Category: ​ဗေဒင်

>>> ချမ်းသာခြင်း၊ဘဝတိုးတက်အောင်မြင်ခြင်းနှင့် လက္ခဏာပညာ <<<

admin /August 6, 2019

ကျွန်ုပ်ထံသို့ မိတ်ဆွေတစ်ဦးရောက်ရှိ၍လာလေသည်။ထိုမိတ်ဆွေက ကျွန်ုပ်နှင့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ဆုံးတွေ့ခဲ့ဖူးသူဖြစ်ရာ ယခုပြန်တွေ့ရချိန်တွင် အခြေအနေများ များစွာခြားနားခဲ့ပြီဖြစ်သည်။ထိုမိတ်ဆွေသည် ယခုအချိန်တွင် အသက် (၄၂) ရှိပြီဖြစ်ပြီး ထင်ရှားသော လုပ်ငန်းကြီးတစ်ခု၏ ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်လေသည်။ ချမ်းသာသလို အလှူကြီးလည်း မကြာခဏပေးသူဖြစ်သည်။ကျွန်ုပ်နှင့် တွေ့ဆုံးရစဉ် လက္ခဏာကြည့်ပေးပါရန် တောင်းဆိုသဖြင့် လက်ကိုကြည့်ပြီး အောက်ပါအတိုင်း ပြောပြရလေသည်။ တနင်္ဂနွေဂြိုဟ်ခုံပေါ်က အောင်မြင်ရေး လမ်းကြောင်းသည် ထင်ရှားရှင်းလင်းလှသည်ဖြစ်ရာ သူလုပ်သော လုပ်ငန်းတို့ အောင်မြင်မည်ဆိုသည့်အချက်ကို တွေ့ရလေသည်။ ဗုဒ္ဓဟူးဂြိုဟ်ခုံရှိ အိမ်ထောင်ရေးလမ်းကြောင်းကို ဖြတ်ပြီး အောင်မြင်ရေးကို ပြသော ချမ်းသာခြင်းဆိုင်ရာ လမ်းတစ်ခု ထိုးတက်သွားရာ မိမိ၏ ဇနီးသည်နှင့် ပါတ်သက်ပြီး ချမ်းသာခြင်းကို ဖြစ်စေကြောင်းဖော်ပြနေပြန်ပါသည်။ ကံလမ်းကြောင်းသည် ဦးခေါင်းလမ်းအောက်တွင် ကျိုးပြတ်နေသော်လည်း လေးထောင့်ကွက်အတွင်းရှိသဖြင့် ထိုပြသနာကို ကောင်းစွာဖြေရှင်းနိုင်ခဲ့ပြီး ထိုအခြအနေကပင် ချမ်းသာခြင်းကို နောက်ထပ် Continue Reading →

