Category: သတင်းမှန်

အဖြစ်ဆိုးလိုက်တာ သားလေးရယ် နောင်ဘ၀မှာ နွေးထွေးတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ

မေ သတင်း လေး /July 22, 2019

မိဘတွေ စွန့်ပစ်ခဲ့လို့ “YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး” က ကယ်တင်ခဲ့တဲ့ ချစ်စရာသားငယ်လေး သေဆုံးသွားပါတယ် ”YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး” မှ ယခုလို Post တင်ထားပါတယ် “သားလေးကိုချစ်ကြခင်ကြသနားကြတဲ့သူများကိုလည်းတောင်းပန်ပါတယ် ဦးဇင်းတို့အားလုံးလည်းဝမ်းနည်းကြေကွေဲနရတဲ့အချိန်တွေကများပြားလွန်းနေခဲ့သည့်အတွက်အားလုံးခံစားရမှာဆိုးလို့နောက်ကျမှအသိပေးဖွင့်ဟလိုက်ရတာပါ အားလုံးနားလည်ပေးကြပါလို့တောင်းဆိုပါတယ်။ အတတ်နိုင်ဆုံးအသက်ရှင်ဖို့ကြိုးစားခဲ့ပေမယ့်ကံကြမ္မာကြီးကရက်စက်သွားတယ်ဗျာရေးရင်းနဲ့တောင်မျက်ရည်တွေနဲ့ပါ အခုတော့ သားလေးလောကကြီးထဲကသူသိပ်ချစ်တဲ့သူတွေကို ထာဝရခွဲခွါသွားခဲ့လေပြီဗျာ။လောကကြီးက ထွက်သွားတာစောပါတယ်သားရယ်သားလေး ခန့်မောင်မောင်မျိုးဆက်( ၁ ) လပြည့်အား ရည်စူး၍ဘုရားသွား ရွှေသင်္ကန်းကပ် သတ္တဝါတွေကိုအစာကျွေးပြီး( ၃၁ ) ဘုံအလုံးစုံ၌ ကျင်လည်နေကြသူများအားလုံးသားသားနှင့်အတူ ကုသိုလ်တွေထပ်တူရနိုင်ကြပါစေ။သားလေး ကောင်းရာသုဂတိလားရောက်ပါစေချစ်သောသူများနှင့်ဖေဖေဘုန်းဘုန်းတို့မှဆုတောင်းပေးလိုက်ပါတယ် သားလေးရယ်။ YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး”ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ဒီသားငယ်လေးနဲ့ ပတ်သတ်ပြီး ချစ်ခင်ကြသူတွေက မွေးစားဖို့ တောင်းပေမယ့် YGW ပရဟိတမိဘမဲ့ကျောင်းက မပေးခဲ့သလို ယခုလို သေဆုံးသွားတဲ့အချိန်မှာ ဘာကြောင့် သေဆုံးရတာလဲလို့ မေးနေကြပေမယ့် ပြန်လည်ဖြေဆိုခြင်း Continue Reading →

ယူကရိန်းနိုင်ငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူများကို ဓာတုဆေးဝါးဖြင့် သင်းကွပ်မည်

