Category: သရဲတ​စ္ဆေ

မေတ္တာနဲ့ ရန်ငြိုးကြားက သနားစရာကောင်းတဲ့ ဗိုက်ကြီးသည်သရဲမလေး အေးခင်

မေ သတင်း လေး /August 4, 2019

မေတ္တာနဲ့ ရန်ငြိုးကြားက သနားစရာကောင်းတဲ့ ဗိုက်ကြီးသည်သရဲမလေး အေးခင် (၁) ‘ဟဲ့,,ဖိုးမောင်, မရောက်သေးဘူးလားဟဲ့’ ‘ရောက်ပြီ အရီးလေးရေ,ရှေ့မှာရွာဝင် လမ်းကိုဖျဖျလေးမြင်နေရပြီဗျို့, ခဏနေ ရောက်ပြီ,,,’ ‘အေး,နင့်နွားတွေကိုခပ်သော့သော့နှင် စမ်းဟယ်,အမှောင်တောင်ကျနေပြီ,ငါ့သ မီးလေးကိုလဲ စိတ်ပူလှပြီဟဲ့, ငါ့သမီးလေး ချော၂ချူ ၂မွေးနိုင်ပါစေတော်’ အိမ်ထောင်ကျပြီးတာနဲ့၁ဖက်ရွာရှိယောက်ျားဖြစ်သူထံသို့’သျှောင်နောက်ဆံထုံးပါ’သွားသော,၁ဦးတည်းသောသမီးလေး ‘ရွှေမိ’မှ,ကိုယ်ဝန်နေ့လစေ့၍မွေးဖွားကာ နီး၌အမေ့ကိုတွေ့ချင်တယ်ပြောနေသဖြင့် သမီးရှိရာသို့သတင်းကြားကြားခြင်း’ဒေါ် ကျီးတော’လိုက်ခဲ့ခြင်းပင်၊ခင်ပွန်းသည်ဖြစ် သူ’ဦးသံချောင်း’မှာ စီးပွားရေးကိစ္စ၁ခုနှင့် ခရီးလွန်နေသောကြောင့် အိမ်ရှိသူရင်းငှား လေးနဲ့မိမိ၂ယောက်တည်းသာထွက်ခဲ့ ခြင်းပင်။တဖြည်း၂နှင့်လှည်းကလေးမှာ ရွာဝင်လမ်းထိပ်ရှိ သစ်ပုတ်ပင် ကြီးအောက် သို့ရောက်သော်,မောင်းလာသောလှည်းမှာနောက်မှလူသန်ကြီး၁ယောက်ဆွဲထား သကဲ့သို့ ရှေ့ဆက်သွားမရတော့ပေ။ နွားများမှာလည်းရုန်းလွန်း၍ခြေထောက်နား ရှိမြေများမှာ’တဖွားဖွား’စင်ထွက်လျှက်, ကြိမ်ရိုက်သံ’တရွှမ်း၂’နဲ့နွားအော်သံများလဲတပြိုင်နက်ဆူညံစွာထွက်ပေါ်လာကြ တော့လေသည်။ရုန်းရင်းဆတ်ခန်အခြေ အနေများကြားမှခ ပ်ဆူးဆူးဖြင့်လှိုင်၍ထွက်လာသော’ဆနွင်းနံ့ကြီး’၁ခု, ‘ဝေါ့,,,,,ထွီ ဆိုးလိုက်တဲ့အနံ့ကြီးကွာ’ ‘ဟုတ်ပဟယ်, ဒီအနံ့က မီးတွင်းနံ့ဟ,မှတ် တွေခြင်တွေပြေးအောင်တိုက်တဲ့အနံ့မ ဟုတ်ဘူး,ပြီးတော့ဆနွင်းနံ့နဲ့အပုပ်နံ့ပါ ရောနေတော့ ပိုဆိုးတာ ပေါ့, ဒါနဲ့ နွားတွေ Continue Reading →

လူသားစားတဲ့ဘုန်​ကြီး ဦးလာဘ

admin /August 1, 2019

ကျ​နော်​တို့ ငယ်​ငယ်​က အရမ်းငို​နေရင်​ အဘွား​​တွေ အ​ဒေါ်​တွေကလူသားစားတဲ့ ဦးလာဘကြီး ကိုက်​လိမ့်​မယ်​ဆိုပြီး ​ခြောက်​ပါတယ်​။ အဲ့တုန်းက သရဲ လား …ဘီလူးလား …လူလား … မသိ​ပေမဲ့ အငိုတိတ်​ခဲ့ရပါတယ်​။ ဦးလာဘ က ဘယ်​သူလဲ ?မေး​တော့လဲ​ …ရေ​ရေရာရာ ပြန်​မ​ဖြေနိုင်​ကြပါ။ဦးလာဘ နဲ့ ပက်​သတ်​ပြီး အကွဲအလွဲ​တွေက အများကြီးပါ။ အဲ့ဒီအကွဲအလွဲ​တွေပါ …အောက်​က postမှာ ထည့်​​ရေး​ပေးထားပါတယ်​​ဗျာ။ ၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌ နံမည်ကျော် ဦးလာဘ ဆိုသည် တကယ်ရှိခဲ့ပါသည်။ သင်္ကန်းဝတ်ထားပေမဲ့ ဘုန်းကြီးဟု ပြောဖို့ခက်ခဲပါ သည်။သူ၏ကျောင်း၏တည်နေရာမှာ ယခု တောင်ဥက္ကလာပမြို့နယ် ပါရမီ လမ်းမဘေးက ၂၀ိုင်း တို့ ၃၀ိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီး ရှိတဲ့နေရာ။ အဲ့ဒီ့ ကာလတုန်းကတော့ အခုလို Continue Reading →

