Category: Cele news

ပရိသတ်တွေ လုံးဝတအံ့တသြဖြစ်သွားစေမည့် ဇာတ်ကား (၁) ကားအတွက် နေတိုးရဲ့ အနုပညာကြေး။

မေ သတင်း လေး /August 10, 2019

နေတိုးကတော့ အကယ်ဒမီဆုတွေအပြင် နောက်ထပ် ထူးချွန်ဆုတွေ အများကြီးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးက ပရိသတ်အားပေးမှုနဲ့ ဆိုင်တယ်လို့ဆိုပါတယ်။ပရိသတ်အချစ်တော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးက အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာကြေးဟာ အားပေးတဲ့ ပရိသတ်အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဘယ်အရာမှလည်း တစ်သတ်မတ်တည်း မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။‘’ အနုပညာကြေးဆိုတာကတော့ ပရိသတ်အားပေးမှု အနည်းအများပေါ်မှာပဲ မူတည်ပါတယ်။ အနုပညာကြေးဆိုတာကလည်း ပရိသတ်အားပေးမှုနဲ့ တိုက်ရိုက် အချိုးချထားတာဆိုတော့လေ အောင်မြင်တဲ့အနုပညာရှင်တိုင်းက အနုပညာကြေးကတော့ အထိုက်အလျှောက် အနည်းအများပေါ်မှာ မူတည်ပါတယ်။ ဘယ်အရာမှလည်း တစ်သတ်မှတ်ကြီးတော့ မရှိဘူးပေါ့’’ လို့ သူကဆိုပါတယ်။နေတိုးဟာ လက်ရှိမှာ အကယ်ဒမီဆု များစွာ ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကယ်ဒမီ အများကြီးရလို့ အနုပညာကြေးတတ်တယ်ဆိုတာ မရှိဘူးလို့ ပြောပါတယ်။‘’ ကျွန်တော်ကတော့ Continue Reading →

ဖြစ်စဉ်ခြင်းမတူလို့ အမှုကျေအေးပေးမှာမဟုတ်ဘူးဆိုတဲ့ သင်းသင်း

မေ သတင်း လေး /August 9, 2019

သင်းသင်းနဲ့ ဝေဠုကျော်ရဲ့အမှုဟာဆိုရင်နှစ်နဲ့ချီကြာလာခဲ့ပြီဖြစ်သလို ရုံးချိန်းတစ်ခုပြီးတစ်ခုချိန်းပြီး အမှုသွားအမှုလာကလည်းတော်တော်လေးကိုအရှိန်ရနေပြီးအမှုကအတော်ခရီးရောက်နေပြီလို့ဆိုရမှာပါ။ ပရိသတ်တွေစောင့်ကြည့်နေရတဲ့အမှုပြိုင်တွေဖြစ်တဲ့ သင်းသင်းနဲ့ ဝေဠုကျော်အမှုအပြင် အစ္စဏီနဲ့ စူးရှထက်တို့ရဲ့အမှုတွေမှာ စူးရှထက်ကတော့ အစ္စဏီဘက်ကတောင်းပန်လို့ အမှုကိုကျေအေးပေးလိုက်ပါပြီ။ အဲဒီလိုကျေအေးပေးလိုက်တာနဲ့ပတ်သက်ပြီး သင်းသင်းရော ကျေအေးပေးဖို့ရှိမလားလို့ ပရိသတ်တွေသိချင်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သင်းသင်းက 8days TV နဲ့ အင်တာဗျူးမှာ ဖြေကြားထားခဲ့ပါတယ်။ သင်းသင်းက ဟိုတလောက account hack ခံလိုက်ရတဲ့အကြောင်း “အစ်မ account ကို ခိုးယူလိုက်တာပါ။ Hack တဲ့အဆင့်အထိတော့ သူတို့မှာအဆင့်မရှိသေးပါဘူး။ အကောင့်ကတော့ 31 ရက်နေ့ညကဖြစ်သွားတယ်။ အစ်မလည်းသိပ်နားမလည်တော့နောက်တစ်နေ့မနက်မှပြကြည့်ရတယ်။ နာမည်တော့ထည့်မပြောတော့ပါဘူး။ ခိုးယူတဲ့လူကိုအစ်မသိပါတယ်။ အစ်မလည်းအစ်မရဲ့ အကောင့်လေးမှာ အလုပ်ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့လူတွေရှိတယ်။ အဲဒါကို ဘလော့လိုက်လားပေါ့။မေးကြတယ်။ အဲဒါကို ဒီကနေပဲပြောချင်ပါတယ်။ ဘလော့လိုက်တာမဟုတ်ပါဘူး”လို့ ပြောပြထားပါတယ်။ အကောင့်ထဲမှာ ရေဘေးအလှူအတွက် အလှူရှင်တွေဆက်သွယ်ထားတာပါသွားလို့စိတ်မကောင်းဘူးလို့ “ထိခိုက်မှုရှိတာကတော့ တော်တော်များများ Continue Reading →