01.8.2019 မှ 07.8.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

admin /August 1, 2019

တနင်္ဂနွေ ဒီကာလအတွင်းလုပ်ငန်းခွင်အတွင်းအထက်လူကြီးအပြောင်းအလဲလေးတွေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲလုပ်ငန်းတွေနဲ့ပက်သက်ပြီး ပုံစံအသစ်တွေနဲ့လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်တာဝန်တွေကလဲပိုလာနိုင်ပါတယ်။ မိမိရဲ့ကျန်းမာရေးကိုလဲ မမေ့သေ့ဘူး။ ခေါင်းမကြည်တာမျိုး၊ဇက်ကြောတတ်တာမျိုးဆို သွေးပေါင်လေးချိန်ကြည့်ပါ။ သွေးတိုးလွယ်တဲ့နေ့ရက်တွေဖြစ်နေလို့ပါပဲ။ အိမ်ကိစ္စ၊အမွေကိစ္စတွေရှိနေရင် ဒီကာလမှာပိုရှုပ်သွားတတ်ပါတယ်။ ဖခင်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ကိစ္စလေးတွေဖြစ်ရတတ်ပါတယ်။ အလုပ်သစ်ရှာရခက်ခဲနေလိမ့်မယ်။ အလုပ် စာမေးပွဲမှာ အောင်မြင်ဖို့ခက်ခဲတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို ချိန်ဆပြီးမှလုပ်စေချင်ပါတယ်။ အဆင်မပြေတဲ့ မိတ်ဆွေတွေအတွက်အကူအညီတွေပေးနေရတတ်ပါတယ်။ မထင်မှတ်ဘဲ ခရီးတိုလေးတွေသွားနေရတတ်ပါတယ် ။တွေးထင်ထားတဲ့ ကိစ္စတွေဖြစ်လာဖို့မလွယ်သေးပါဘူး။ အကြံကြီးကြီးတွေရှိနေရင်တောင်စတင်အကောင် အထည်မဖော်သင့်ပါဘူး။ ချစ်သူနဲ့ အဆင်ပြေပေမဲ့အလုပ်များနေတဲ့ချစ်သူက မိမိကိုဂရုစိုက်နိုင်ဖို့မလွယ်ပါဘူး။ အိမ်ထောင်ရေးမှာကြားလူစကားကိုမယုံပါနဲ့။ ပညာရေးနဲ့ပက်သက်ပြီးတော့ ဥာဏ်ဝီရိယကို အလေးထားပါ။ အကျိုးပေးဂဏန်း 3/4/8 အထူးဟော အပြောင်းအလဲတွေများနေမည်။ ယတြာ ဘုရားရှင်အားရွှေဆိုင်း၊ရွှေသင်္ကန်းကပ်လှူလိုက်ပါ။ တနင်္လာ အဘက်ဘက်က ကံအားသာချက်ရှိနေတာတော့အမှန်ပါပဲ။ မိမိရင်ထဲကဆန္ဒတွေအတိုင်းဖြစ်လာမဲ့ကာလ ပါပဲ။ မိတ်ဆွေသစ်တွေတိုးပါလိမ့်မယ်။ တိုးလာမဲ့ မိတ်ဆွေတွေကလဲ တကယ့်ကို ကလျာဏမိတ္တဖြစ်ပါလိမ့်မယ်။ အဖတ်မတင်ပဲ အကုန်အကျများနေတဲ့ငွေတွေ ရပ်တန့်သွားပြီး ငွေစုဆောင်းနိုင်သည်အထိပြန်ဝင်လာတတ်ပါ Continue Reading →

အခက်ကြုံတိုင်း ကြည့်ဖို့ (၇) ရက် သားသမီးများအတွက် 2019 တစ်နှစ်လုံးစာ ဟောစာတမ်းနှင့် ယတြာ

admin /July 30, 2019

Zawgyi မိမိတို့ရဲ့ ဟောစာတမ်းကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေ ဖော်ပြပေးလိုက်ပါတယ်။ တနင်္ဂနွေသားသမီးများအတွက် သင်သည်ယခုနှစ်အတွင်း၊အလုပ်နေရာ၊အိမ်နေရာ၊ပြင်ဆင်မွမ်းမံရခြင်း၊ပြောင်းရွှေ့ရခြင်းလုပ်ရတက်၏၊ လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များ ပေါ်လာ လိမ့်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကောင်းရခြင်း၊လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတက်၏။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတက်သော ကာလဖြစ်၏။ သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ ချမ်းသာနေပြီဟု ဆွေမျိုးသားချင်း အပေါင်းအသင်းတို့ကအထင်ကြီးနေလိမ့်မည်။ သူခိုး မျက်စိ အကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတက်ကြောင်းသတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလ ဖြစ်ပါသည်။ ဘုရားဖူးခရီးသွားရတက်၏ ။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများရောက်လာတက်၏။ အိမ်သို့အတောင်ပေါက်သောသတ္တဝါဝင်လာတက်၏။ ဝင်လျှင် နမိတ်ကောင်း၏။သွပ်၊သံ၊သစ် စသော သောကြာနံပစ္စည်းများ Continue Reading →

တနင်္ဂနွေသားသမီးများ အတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း

admin /July 29, 2019

တနင်္ဂနွေသားသမီးများ အတွက် သက်ရှိသက်မဲ့အားလုံးနှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာခြင်း ၊ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဥာဏ်များဖြင့်အောင်မြင်ခြင်း ၊ မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်း ၊ အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း ၊ စုတ်ရော လာဘ်ရောပွင့်နေခြင်း ၊ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ တို့ မုချကြုံတွေ့ရလတ္တံ့။ ကံဇာတာပွင့်လန်းတိုးတက်အံ့။ လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြန်ြမန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့သင့်အံ့။အခက်အခဲ အကြပ်အတည်းများကို ဖြတ်ကျော်နိုင်စွမ်းရှိအံ့။ ပြဿနာများကို ဖြေရှင်းနိုင်အံ့။ အမျိုးသမီးတစ်ယေက်၏အကူအညီ ကြီးကြီးမားမားရအံ့။ Continue Reading →

တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း – 25.7.2019 မှ 31.7.2019 အထိ

မေ သတင်း လေး /July 25, 2019

တနင်္ဂနွေ ဒီကာလအတွင်းမိမိအတွက်ကောင်းမွန်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တတ်ပါတယ်။ မိမိအနစ်နာ ခံလုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့အသီးအပွင့်တွေကိုလဲ ခံစားစံစားနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုကောင်းတဲ့အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေရလွယ်နေပါလိမ့်မယ်။ မိဘ၊ဦးကြီး၊ဘကြီးတွေဆီက အကူအညီ တွေ၊အထောက်အပံ့တွေရလွယ်နေတတ်ပါတယ်။ ၀န်ထမ်းများ အထက်လူကြီးကတာဝန်ကြီးကြီးခိုင်းရင် တတ်နိုင် သလောက်ကြိုးစားလုပ်ပါ။ မိမိရဲ့အစွမ်းအစကို စမ်းသပ်တာမျိုးလဲဖြစ်နိုင်လို့ပါပဲ။ကုန်ကျစရိတ်တွေများနေရင် ကောင်းစွာလျှော့ချသွားနိုင်ပါလိမ့်မယ်။ အိမ်ကိစ္စအမွေကိစ္စတွေနဲ့ပက်သက်ပြီး ရှုပ်ထွေးနေတာလေးတွေကောင်းစွာ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ မိမိထက်အသက်ကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီတွေကိုလဲ ရလွယ်တတ် ပါတယ်။ ကျန်းမာရေးက အပေါ်ယံနှာစေး ၊ချောင်းဆိုးလောက်ပါပဲ။ အချစ်ရေးမှာတော့စကားအမှားတွေကြောင့် ဖြေရှင်းရန်ခက်ခဲတဲ့ပြဿနာတွေထိဖြစ်သွားနိုင်ပါတယ်။ ဒီအပတ်ထဲအားနည်းချက်အများဆုံးကတော့ အိမ်ထောင် ရေးပါ။ အိမ်ထောင်ရေးအဆင်မပြေတာများနိုင်ပါတယ်။ ပညာရေးကံညံ့နေတာမျိုး မတွေ့ရပါဘူး။ အကျိုးပေးဂဏန်း 1/5/8 ၊ အထူးဟော အခွင့်အရေးတွေရတတ်ပါတယ်။ယတြာ ပဲကပ်ကြော်ဘုရားကပ်လှူဆုတောင်းပါ။ တနင်္လာ ဒီအပတ်ထဲမှာ မိမိကိုယ်တိုင်က အချိန်တွေဖြုန်းနေမိတတ်ပါတယ်။ ဂိမ်းနဲ့အချိန်ကုန်တာ၊entertainment နဲ့အချိန်ကုန်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အလေလိုက်မဲ့ကိစ္စမှန်သမျှချင့်ချိန်ပြီးလုပ်စေချင်ပါတယ်။ ကိုယ့်အတွက် တစ်နေ့တာကို ကုသိုလ်၊ပညာ၊ဥစ္စာမရဘဲ မကုန်ဆုံးဖို့မှာချင်ပါတယ်။ ခရီးကိစ္စတွေအဆင်မပြေဖြစ် Continue Reading →

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃ဝ ရက်နေ့အထိ

admin /July 25, 2019

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃ဝ ရက်နေ့အထိ ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … #ဗေဒင်ဝါသနာအိုး ဇင်ယော်နီ

၂၀၁၉ ဇူလိုင်လ (၁၆)ရက်မှ ၊ ဇူလိုင်လ(၂၃)ရက်အတွင်း . ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်

admin /July 16, 2019

မိတ်ဆွေများအားလုံးအတွက် . ၂၀၁၉ ဇူလိုင်လ (၁၆)ရက်မှ ၊ ဇူလိုင်လ(၂၃)ရက်အတွင်း . ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁)ပတ်စာ ဟောစာတမ်း . အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။ . မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော . မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း) . ကောင်းကင်ပြင်တစ်ခုလုံး မိုးသားတိမ်လိပ်များကြောင့် မှုံမှိုင်းအုံ့ဆိုင်းနေပြီး လွမ်းမောကြည်နူးဖွယ်ရာကောင်းလှသော ဇူလိုင်လ၏နေ့ရက်များ .