မေ သတင်း လေး /July 22, 2019

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်သူတွေကို ဓာတုဗေဒ နည်းလမ်းနဲ့ သင်းကွပ် ပစ်မယ့် ဥပဒေသစ်ကို ယူကရိန်းနိုင်ငံမှာ ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ကလေးငယ်တွေအပေါ် ထိခိုက်ကျူးလွန်တဲ့ တရားခံမှန်သမျှကို ဓာတုဗေဒ ထိုးဆေးတမျိုး ခန္ဓာကိုယ်တွင်း ထိုးသွင်းကာ သင်းကွပ်စေမှာဖြစ်ပြီး Anti-androgen Drugs လို့ခေါ်တဲ့ ဒီဓာတုဗေဒ ထိုးဆေးဟာဆိုရင် ယောက်ျားအင်္ဂါက ထွက်တဲ့ ဟော်မုန်းတွေကို လျော့ကျစေမှာဖြစ်ပြီး စိတ်ဆန္ဒတွေကိုလည်း တဖြည်းဖြည်း နည်းပါးလာစေမှာ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ဥပဒေသစ်အရ ကလေးသူငယ်တွေအပေါ် အသက် ၁၈ နှစ်ကနေ အသက် ၆၅ နှစ်အတွင်းရှိ အနိုင်ကျင့် ကျူးလွန်စော်ကားသူတွေနဲ့ သက်ငယ်မုဒိမ်း တရားခံမှန်သမျှကို ထိထိရောက်ရောက် အရေးယူသွားမယ့်အပြင် ဓာတုဗေဒ နည်းလမ်းနဲ့လည်း သင်းကွပ်သွားမှာပါ။ ဒီလို ဥပဒေသစ်မျိုး ချမှတ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ ၂၀၁၇ Continue Reading →

မုဒိန်းတရားခံကို ထောင်(၄၅)ရက်ပဲ ချသော တရားသူကြီးကို တရားလိုမှ မျက်ခွက်ဖြတ်ရိုက်

မေ သတင်း လေး /July 22, 2019

အဓမ္မကျင့်ခံရတဲ့ တရားလိုအမျိုးသမီးတစ်ဦးဟာ တရားသူကြီးရဲ့ ဘက်လိုက်မှုမကင်းတဲ့ စီရင်ချက်ကို မကျေမနပ်ဖြစ်ပြီး၊ တရားသူကြီးရဲ့ မျက်ခွက်ကို ဖြတ်ရိုက်ပစ်ခဲ့ကြောင်း သိရပါတယ်။ တရားလိုအမျိုးသမီးရဲ့အမည်မှာ Maria Crow ဖြစ်ပြီး အသက် (၃၁)နှစ်ပါ။ သို့သော် တရားသူကြီးကို ရိုက်ဖို့ကြိုးစားပေမယ့် ဘေးကလူတွေက ဝိုင်းဆွဲလို့ မထိဘူးလို့လည်း ဆိုပါတယ်။ တရားခံအမည်ကတော့ Jared Bates ဖြစ်ပြီး၊ အသက်(၂၉)နှစ်ဖြစ်ပါတယ်။ Maria ဟာ (၂၀၁၈)ခုနှစ် ဇွန်လမှာ အရက်မူးနေတဲ့ Jared ရဲ့ အဓမ္မကျင့်ခြင်းကို ခံခဲ့ရပါတယ်။ ထိုစဉ်က Maria ဟာ အမေရိကန် Colorado ပြည်နယ်၊ Denver မြို့က သူမရဲ့နေအိမ်မှာ ရှိနေတုန်း Jared က ရောက်လာပြီး ဓားထောက်ပြီး သူမကို အဓမ္မကျင့်ခဲ့တာပါ။ ဒီအတွက် Maria Continue Reading →

မျက်စိနာနေလို့ မျက်လုံးကောင်းကောင်းမဖွင့်နိုင်ပေမယ့် မီးပွိုင့်မှာ ည(၉)နာရီထိ ပန်းရောင်းနေရတဲ့ သမီးလေး(ရုပ်သံ)