အိမ်ကိုလည်းစိတ်နာတယ် ချိုမာဆိုတဲ့နာမည်ကိုလည်းမုန်းတယ် ဆိုပြီး ဘဝခါးခါးဖြတ်သန်းခဲ့ရပုံတွေကိုပြောပြလာတဲ့ အွန်လိုင်းဈေးသည်မလေး အနော်

မေ သတင်း လေး /August 9, 2019

အွန်လိုင်းပေါ်က ဈေးသည်မလေး မချိုမာကိုတော့ပရိသတ်တွေသိကြမှာပါနော်။ Live လွှင့်ပြီး အမြဲဈေးရောင်းရာကနေပြီးတော့ အားပေးဝန်းရံသူတွေများလာတဲ့ မချိုမာကတော့ ဖေ့ဘုတ်ပေါ်မှာ ဆယ်လီဖြစ်လာခဲ့ပါတယ်။ သူမဟာ ထိုင်းမှာနေထိုင်နေပြီးတော့ အလှကုန်နဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေကို Live လွှင့်ပြီး ရောင်းချနေတာဖြစ်ပါတယ်။ မချိုမာကတော့ မြန်မာနိုင်ငံမှာအခြေချပြီးအနုပညာအလုပ်တွေကိုလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်သိရပါတယ်။ ယခုလတ်တလောမှာလဲ သီချင်းတွေဆိုပြီး MTV ရိုက်ကူးနေတာကိုလဲတွေ့ရပါတယ်။ ချိုမာကတော့ “အိမ်ကိုလည်းစိတ်နာတယ် ချိုမာဆိုတဲ့နာမည်ကိုလည်းမုန်းတယ်” လို့ဆိုတဲ့နော်ကြယ်စင် ဘဝခါးခါးကိုဘယ်လိုဖြတ်သန်းခဲ့ရပုံတွေကို မျက်ရည်မကျအောင် ထိန်းရင်း ပရိသတ်ကြီးကိုပြောပြလာခဲ့ပါတယ်။ အနော်ရဲ့ မိန်းကလေးတစ်ယောက် ဘဝကိုရုံးကန်ဖြတ်သန်းလာခဲ့ရပုံတွေကို ပြောပြထားတဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ အနော်လဲ ဘဝမှာ လိုရာပန်းတိုင်ကိုလျောက်လှမ်းနိုင်ပါစေလ်ို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ အနော်ကိုချစ်ရင် Share ပေးသွားကြဦးနော်။ Video ကြည့်ရန် Video Source : myanmar Platform Credit-စွယ်စုံသတင်းစုံ

လက်တဖက်မရှိတော့ပေမဲ့ ဘဝကို အရှုံးမပေးပဲ ​ခြေ​ထောက်​နဲ့ဂစ်တာတီးပြီး သီချင်လေးတွေဆိုနေတဲ့ မီးဝေ( ရုပ်သံ )

