင့်အပြင်းထံဆုံးခံရဖွယ်ဧရိယာများအနေဖြင့်ပြောကြားသွားရာမှာ– (၁) မန္တလေးးတိုင်းအရှေဘက်ခြမ်း (၂) ပဲခူးတိုင်းအရှေ့ဘက်ခြမ်း (၃) ချင်းတောင်တန်းမြောက်ဘက်ခြမ်း/ စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း စသည့်ဧရိယာများဖြစ်ကြပြီးအန္တရာယ်များနှင့်လည်းကြုံရဖွယ်ရှိပါကြောင်းပြောကြားသွားပါတယ်။ တိုင်းအလိုက်ခွဲခြားပြီးပြောကြားရာမှာတော့.- (၁) ရန်ကုန်တိုင်းအတွင်းမှာဆိုရင်ဖြင့်ရန်ကုန်မြို့ဧရိယာ၏အရှေဘက်အခြမ်းရှိစစ်ကိုင်းပြတ်ရွေ့ကြောဖြင့်၁၅–၂၀မိုင်နီးစပ်လျှက်ရှိနေသောဒဂုံတောင်/မြောက်၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်းမြို့နယ်များဖြစ်ကြပါတယ်။မြေပျော့ဧရိယာများဖြစ်ကြသည့်အတွက်လည်းအခြားနေရာများနှင့်နှိုင်းလျှင်ပိုမိုခံရဖွယ်ရှိပါကြောင်းပြောကြားသွားပါတယ်။ (၂) မန္တလေးတိုင်းအတွင်းမှာဆိုရင်ဖြင့်တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်အများဆုံးခံရဖွယ်ရှိပါတယ်။ရစ်ချက်တာစကေး၉– ၁၀အထိအောင်လှုပ်နိုင်ဖွယ်ရှိပါတယ်။စစ်ကိုင်းပြတ်ရွေ့ကြောဖြင့်၆–၇မိုင်လောက်ကပ်လျှက်ရှိနေသောမန္တလေးအနောက်ဘက်ခြမ်းပိုင်းမှာတော့မြေပျော့များဖြစ်သည့်အလျောက်အပျက်အစီးပို၍များပါမယ်။ခန့်မှန်းခြေအားဖြင့်၈၅–၈၆လမ်း၏အရှေ့ဘက်တွေကပို၍အပျက်အစီးများနိုင်ပါတယ်။ (၃) နေပြည်တော်အနေဖြင့်တော့ပျဉ်းမနားထက်စာလျှင်ပို၍ခံရဖွယ်ရှိပါတယ်။ပျဉ်းမနားကစစ်ကိုင်းပြတ်ရွေ့ကြောနှင့်၁၀ မိုင်လောက်နီးကပ်ပေမယ့်နေပြည်တော်၏တစ်ချို့နေရာတွေက၁–၂မိုင်လောက်အထိကပ်နေတဲ့နေရာတွေရှိနေပါတယ်။ငလျင်အန္တရယ်ကြီးမားစွာခံရနိုင်ဖွယ်မှာရှနေပေမယ့်အထပ်မြင့်အဆောက်အဦးများရှိမနေခြင်းကြောင့်ဘေးကျရောက်မှုတော့နည်းပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့မြို့ကြီးများအနေဖြင့်ငလျင်ဒဏ်ခံရဖွယ်မြို့ကြီးများကိုမြန်မာပြည်တောင်ဘက်ဖျားမှစတင်ကာပြောပြရရင်ဖြင့်– Credit – 9style

မိုးတိမ်တောင်အန္တရာယ်သတိပြုရန် ဦးထွန်းလွင်ပြော……

မေ သတင်း လေး /May 15, 2019

မိုးတိမ်တောင်အန္တရာယ်သတိပြုပါ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု အ ခြေ အ နေ ၁၄-၅-၂၀၁၉ည(၁၁း၁၈)နာရီ။ တပြည်လုံး တွင် မိုးတိမ်တောင်များ ဖြစ် ထွန်းနိုင်ပြီး၊ အထူးသဖြင့် ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့တွင် အလားအလာ အများဆုံး ဖြစ်ပေါ်နိုင်ပါတယ်။လက်ရှိအချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ပဲခူးတိုင်း အ ရှေ့ပိုင်း၊ မွန်ပြည်နယ်မြောက်ပိုင်း နဲ့ ကရင်ပြည်နယ်မြောက်ပိုင်း တို့ အ ပေါ်မှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေ ပါတယ်။) မိုးတိမ်တောင်များသည် မွန်း လွဲ ည နေပိုင်းအချိန်အခါများတွင်အဖြစ်များတတ်ပြီး၊ Continue Reading →