မေ သတင်း လေး /July 22, 2019

မနေ့ညကကျွန်တော်အလုပ်ကပြန်တော့9:00 pm ထိုးခါနီးလေးညီမငယ်လေးတစ်ယောက်78လမ်းသိပ္ပံလမ်းမီးပွုင့်မှာပန်းလာရောင်းတယ်ပထမတော့ကျွန်တော်သတိမထားမိဘူးပန်းလာရောင်းလို့တော်ပြီညီမလေးဆိုပြီးမုန့်ဖိုး၃၀၀ပေးခဲ့တယ် မီးကလည်းစိမ်းတော့မယ်ဆိုတော့ကလေးမလေးငိုနေတယ်ဘဲထင်ခဲ့တာသတိမထားမိဘူးမျက်စိကမျက်ရည်တွေကျနေလို့ဒါပေမဲ့ကျွန်တော်သေသေချာချာသိချင်လို့ပြန်လှည့်ပြီးကြည့်ကြည့်တော့မျက်စိတစ်ဖက်ကကျိန်းနေတာဖွင့်လို့တောင်မရဘူး ဒါနဲ့ကျွန်တော်လည်းကလေးမလေးမျက်စိကျိန်းနေတာတောင်ခိုင်းရက်တယ်ဆိုပြီးကလေးမလေးကိုမေးကြည့်တယ်ညီမလေးဒါဘယ်သူကခိုင်းတာလည်းဒီလိုဖြစ်နေတာတောင်ခိုင်းရက်တယ်လို့မေးကြည့်တော့အမကခိုင်းတာတဲ့ ပထမတော့အမအရင်းကခိုင်းတယ်ထင်နေတာသေချာအောင်လို့အမရင်းကခိုင်းတာလားဆိုတော့မဟုဘူးတဲ့။သူစိမ်းကတဲ့ဒါမျိုးခိုင်းတဲ့သူတွေကိုထိထိရောက်အရေးမယူတော့ဘူးလားဗျာသူတို့အရွယ်လေးတွေမှာညအချိန်မတော်ကြီးအဲဒီချိန်ဆိုအိမ်မှာလုံလုံခြုံ ခြုံ နဲ့စာကျက်ရနေရမဲ့အချိန်ဗျာ ဒီလိုခိုင်းတဲ့သူတွေကိုထိထိရောက်အရေးမယူတော့ဘူးလားအာဏရှိတဲ့လူကြီးများဒီတိုင်းလေးဘဲလက်ပိုက်ကြည့်နေတော့မှာလားကိုယ့်သမီးကိုယ့်တူမလေးတစ်ယောက်လိုသဘောထားခံစားပြီးဒါမျိုးခိုင်းတဲ့သူတွေကိုထိထိရောက်ရောက်အရေးယူဖမ်းစီးပေးပါလို့တောင်းဆိုချင်ပါတယ် ရုပ်သံကြည့်ရန်

အကြွေးတောင်းရာမှ တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ်မှုရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွား

မေ သတင်း လေး /July 22, 2019

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၌ အိမ်တိုင်ရာရောက်အကြွေးသွားတောင်းရာမှ စကားများပြီး ဓားဖြင့်ထိုးရာမှ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ အောင်တော်မူပန်းခြံ၊ အမှတ်(၈)ရပ်ကွက်၊ အိမ်အမှတ်(၂၆၀)တွင် ဇူလိုင်လ ၂၁ ရက်၊ ည ၆ နာရီခွဲတွင် ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အသိသက်သေ လူကြီးများက သွားရောက်စစ်ဆေးခဲ့ကြသည်။စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်၌ အသက် ၆၅ နှစ်ခန့်အရွယ်ရှိဒေါ်ခင်အေးသန်းတွင် ရင်ညွှန့်ထိုးသွင်းရာ တစ်ချက်၊၎င်း၏သမီးမဥမ္မာမြင့်(၄၃)နှစ်မှာ ၀ဲနားအောက်နှင့်ဝဲလက်ပြင်အောက်ထိုးသွင်းဒဏ်ရာနှင့် ၃ နှစ် အရွယ်မြေးဖြစ်သူ မလင်းလင်းဥမ္မာ၌ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာများနှသ့် လဲကျနေသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးစဉ် မဥမ္မာမြင့်၊ (၄၃)နှစ်မှာသေဆုံးသွားခဲ့သည်။ “ အခင်းဖြစ်နေချိန်မှာ ခင်ပွန်းကအပြင်သွားနေတယ်။ သားလေးတစ်ယောက်က ကျူရှင်သွားနေတဲ့အချိန်မို့လို့ မိန်းမသား ၃ ယောက်ပဲရှိနေတာပေါ့။ အကြွေးလာတောင်းတာလို့သိရတယ်။ ကားနဲ့နေအိမ်ကိုရောက်လာပြီး အကြွေးလာတောင်းရင်းစကားများကြပြီး အခုလိုဓားနဲ့ထိုးပြီးထွက်ပြေးသွားတာတဲ့။အခုတော့ တရားခံကိုမိပြီလို့ ကြားတယ်” ဟုမျက်မြင်တွေ့ရှိသူအိမ်နီးချင်းတစ်ဦးက Continue Reading →