” ကယ်ကြပါအုံးတော်….ကယ်ကြပါအုံးတော် ”..ဝက်လက်မြို့က ဥစ္စာစောင့် ( ဖြစ်ရပ်မှန်)

မေ သတင်း လေး /July 31, 2019

ဝက်လက်မြို့က ဥစ္စာစောင့် ( ဖြစ်ရပ်မှန်) ဝက်လက်မြို့က ဥစ္စာစောင့် ” ကယ်ကြပါအုံးတော်….ကယ်ကြပါအုံးတော် ” အော်သံကြားလို့ ကြည့်လိုက်တာ အဖေ့ညီမ ဒေါ်လေး ဖြစ်သူ ဒေါ်လုံးယဉ် (ခေါ်) ဒေါ်စပ် ရဲ့ အော်သံ ဖြစ်နေပါတယ်။ ဒေါ်လေးအိမ်ကို သွားကြည့်လိုက်တော့ အိပ်ယာထဲမှာ သတိမေ့ပြီးနေပါတယ်။အိမ်နီးပတ်ဝန်းကျင်မှ လူကြီးများ လူငယ်များလဲ ဝိုင်းအုံလာပြီး ယပ်ခပ်သူ ယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့် ဝိုင်းအုံနေပါတယ်။ ဆရာဝန်သွားခေါ်ဖို့နဲ့ ရွာဦး ဘုန်းတော်ကြီးပင့်လျောက်ဖို့ပြောနေကြတာကိုလည်း ကြားနေရပါတယ်။ မကြာခင် မြို့မှ ဆရာဝန်ကြီးရောက်လာပြီး လိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေး သတိရလာပါပြီ။ ဒေါ်လေးက သူ့အဖြစ်ကို အခုလို ပြောပြပါတယ်။ ကျမ ဒီနေ့မနက် အိပ်ယာက ထပြီး မြို့ကို စျေးဝယ်သွားပါတယ်။စျေးဝယ်ပြီးတော့ ပြန်အလာ ရွာအနောက် ဘက်မှာရှိတဲ့ ချမ်းသာကြီး ဘုရားနားရောက်တော့” ရော့ပါအေ…ညည်းကို Continue Reading →

ယာဉ်မောင်းကျောင်းတစ်ခုမှ ပရလောကရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့ မိန်းခလေး

မေ သတင်း လေး /July 28, 2019

ချစ်ခင်ရတဲ့ စာရှုသူတို့ခင်ဗျာ…. အခုတစ်ခါ တင်ဆက်ပေးမယ့် သတင်းရုပ်သံဖိုင်လေးကတော့..မလေးရှားနိုင်ငံရဲ့ယာဉ်မောင်းသင်တန်းကျောင်းတစ်ခုမှာ မိန်းကလေးတစ်ယောက်ကို ပရလောက သားတိုက်ခိုက်ခဲ့တဲ့ သတင်းရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်။စီစီတီဗွီ ရဲ့ မြင်ကွင်းထဲမှာ အမျိုးသမီးတစ်ဦးဟာ ဂျူတီစောင့်ရင်း ဖုန်းသုံးနေတယ်လို့ ယူဆရပါတယ်။ ဒီအချိန်မှာပဲ ဘယ်သူမှမရှိပဲသူ့နောက်က ထိုင်ခုံရွေ့သွားလို့ လှမ်းကြည့်လိုက်ပါတယ်..။ ဒီအချိန်မှာပဲ..သူမကို ပရလောကသားတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတော့တယ်..ဘယ်လို တိုက်ခိုက်လဲ သိချင်ရင်တော့ ရုပ်သံဖိုင်သာ ကြည့်လိုက်တာက ပိုလို့ အရသာရှိမ်ယထင်ပါတယ်..။ဒါကြောင့် ပရိသတ်ကြီးရေ.. ညဘက် အိမ်မှာနေရင် ဖုန်းပဲ ထိုင်ပွတ်မနေကြပဲ..နောက်ဘက်က ချိုးချိုးချွတ်ချွတ်ဆို..တာကိုလည်း သတိထားကြဖို့ အကြံပေးလိုက်ပါရစေခင်ဗျာ.. ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ) , Video-True Paranormal