အရှေ့တောင်အာရှ Smart City အလားအလာရှိ မြို့အဖြစ် မန္တလေးမြို့ ထပ်မံရွေးချယ်ခံရ

မေ သတင်း လေး /July 22, 2019

အရှေ့တောင်အာရှမှာရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ Smart City ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ မြို့အနေနဲ့ မန္တလေးမြို့တော်ကို အခုနှစ်မှာ ထပ်မံရွေးချယ်ခဲ့တယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ ၂၀၁၈ ခုနှစ်က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နည်းပညာကို အခြေခံပြီး လူတွေ သက်သောင့်သက်သာ ဖြစ်စေမယ့် မြို့တော်တွေကို ရွေးချယ်ပြီး ကွန်ရက်ဖွဲ့ဖို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကအဆိုပြုခဲ့ပြီး နောက်ပိုင်းမှာ အရှေ့တောင်အာရှက မြို့တွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ရွေးချယ်ခဲ့ရာမှာ မန္တ​လေးမြို့တော်ဟာ နံပါတ် ၅ နေရာမှာ ရှိခဲ့ပြီး အခုနှစ်မှာလည်း နံပါတ် ၅ နေရာမှာ ဆက်လက်တည်ရှိ ရွေးချယ်ခံထားရတာပါ။ အခုလို Smart City ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့ မြို့အဖြစ် Continue Reading →

မနေ့က ဖြစ်သွားတဲ့ အမြန်လမ်း EXPRESS တိမ်းမှောက်မှုမှာ အသက်ဆုံးသွားသူလေး

မေ သတင်း လေး /July 22, 2019

ဇူလိုင်လ ၂၁ ရက်၊ ညနေ ၂နာရီခွဲ အချိန်၊ နေပြည်တော်-ရန်ကုန် အမြန်​လမ်းမကြီး မိုင်တိုင် ၁၆၅/၃ အနီးမှာ ဖြစ်​ပွားခဲ့တဲ့ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ရဲ့ အရှိန်လွန်တိမ်းမှောက်​မှု​ကြီး​ကြောင့်​ ခရီးသည်​ ၅၁ ဦးထဲ ဒဏ်​ရာရရှိသူအများအပြားရှိခဲ့တယ်​လို့ ကနဦးသတင်းအရ သိရှိခဲ့ရပြီး ဒီထဲမှာ ​သေဆုံးသူတစ်​ဦး ​အမျိုးသမီးတစ်​ဦးပါဝင်​ခဲ့ပါတယ်​။ ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ​သေဆုံးသွားရသူအမျိုးသမီးဟာ အသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ပဲ ပွဲချင်းပြီး ​အသက်​​သေဆုံးလို့သွားခဲ့ပါတယ်​။ အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မှူးရုံးရဲ့ ည​နေ ငါးနာရီခွဲအချိန်​ သတင်းထုတ်​ပြန်​ချက်​အရ အသက်​ဆုံးသွားသူဟာ ​ဒေါပုံမြို့နယ်​မှာ​နေထိုင်​တဲ့ အသက်​ ၂၆ နှစ်​အရွယ်​ မသဲသဲအိလို့ သိရှိရပြီး ဒီ​​မော်​​တော်​ယာဉ်​တိမ်း​မှောက်​မှု မ​တော်​တဆမှု​ကြောင့်​ မသဲသဲအိဟာ သူ့ရဲ့​မွေး​နေ့အပြီး ဇူလိုင်​လအတွင်းမှာပဲ ရင်​နာဖွယ်​ရာ​ အသက်​ဆုံးသွားခဲ့ရတာဖြစ်​​ကြောင်း ဝမ်းနည်းဖွယ်​ရာသိရှိခဲ့ရတာပါ။ အမြန်​လမ်း ယာဉ်​တိမ်း​မှောက်​မှုကြီးမှာ ဒဏ်ရာရရှိခဲ့သူများကိုလည်း ​​​အမြန်လမ်းမကြီးရဲတပ်ဖွဲ့က​နေ အထောက်အကူပြု Continue Reading →