နတ်ဆိုးတွေ ဖွက်တဲ့ ကျွန်း

မေ သတင်း လေး /July 27, 2019

ဒီတခါပြောပြမှာကတော့ကျွန်တော် ကမ်းရိုးတန်းတိုင်းမှာ တာဝန်ကျတုန်းက ကျားငါးမန်းဆိုတဲ့စစ်ဆင်ရေးတစ်ခုကို ရေတပ်နဲ့ပေါင်းပြီးဝင်ခဲ့ဖူးတယ်ဗျ။ ရည်ရွယ်ချက် ကတော့ ရခိုင်ကမ်းရိုးတန်းကနေခိုးထွက်လာတဲ့ လူတွကိုတားဆီးဖို့နဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေ ခိုးဝင်လာမှုကို ဟန့်တားနိုင်ဖို့ပါ။ ထားလိုက်ပါ။ ဒါတွေကို friတို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ကျွန်တော်ပြောပြချင်တာကတော့ ….. နတ်ဆိုးတွေဖွက်တဲ့..ကျွန်း…. ဒီတခေါက်စစ်ဆင်ရေးကပျင်းစရာအလွန်ကောင်းလှသည်။ ခါတိုင်းအခေါက်များလို ပင်လယ်ပြင်မှာ လိုက်တမ်းပြေးတမ်း ကစားရတာက ပျော်စရာကောင်းပေမယ့် မိမိတို့လို ကုန်းပေါ်က ကြည်းတပ်သားများအဖို့ကတော့ လှိုင်းမူးတဲ့ဒဏ်သည် ငရဲကျနေသည့်အလားပင်။ မိမိတို့သည်ကုန်းပေါ်မှာစွာနိုင်ပေသိ ရေထဲမှာတော့ အသံတောင်မထွက်နိုင်ချေ။ ယခင်အခေါက်များသည်ကမ်းမှမိုင်၈၀မကျော်သောရေပြင်တွင်စစ်ကစားခဲ့ရသော်လည်းဒီတစ်ခေါက်တွင်မြန်မာရေပိုင်နက်အဆုံးထိသွားရမည်ဖြစ်သည်။ရည်မှန်းချက်သည်မြောက်လတ္တီကျု၁၂.၇နှင့်အရှေ့လောင်ဂျီကျု၉၃.၇ဆုံရာတွင်တည်ရှိသည့်ကျွန်းစုငယ်လေးတဝိုက်ဖြစ်သည်။ထိုနေရာအားရေတပ်မှ7Conerဟုခေါ်ကြပြီးထိုနေရာမှကျော်လျှင်မြန်မာ့ရေပိုင်နက်မဟုတ်တော့ဘဲအပြည်ပြည်ဆိုင်ရာရေပိုင်နက်ဖြစ်တော့သည်။ အဓိကပစ်မှတ်မှာမလ္လကာရေလက်ကြားနှင့်ပီနန်ကျွန်းတစ်လျှောက်တွင်သောင်းကျန်းနေသည့်ပင်လယ်ဓါးမြရာမို့စ်ဆိုဒါနှင့်အဖွဲ့သည်ထိုကျွန်းစုငယ်လေးမှအသေးဆုံးကျွန်းလေးဖြစ်သည့်ပလို့စေကူကျွန်းပေါ်တွင်ခိုအောင်းနေကြောင်းမိမိတို့အမာခံသတင်းရထား၍ဖြစ်သည်။ ရာမို့စ်ဆိုဒါသည်မကာအိုမှပေါ်တူဂီနွယ်ဖွားတစ်ဦးဖြစ်ပြီးအသက်မှာ၇၀ခန့်ရှိသော်လည်းသန်မြန်ဖြတ်လတ်စွာလှုပ်ရှားနိုင်သေးသည်ဟုသိရသည်။ကမာပေါ်ရှိရေပြင်များတွင်သူမရောက်ဖူးသည့်နေရာမရှိဟုပြောစမှတ်တွင်သည်။သူသည်ဒုတိယကမာစစ်လက်ကျန်ရေတပ်သင်္ဘောတစ်စီးအားပြုပြင်ပြီးအိန္ဒိယသမုဒ္ဒရာထဲတွင်လှုပ်ရှားနေသည်မှာနှစ်၂၀ခန့်ကြာမြင့်ပြီဖြစ်သော်လည်းသူ့လှုပ်ရှားမှုမကြားရသည်မှာ၃နှစ်ခန့်ရှိနေသည်ဖြစ်သည်။သေဆုံးသွားပြီဟုလည်းပြောဆိုနေကြသည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကတော့သူ့သင်္ဘောကိုဒီကျွန်းစု၏လေကွယ်တွင်ရပ်ထားကြောင်းမလေးငါးဖမ်းသင်္ဘောတစ်စီးမှသတင်းပေးသွားသဖြင့်မိမိတို့လိုက်နေခြင်းဖြစ်သည်။ မိမိထိန်းချုပ်ခန်းထဲရောက်သွားသောအခါရေယာဉ်မှူးမှ”ကိုမျိုးရေ။ခင်ဗျားလူတွေကိုအသင့်လုပ်ခိုင်းလိုက်တော့။နောက်၁နာရီဆိုကျွန်းနားရောက်ပြီ။”ဟုပြောလာသဖြင့်အောက်ထပ်သို့ပြန်ဆင်းလာပြီးမိမိ၏ကမ်းတက်အဖွဲ့သားများအားမှာကြားပြီးနောက်ကိုယ်ကိုတိုင်လည်းပြင်ဆင်စရာရှိသည်ကိုပြင်ဆင်နေလိုက်သည်။ထိုအခိုက်တွင်ရေတပ်သားမဟုတ်သော်လည်းသင်္ဘောပေါ်တွင်အနေကြာလာသဖြင့်သင်္ဘောအရှိန်လျှော့ချလိုက်ကြောင်းသတိထားမိသည်။မရှေးမနှောင်းပင်အချက်ပေးသံများဆူညံလာပြီးရေတပ်မှအဖွဲ့များသည်တိုက်ပွဲဝင်ရန်အသင့်အနေအထားပြင်ဆင်နေကြသည်ကိုတွေ့လိုက်ရသဖြင့်အပေါ်ထပ်မှထိန်းချုပ်ခန်းသို့ပြေးတက်ခဲ့သည်။ အခန်းထဲရောက်သောအခါရေယာဉ်မှူးမှမှန်ပြောင်းတစ်လက်ဖြင့်အလုပ်ရှုပ်နေပြီးနံဘေးတွင်XOမှမြေပုံထောက်ပေးနေသည်။ရေယာဉ်မှူးမှမိမိဘက်လှည့်ကြည့်ပြီး”ကိုမျိုးရေအခြေအနေကထိတွေ့မှုဖြစ်မယ့်ပုံဘဲ။အဓိကပစ်မှတ်ကိုတွေ့နေရပြီ။သူတို့ဘက်ကနေရာအပီအပြင်ယူထားတယ်။ကိုယ်ဒီကနေ180အသင့်လုပ်ပြီးစောင့်နေမယ်။ကိုမျိုးနဲ့အဖွဲ့အထဲကိုRaftနဲ့ဝင်ပါ။သတိတော့ထားဗျ။စစ်သဘောင်္ကဟောင်းနေပြီဆိုပေမယ့်Operationalဖြစ်နေတုန်းဘဲ။”ဟုအမိန့်ပေးလိုက်လေသည်။ မိမိလည်းအောက်ထပ်မှအဖွဲ့သားများအားရှင်းပြနေစဉ်XOရောက်လာပြီးစာရွက်တစ်ရွက်ဖြန်းပြပြီး”အကိုကြီး။ဒါကဒီကောင်တွေရဲ့သင်္ဘောအမျိုးအစားတည်ဆောက်ပုံဘဲ။ဖွဲ့စည်းထားပုံကရှင်းတယ်။သေချာမှတ်မိအောင်ကြည့်သွားပါ။”ဟုပြောသဖြင့်မိမိလည်းသေချာစွာကြည့်ရှုမှတ်သားရတော့သည်။ထိုစဉ်အပေါ်ထပ်မှရေယာဉ်မှူး၏အသံချဲ့စက်မှအင်္ဂလိပ်ဘာသာဖြင့်သတိပေးပြောကြားသံကိုကြားလိုက်ရသည်။သတိပေးချက်မှာမိမိတို့သည်မြန်မာ့တပ်မတော်ရေမှဖြစ်ပြီးသင်တို့သင်္ဘောပေါ်သို့တက်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊စစ်ဆေးမှုအားအသာတကြည်ခံယူစေလိုကြောင်း၊ငြင်းဆန်ပါကနိုင်ငံတကာရေကြောင်းဥပဒေအရပစ်ခတ်မည်ဖြစ်ကြောင်းဖြစ်သည်။ရေယာဉ်မှူးသတိပေးသံဆုံးပြီးနောက်ရေယာဉ်Chiefမှရာဘာစက်လှေအသင့်ဖြစ်ကြောင်းလာရောက်သတင်းပို့သဖြင့်မိမိတို့အဖွဲ့လည်းစက်လှေပေါ်သို့တက်ခဲ့လိုက်တော့သည်။ စက်လှေပေါ်တွင်တပ်ဖွဲ့ဝင်စုစုပေါင်း၁၂ယောက်ပါဝင်ပြီးရေတပ်မှ၂ဦးပါပါဝင်သည်။စက်လှေလေးသည်ရေထဲတွင်မောင်းနှင်လာစဉ်စက်လှေမောင်းထံမှ”ETA၁မိနစ်”ဟုပြောသံကြားရသဖြင့်မိမိတို့အဖွဲ့သည်သေနတ်မောင်းချိန်ပြီးပစ်မှတ်သင်္ဘောသို့ချိန်ထားရင်းအသင့်လုပ်ထားလိုက်သည်။ပစ်မှတ်သင်္ဘောမှာကမ်းခြေနှင့်ကိုက်၁၀၀ခန့်အကွာတွင်ကျောက်ချထားခြင်းဖြစ်ပြီးကမ်းခြေဘက်သင်္ဘောနံဘေးတွင်အသက်ကယ်လှေတစ်စီးချိတ်ထားသည်ကိုတွေ့ရသည်။မိမိတို့အဖွဲ့လည်းသင်္ဘောနံဘေးGangWayအတိုင်းသင်္ဘောပေါ်သို့တက်လာခဲ့သည်။ သင်္ဘောပေါ်အရောက်တွင်မိမိတို့အဖွဲ့သည်အံ့သြစရာကောင်းသောမြင်ကွင်းကိုစတင်တွေ့ရှိရလေသည်။သင်္ဘောဦးပိုင်းတွင်လူ၁၄ဦးသည်မချိမဆန့်အနေအထားဖြင့်သေဆုံးနေကြပြီးအလောင်းများအားလုံးသည်မီးသွေးတုံးများကဲ့သို့မည်းနက်နေကြသည်။မိမိတို့လည်းမြင်တွေ့နေရသည်ကိုတုန်လှုပ်နေရင်းစကားပြောစက်ဖြင့်မိမိသင်္ဘောသို့သတင်းပို့လိုက်သည်။ထိန်းချုပ်ခန်းထဲသို့အရောက်တွင်စစ်တိုက်လာသည့်မိမိပင်သွေးပျက်စရာမြင်ကွင်းကိုထပ်မံတွေ့ရှိလိုက်ရသည်။ ထိန်းချုပ်ခန်းပန်ကာတွင်နိုင်လွန်ကြိုးဖြင့်ကြိုးဆွဲချသေနေသောအလောင်းတစ်လောင်းကိုတွေ့လိုက်ရခြင်းပေ။သေဆုံးသူမှာအသက်၇၀ခန့်ဖြစ်ပြီးရင်ဘတ်မှကျောက်ဆူးပုံဆေးမင်ကြောင်အရရာမို့စ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်။ကြမိးပြင်ပေါ်တွင်ကျည်ဆံခွံများပြန့်ကြဲနေပြီးAK47တစ်လက်လည်းတွေ့ရသည်။ ထိုအခိုက်တွင်တပ်ကြပ်ဇော်မြင့်မှအရက်ကြောင်ကြောင်ပြီးသေနတ်အားအတွဲလိုက်ပစ်ခတ်ပြီးမှမိမိကိုယ်မိမိအဆုံးစီရင်ခြင်းဖြစ်နိုင်သည်ဟုမှတ်ချက်ပြောကြားရာရေတပ်မှလိုက်ပါလာသောXOဗိုလ်ခိုင်မြဲဦးမှ”ဆရာဇော်မြင့်အရက်ကြောင်ကြောင်ပြီးမှသေနတ်ပစ်တယ်ဆိုရင်နေရာအနှံ့ပစ်ထားမှာပေါ့။ဒီမှာကြည့်ဦး။သူကဝင်ပေါက်ကိုဘဲပစ်ခဲ့တာ။ကျည်ကုန်တဲ့အထိဘဲ။ကျွန်တော်ကျည်ဆံပေါက်တွေရေကြည့်ပြီးပြီ။ကျည်ခွံနဲ့ကွက်တိဘဲ။သူရန်သူကိုမြင်လို့ပစ်ထားတာသေချာတယ်။”ဟုဝင်ပြောရာမိမိမှ”ဟုတ်ပြီလေ။ဒါဆိုသူ့ကိုဘယ်လိုရန်သူကဝင်ဆော်သွားသလဲကြည့်ကြတာပေါ့”ဟုပြောလိုက်ရာဗိုလ်ခိုင်မြဲက”အကိုကြီးသူပစ်တဲ့အနေအထားနဲ့ဆိုရင်ဝင်လာတဲ့ကောင်ကပြန်မပစ်ဘဲဝင်လာလို့မရဘူး။သူ့နောက်ကျောကနံရံကိုကြည့်လိုက်ဘာကျည်ရာမှမတွေ့ရဘူး။သေနတ်ပြန်မပစ်ဘဲဝင်လာတဲ့သဘောမှာရှိတယ်”ဟုပြောသဖြင့်ဘာပြန်ပြောရမှန်းမသိဖြစ်သွားစဉ်မိမိ၏တပည့်ကျော်ထွန်းကိုမှ”ဗိုလ်ကြီးသူ့ရန်သူကသေနတ်ကျည်ကုန်မှဝင်လာပြီးသူ့ကိုခြိမ်းခြောက်ပြီးမှကြိုးဆွဲချသေအောင်လုပ်သွားတာထင်တယ်”ဟုပြောသဖြင့်XOမှ”ဖိုးထွန်းရာမင်းစဉ်းစားကြည့်ဦး။ရာမို့စ်လိုပင်လယ်ဓါးမြကဒီအတိုင်းငြိမ်ငြိမ်လေးအသေခံမှာတဲ့လား။အနည်းဆုံးတော့လုံးထွေးသတ်ပုတ်မှာဘဲဟ။ဒီမှာဘာမှရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့လက္ခဏာမရှိဘူး။”ဟုပြောရာမိမိလည်းစိတ်ရှုပ်လာသဖြင့်”တော်တော့ကွာ။ငါတို့ကဒီပစ်မှတ်ကိုရှင်းဖို့ဘဲ။ပစ်မှတ်ပျောက်ပြီဆိုတော့ငါတို့နဲ့မဆိုင်တော့ဘူး။ငါတို့အထဲမှာအမှုလိုက်ရမယ့်ညွှန်ကြားချက်အမိန့်မပါဘူ”ဟုခပ်ငေါက်ငေါက်ပြောလိုက်မှငြိမ်သွားကြသည်။ အခြေအနေအရပ်ရပ်အားရေယာဉ်မှူးထံသတင်းပို့ပြီးနောက်ရေယာဉ်မှူးမှကျွန်းပေါ်တက်ရှင်းရန်ဌာနချုပ်မှညွှန်ကြားလာကြောင်းပြန်ပြောလေသည်။ထိုအကြောင်းပြောရန်အောက်သို့ဆင်းလာစဉ်ဆေးတပ်သားလေးမှမိမိအားမျက်နှာရိပ်ဖြင့်လှမ်းခေါ်သဖြင့်သူ့အနားသွားပြီး”ဘာတုန်းကွာ။မင်းကလည်းတမျိုး”ဟုမေးလိုက်ရာ”ဗိုလ်မှူးကျွန်တော်အလောင်းတွေအကုန်စစ်ပြီးပြီ။ဘာဒဏ်ရာမှမတွေ့ဘူး။အဆိပ်မိတဲ့လက္ခဏာလည်းမတွေ့ဘူး။သေတာကတော့၅ရက်လောက်ဘဲကြာဦးပေမယ့်အလောင်းတွေကခြောက်ကပ်နေတယ်။သွေးရိုးသားရိုးသေတာတော့မဟုတ်နိုင်ဘူးထင်တယ်”ဟုသတင်းပို့ရာအပေါ်ထပ်မှစိတ်ရှုပ်လာသောအရှိန်ဖြင့်”အေးဟုတ်တယ်ဟေ့ဟုတ်တယ်ဟ။လူဝင်သတ်တာမဟုတ်ဘူး။မကောင်းဆိုးဝါးတွေတက်သတ်သွားတာ”ဟုအော်ပြောလိုက်ရာသင်္ဘောပေါ်မှမတစ်ထောင်ဘွားစစ်သားကြီးများမှာအပြေးအလွှားဖြင့်အောက်သို့ပြေးဆင်းလာကြသည်။ မိမိလည်းဒေါသထွက်လာသဖြင့်”မအေပေးတွေ။စစ်သားတွေဖြစ်ပြီးဒီလောက်ကြောက်တတ်ကြသလားကွ”ဟုအော်လိုက်မှငြိမ်သွားကြသည်။ထိုအခိုက်တွင်XOမှ”အကိုကြီးကမ်းခြေကိုကြည့်စမ်းပါဦး။လူတွေဗျ။”ဟုပြောသဖြင့်မိမိတို့လည်းလှမ်းကြည့်ရာ။ဟုတ်ပေသည်။လူ၅၀ခန့်ရှိမည်။မိမိတို့သင်္ဘောဘက်သို့ကြည့်နေကြခြင်းဖြစ်သည်။”မှန်ပြောင်းနဲ့ကြည့်ကွာ။ဘာလူမျိုးတွေဖြစ်နိုင်သလဲလို့။ကိုယ်COဆီသတင်းလှမ်းပို့ပြီးညွှန်ကြားချက်တောင်းလိုက်ဦးမယ်။”ဟုပြောပြီးသတင်းပို့လိုက်ရာရေယာဉ်မှူးမှဒီနားကကျွန်းတွေမှာလူမနေဘူး။ခိုးဝင်လာတဲ့သူတွေဖြစ်နိုင်ကြောင်းသုံးသပ်ပြီးကမ်းပေါ်သို့တက်၍ကွက်စိပ်နင်းရှင်းရန်အမိန့်ပေးလိုက်သည်။ COထံမှကမ်းတက်ရှင်းရန်အမိန့်အားရကြောင်းမိမိအဖွဲ့သားများအားရှင်းပြပြီးကမ်းပေါ်တက်ရန်ပြင်ဆင်စေလိုက်သည်။ထိုစဉ်XOရောက်လာပြီး”အကိုကြီးကျွန်တော်မှန်ပြောင်းနဲ့ကြည့်နေတုန်းလူတွေတောထဲပြန်ဝင်သွားတယ်ဗျ။ပုံစံတွေ မော်ကင်း (ဆလုံ)ပုံစံတွေ။ဒါပေမယ့်ဒီနားမှာလုနေတဲ့ကျွန်းရှိတယ်လည်းမကြားဖူးဘူးဗျ။ထူးဆန်းတယ်”ဟုလာပြောရာမိမိမှ”ညီရေ။ကျွန်းပေါ်တောင်တက်တော့မှာ။အဖြေသိရတော့မှာဘဲ။ပူမနေနဲ့။”ဟုပြန်ပြောလိုက်သည်။ ပြောသာပြောလိုက်ရသည်။ အမှန်တော့မိမိလည်းစိတ်ထဲတွင်တမျိုးကြီးဖြစ်နေသည်။ ရာဘာစက်လှေလေးသည်ကမ်းခြေနှင့်နီးလာသောအခါစက်သတ်၍တက်များဖြင့်သာပြောင်းလှော်ကြစဉ်မိမိလည်းနာရီကြည့်လိုက်ရာညနေ၃နာရီထိုးလုပြီကိုသိလိုက်သည်။ဒီအတိုင်းဆိုရင်နောက်ထပ်၁နာရီဆိုလျှင်ရေတက်တော့မည်ဖြစ်သည်။ကမ်းခြေသို့ရောက်သောအခါမိမိမှစက်လှေမောင်းအားစကားပြောစက်တစ်လုံးပေးထားပြီးအစောင့်အဖြစ်ချန်ထားခဲ့လိုက်သည်။ရေယာဉ်မှူးထံကမ်းကပ်ပြီးကြောင်းသတင်းပို့လိုက်စဉ်ရေယာဉ်မှူးမှ၁၅မိနစ်တကြိမ်ဆက်သွယ်ရန်နှင့်ရေတက်ချိန်နီးပြီဖြစ်ကြောင်းမှာကြားလေသည်။ ကမ်းခြေမှာသဲအဖြူများဖြစ်ပြီးအလွန်လှပလေသည်။သို့သော်သဲများကြားတွင်နွံအိုင်ငယ်လေးများလည်းလွန်စွာပေါလေသည်။တောစပ်သို့အရောက်တွင်XOမှခြေလှမ်းတန့်သွားသဖြင့်လှမ်းကြည့်လိုက်ရာXOသည်မိမိအားလက်ယပ်ခေါ်ပြီးအုန်းပင်တစ်ပင်အားလက်ညိုးထိုးပြသဖြင့်ကြည့်ရာဘာမှမတွေ့သဖြင့်ဘာတုန်းဟုမေးရာ”ဒီမှာလေအကိုကြီးဒီအရစ်တွေ့လား။ဒါဒီရေတက်ထားတဲ့အမှတ်ဘဲ”ဟုပြောသဖြင့်မိမိလည်းကြည့်ရာ။အမှန်ပင်ရေတက်ထားသည့်အရစ်ပင်။မိမိမှစိတ်ပေါက်ပေါက်ဖြင့်”အေးလေဒါဘာဖြစ်တုန်း။ပင်လယ်ကမ်းခြေဒီရေတက်တာအဆန်းလား”ဟုပြောလိုက်ရာXOမှမျက်လုံးပြူးပြီး”အဲဒီရေတက်ထားတဲ့အမှတ်ကိုသေသေချောချာကြည့်ပါဦး။ဘယ်လောက်မြင့်တုန်းလို့”ပြောသဖြင့်စိတ်မှန်းဖြင့်တိုင်းကြည့်ရာ။ဘုရားဘုရား၁၆ပေခန့်မြင့်နေသည်။ဒီအတိုင်းဆိုဒီရေတက်ချိန်ဆိုကျွန်းသည်ရေမြုပ်သွားသည်ပေါ့။ဒါဆိုခုနကတွေ့လိုက်ရသောလုတွေသည်ဘယ်လိုများနေကြပါလိမ့်။တွေးရင်းနှင့်ရှေ့ဆက်တက်ရာတော၏အောက်ခြေသည်နွံများကြောင့်ခရီးမတွင်လှပေ။မကြာပါ။တဲအိမ်လေးများကိုတွေ့ရတော့သည်။လူများသည်မိမိတို့အားမျက်လုံးအကြောင်သားဖြင့်ကြည့်နေသဖြင့်XOမှဆလုံစကားဖြင့်မကြောက်ရန်ပြောလိုက်သည်။တယ်တော်တဲ့XOဘဲ။သူပြောတာကိုနားမလည်သညိ့အလားမည်သူမျှတုတ်တုတ်မျှမလှုပ်ကြချေ။ထိုအခိုက်တွင်မိမိသည်ရှေ့မှတလင်းပြင်တွင်ဆော့နေသောကလေးငယ်လေးအားအမှတ်တမဲ့ကြည့်မိလိုက်စဉ်၊ထိုကလေးငယ်လေးကလည်းပြန်လှည့်အကြည့်။အဲဒီမှာစတွေ့တာပါဘဲခင်ဗျာ။ ကလေးငယ်လေးကမိမိအားပြန်လှည့်ကြည့်ခြင်းသည်မိမိတို့လှည့်ကြည့်သကဲ့သို့လည်ပြန်လှည့်ကြည့်ခြင်းမဟုတ်ဘဲခေါင်းတစ်ခုလုံးနောက်ဘက်သို့လှည့်ကြည့်ခြင်းဖြစ်သည်။မိမိလည်းကြောင်ပြီးကြည့်နေစဉ်တပ်ကြပ်ဇော်မြင့်ထံမှ”အမေရေကယ်ပါဦးဗျ”ဟုအော်သံကြား၍လှမ်းကြည့်ရာမိမိလည်းလိုက်မအော်မိရန်စိတ်ထိန်းထားလိုက်ရသည်။ဟုတ်ကဲ့။ဇော်မြင့်အော်ပေမပေါ့။သူ့နောက်မှာကအုန်းသီးလုံးများ၆လုံးခန့်လိမ့်လာတာကိုး။သေသေချာချာကြည့်မှအုန်းသီးလုံးများမဟုတ်ဘဲခေါင်းပြတ်များဖြစ်နေသည်။ဗုဒ္ဓေါဘာတွေများဖြစ်ကုန်ပါလိမ့်။တောခြောက်နေခြင်းလား။XOမှမိမိအနားလာပြီး”အကိုကြီးတခုခုဘဲဗျ။ဘာဆက်လုပ်ကြမလဲ”ဟုမေးရာသူ့စိတ်ဘယ်လောက်ကြောက်နေသည်မသိ။အသံက၅ပင်မပြည့်ချေ။မိမိလည်း”COကိုကိုယ်သတင်းပို့”မိမိစကားဆုံးအောင်မပြောနိုင်တော့ပေ။XOလေးခိုင်မြဲဦးလည်းမျက်လုံးအပြူးသားဖြင့်မိမိငေးနေရာလိုက်ကြည့်မိတော့။အလို၊အစောကမိမိတို့ကိုနောက်ပြန်လှည့်ကြည့်နေသောကလေးငယ်သည်မိမိတို့ထံလာနေခြင်းပေ။လာသည်မှမျက်နှာကမိမိတို့ဘက်လှည့်ပြီးကိုယ်လုံးကအရှေ့တွင်နောက်ပြန်ကြီးကိုလာနေခြငိးဖြစ်သည်။ ဆေးတပ်သားလဗျန်နော်ထံမှသေနတ်သံကြားသဖြင့်ကြညိ့လိုက်ရာ”ဗိုလ်မှူးဘာငှက်မှန်းမသိဘူး။လုံးလုံးဝိုင်းဝိုင်းကြီးမို့ပစ်လိုက်တာထိရဲ့သားနဲ့ဆက်ပျံသွားတယ်ဗျ။”ဟုပြောသဖြင့်မိုးပေါ်မော့ကြည့်လိုက်ရာ။နည်းတာမဟုတ်။ငှက်များတော့ဟုတ်ဟန်မတူ။သေသေချာချာကြည့်မှလူခေါင်းပြတ်ကြီးများပျံနေခြင်းဖြစ်သည်။မိမိလည်းအဖွဲ့ကိုတစ်နေရာတည်းစုနေရန်အော်ပြောလိုက်ပြီးအိမ်တလုံးမှအသံကြားသဖြင့်သတိနှင့်ဆက်ကြည့်ရာတော့တစ်သက်မှာတစ်ခါမျှမမြင်ဖူးသောမြင်ကွင်းကိုတွေ့လိုက်ရတော့သည်။ Continue Reading →