ကျောင်းစရိတ်လေးရအောင် ကျောင်းကအပြန် ဖိနပ်ချုပ်ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာတဲ့ မောင်နှမ ၂ယောက်

admin /July 21, 2019

မိဘပေးတဲ့ မုန့်ဖိုးကို ယူပြီး ကျော့ကျော့လေး ကျောင်းတက်နေတဲ့ သူတွေရှိသလို ကိုယ့်ကျောင်းစရိတ်အတွက် ကို ကိုယ်တိုင်ရုန်းကန်နေရတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရုန်းကန်နေရတဲ့ သူတွေထဲကမှာ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့ မှာနေထိုင်တဲ့ မောင်နှမ နှစ်ယောက်လည်း ပါဝင်ပါတယ်။ သူတို့ကတော့ အသက် ၁၃နှစ်အရွယ် Manuelita Borbon နဲ့ အသက် ၁၂နှစ်အရွယ် Micko Borbon ဆိုတဲ့ မောင်နှမ နှစ်ယောက်ပဲဖြစ်ပါတယ်။ ၈တန်းနဲ့ ၇တန်း အသီးသီး တက်ရောက်နေတဲ့ အလယ်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ကျောင်းကအပြန် Valencia လမ်းဘေးမှာ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး မောင်နှမနှစ်ယောက် ပိုက်ဆံရှာတတ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမှာ တစ်နေ့စာ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်အပြင် အိမ်စာရိတ်လေးလည်း ပြန်ကာမိအောင်လို့ Continue Reading →

စက်ဘီးနှင့်တိုက်မိတဲ့ ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး

admin /July 21, 2019

ချင်းပြည် နယ်နှင့် နယ်စပ်ချင်းထိဆက်သည့် မိဇိုရမ်ပြည်နယ်မှာ ၆နှစ်အရွယ် ကလေးငယ်တစ်ယောက်က စက်ဘီးနှင့် ကြက်ကလေးကိုတိုက်မိပြီး ဆေးကုသပေးဖို့ အဆိုပါကြက်ကလေးကို အိန္ဒိယငွေ Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့ပါတယ်။ ဤအဖြစ်ပျက်ကို Sanga ဟုခေါ်သော ဆေးရုံသူနာပြုဝန်ထမ်းတစ်ဦးက Facebook မှာတင်တဲ့အခါမှာ ကလေးငယ်လေးရဲ့ဖြူစင်ရိုးသားလွန်းတဲ့စိတ်ဓါတ်ကို လူအများအပြားကချီးကြူးကြပြီး မီဇိုရမ်အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ တိုက်မိတဲ့ကြက်ကလေးကို Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့တဲ့ ကလေးငယ်ဟာ မိဇိုရမ်ပြည်နယ်၊ ဆိုင်ရန်မြို့မှာ ရဲတာဝန်ထမ်းဆောင်နေသူ Dhiraj Chhetri ရဲ့သားငယ် Derek C. Lalchhanhima ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖခင် Dhiraj Chhetri က “သူတိုက်မိတဲ့ ကြက်ကလေးကိုအိမ်ကို ယူလာပြီး ဆေးရုံသို့ပြပေးပါလို့ အဖေနဲ့အမေကို လာပြောတယ်။ ကျနော်တို့ကလည်း Rs. ၁၀ ကျပ်ပေးပြီး Continue Reading →