စုန်းမ…ပရ​လောကရဲ့ဟာသ​လေးပါ

မေ သတင်း လေး /July 26, 2019

မူရင်းစာရေးသားသူကိုလေးလေးစားစား creditပေးပါသည်။မင်္ဂလာညချမ်းပါအိမ်မက်လှလှလေးတွေမက်ကြပါစေရှင်။ ••စုန်းမ•• တစ်​ခါက ရွာတစ်​ရွာမှာ စုန်းမကြီး တစ်​ဦး ရှိတယ်​။ စုန်းမကြီးလို့သာ ​ပြောတာပါ။ အသက်​ ၂၀ ဝန်းကျင်​ မိန်းမပျိုတစ်​ဦး အရွယ်​ပဲ ရှိပါတယ်​။ အသက်​က​တော့ ရာ​ကျော်​ပါပြီ။ အဖိုးအဖွား​တွေ လက်​ထက်​ကတည်းက သူမက ဒီအရွယ်​ပဲ။ အ​တော်​​လေးလည်း ​တင့်​တယ်​တဲ့ ရုပ်​ရည်​ ရှိတယ်​။ ဇရာကို ထိန်းထားနိုင်​တဲ့ အစွမ်းရှိတယ်​။ ပြဿနာက အဲ့ဒါပဲ။ လူ့အ​သွေးအသား​တွေ မှီဝဲပြီး နုပျို​နေတယ်​ ဆိုတဲ့ ​ကောလဟာလတစ်​ပုဒ်​က သူမကို စုန်းမကြီးလို့ အမည်​တွင်​ခဲ့​စေတာပဲ။ ဘယ်​လို​ကြောင့်​ အိုမင်း ရင့်​​ရော်​မှု မရှိသလဲ ဆိုတဲ့ လျှို့ဝှက်​ချက်​ကို လူ​တွေက မသိကြရတဲ့အခါ မဟုတ်​က ဟုတ်​က​တွေ ​လျှောက်​​တွေးမိကြတယ်​။ ​ကြောက်​လည်း ​ကြောက်​ကြတယ်​။ ပြီး​တော့ စုန်းမ​တွေက သာမန်​လက်​နက်​​တွေနဲ့ Continue Reading →

သရဲသဘက် ဝင်စီးသလို အသက်ပြန်ဝင်လာပြီး အောက်ကိုခုန်ဆင်းသွားတဲ့ ကြက်ရင်ပုံသား

admin /July 25, 2019

ကမ္ဘာကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နက်နေတယ်ဆိုတာ လူတိုင်းနီးပါး သိပါတယ်။ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံးဟာ အသက်ပြန်ဝင်လာတယ်ဆိုရင် ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ စားပွဲပေါ်မှာ ခုတ်ထစ်ထားတဲ့ ကြက်သားတုံးတစ်တုံး- အသက်ပြန်ဝင်လာတဲ့ပုံကို ထိတ်လန့်ကြောက်မက်ဖွယ်ရာ ဗွီဒီယိုမှတ်တမ်းတစ်ခု တင်ထားနိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်ရဲ့ စားပွဲပေါ်မှာ အခြားအသားတွေနဲ့အတူ တင်ထားတဲ့ ကြက်သားပန်းကန်ပြား တစ်ချပ်ကို ဗွီဒီယိုထဲမှာ ဖော်ပြထားပါတယ်။ အဲဒီနောက်မှာ ကြက်သားတုံးတစ်တုံးက တွန့်လိမ်လှုပ်ရှားလာတာကို ဖော်ပြထားပါတယ်။ ကြက်သားတုံဟာ သူဘာသာသူ မြောက်တက်လာပြီးတော့ ပန်းကန်ပြားပေါ်မှာ စတင်တွန့်လိမ်လာလို့ ကြည့်နေတဲ့သူတွေ အံ့သြမှင်သက်သွားလောက်အောင်ကို ထမင်းစားပန်းကန်ပြားထဲကနေ ဆွဲချသွားပါတယ်။ ကြက်သားတုံးက ကြည့်နေတဲ့အမျိုးသမီး ကြောက်လန့်တကြား ဖြစ်စေအထိ သက်ဝင်လွန်းပါတယ်။ ဒီဗွီဒီယိုကို Rie Phillps ဆိုသူက Facebook ပေါ်ကို လွန်ခဲ့တဲ့ နှစ်ပတ်က တင်ခဲ့သလို ကြည့်ရှုတဲ့ အကြိမ်ရေပေါင်း Continue Reading →

လူသားစားဖုတ် (သို့မဟုတ်) ဖုတ်ဘုရင်တို့ရဲ့ မာယာ

admin /July 16, 2019

ကျွန်တော်အခုပြောပြမှာကတော့ ဖုတ်ဝင်တဲ့ အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေအန်တီက မိသားစု သုံးယောက်ရှိပါတယ် ….သူ့ ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သား တစ်ယောက်နဲ့  အတူနေထိုင် ကြပါတယ်… အန်တီ့အမျိုးသားကတော့  မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်နေပါတယ်… အဲဒီလိုနဲ့ နယ်မှာ နေတဲ့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက် ရင်း မိမိမှာခံစားနေရတဲ့ သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ့ ဆရာဝန်(အထူးကု)များနဲ့ ပြသဖို့ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ့ သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်တော့ ချစ်စရာကောင်းတဲ့ မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေး သွားချင်တဲ့ အားကစားကွင်းတွေလည်းလိုက်ပို့ နဲ့ အရမ်းကိုပျော်နေတာပေါ့ ဗျာ။ ဆေးခန်းကိုလည်း သွားပြီး ဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက် ပေမဲ Continue Reading →