မသေခင်ကတည်းက သရဏဂုံကိုယ်တိုင်တင်ပြီး အုတ်ဂူတည်ထားတဲ့ သူ မုံရွာက ဦးကျော်ဝင်း

မေ သတင်း လေး /July 21, 2019

သေပြီးမှသရဏဂုံ တင်လျင် သရဏဂုံတည်-မတည်ကိုမသိရသည်ကိုတွေး၍သက်ရှိထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သဂြိ င်္ုဟ်ရန်အုတ်ဂူတည်ထားပြီးဖြစ်ကြောင်းမုံရွာမြို့နယ်အောင်သာကျေးရွာနေ သက်ရှိထင်ရှားသရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းကပြောသည်။ “ကျုပ်အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့မိသားစုက မြေပုံရှိရာသချိ င်္ုင်းသွားပြီး သေသူရဲ့အကျီ င်္ပုဆိုး ထမိန် တဘက် စတာတွေနဲ့သရဏဂုံတင်ဖို့တရားနာဖို့လိုက်ခဲ့ပါဆိုပြီးရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။အဲဒီဝိဥာဉ်ကလိုက်လာလား။မလိုက်လာလား ဆိုတာမသိရဘူး။သေပြီးမှသရဏဂုံတင်တယ်ဆိုတာလည်းသရဏဂုံတည်နိုင်လား။မတည်နိုင်ဘူးလားဆိုတာမသိရပါဘူး။ အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ်သက်ရှိထင်ရှားရှိကတည်းကကိုယ့်သရဏဂုံကိုယ်တိုင်တင်ပြီးကိုယ်တိုင်တရားနာမယ်။သဟဒိကဒါနမြောက်အောင်ကိုယ်တိုင်လှူဖွယ်တွေလှူပြီးရေစက်ချတယ်။ကိုယ့်ခန္ဓာကိုယ့်အလောင်းကိုယ်တိုင်ရှုမြင်သွားတယ်။စိတ်ကြည်မှုရှိပြီးမသေခင်ကစိတ်ချမ်းသာတယ်။ပြီးမှခွေးလိုသေသေဝက်လိုသေသေ အသေဖြောင့်တယ်´´ဟုဦးကျော်ဝင်းကရှင်းပြသည်။ အဓိပတိဦးကျော်ဝင်းသည်သူသေလျင်ထည့်သွင်းသဂြိ င်္ုဟ်နိုင်ရန်အုတ်ဂူကိုအောင်သာကျေးရွာဦးကျော်ဝင်းနေအိမ်နှင့်မလှမ်းမကမ်း သူ၏စ်ုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။ “ကျုပ်ရဲ့သချိ င်္ုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ဘယ်နေရာမှာသေရမယ်ဆိုတာလုံးဝမသိပါဘူး။ဒီမှာတင်(အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ဒီဂူထဲရောက်မှာဘဲ။အဲဒီလိုမဟုတ်ဘဲလေယျာဉ်ပျက်ကျသေမယ်။ရေနစ်သေမယ်။ကုန်းလမ်းမှာလျှိုမြှောင်ချောက်ထဲကျသေ မယ်။တခြားအလောင်းရှာမရတဲ့နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။ ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာသာမှာစကားရှိတယ်။ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။သူတို့ရဲ့ကုသိုလ်မှတ်တိုင်တစ်ခုဖြစ်ရစ်တာပေါ့ဗျာ´´ဟုဦးကျော်ဝင်းကရှင်းပြသည်။ မသေခင်ကတည်းကတည်ဆောက်ထားသောအုတ်ဂူခေါင်းပိုင်းတွင်ဘုရား ရဟန်းကျောင်း ဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့အနိစ္စချုပ်ငြိမ်းသည်ဟုရေးထိုးထားပြီးဂူ၏မြောက်ဖက်မျက်နှာတွင်အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခါရ ကျွန်ုပ်နောက် ဘာမျှမပါ။ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထားသည်။ ဂူ၏အနောက်ဖက်မျက်နှာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ Continue Reading →