မေ သတင်း လေး /August 8, 2019

Myanmar’s Got Talent ပြိုင်​ပွဲမှာ ဝင်​ပြိုင်​ခဲ့တဲ့ ပြိုင်​စံရှား ဂစ်​တာသမားတစ်​​ယောက်​ရှိပါတယ်​။ သူ့နာမည်​ကို မီး​ဝေလို့​ခေါ်ပါတယ်​။ သူဟာ မ​တော်​တဆမှုတစ်​ခုကို ကံဆိုးစွာကြုံ​တွေ့ခဲ့ရပြီး လက်​တဖက်​မရှိ​တော့သူဖြစ်​​ပေမဲ့ ဘဝကို အရှုံးမပေးပဲ ​ခြေ​ထောက်​နဲ့ဂစ်တာတီးပြီး သီချင်းတွေဆိုနေတဲ့ မီးဝေပါ။ မီးဝေ (Myanmar’s Got Talent) ရဲ့” Guitar Man ” Album ထဲမှာပါဝင်တဲ့ ” ပန်းတိုင် ” ဆိုတဲ့ သူဘ၀ ဇာတ်ကြောင်းလေးကို ရေးဖွဲ့သီဆိုထားတဲ့ Music Video လေး ထွက်​ရှိလာပြီးတဲ့​နောက်​ အွန်​လိုင်း​ပေါ်မှာ​တော့ ​လက်​တစ်​ဖက်​မရှိတဲ့ မသန်​စွမ်းဂစ်​တာသမားတစ်​ဦးရဲ့ ရဲရင့်​မှုကို မဖြစ်​မ​နေ အသိအမှတ်​ပြုခဲ့ကြပြီး လွယ်​လွယ်​အလဲကျမခံတတ်​၊ လွယ်​လွယ်​အရှုံးမ​ပေးတတ်​တဲ့ သူ့ရဲ့ ဇွဲသတ္တိဟာ​လေးစားစရာဖြစ်​ခဲ့ပါတယ်​။ လက်​တစ်​​ချောင်းလုံး ဆုံးရှုံးထားရ​ပေမယ့်​ စိတ်​ဓာတ်​မ​ပျော့ညံ့သွားတဲ့အပြင်​ ရုန်းကန်​အားထုတ်​​နေဖို့မပျက်​ကွက်​တဲ့ သူ့ရဲ့ စိတ်​ဓာတ်​ကို Continue Reading →

သူများကိုကယ်ဖို့ပြင်ဆင်နေချိန် ကိုယ့်အိမ်မှာရေကြီးနေပြီဆိုတဲ့ ဝေဠုကျော်

မေ သတင်း လေး /August 7, 2019

ဝေဠုကျော်တစ်ယောက် မိုးတွေရွာ ရေတွေကြီးလို့ သူ့အိမ်ထဲတောင် ရေတွေ ဝင်နေပါပြီတဲ့။ ပစ္စည်းတွေ ရွှေ့ရပြောင်းရလို့ တစ်ယောက်တည်းတောင် မနိုင်တော့ဘူးလို့ဆိုပါတယ်။ ‘’ကယ်ကြပါအုံးဗျို့။ သူများတွေအတွက် ကူဖို့ ကယ်ဖို့ အတွက် သွားဖို့ ပြင်ဆင်တုန်း ကိုယ့်အိမ်ပါ ရေ တက်လာလို့ ရွှေ့ပြောင်းသယ်ပို့နေရပါတယ် ကူကြ ကယ်ကြ ပါအုံးဗျို့။ WLK လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ အမြန်ဆုံးလာပေးပါ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၄ မိနစ်က ရေးသားထားတာဖြစ်ပါတယ်။ ပစ္စည်းတွေ အပြောင်းအရွှေ့လုပ်နေတဲ့ အမှတ်တရဓာတ်ပုံတွေကိုလည်း အတူတွဲတင်ခဲ့ပါသေးတယ်။ ဝေဠုကျော်က ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ Continue Reading →

မြန်မာ့နိုင်ငံရဲ့ ပထမဆုံး 3D ရုပ်ရှင်ကားဖြစ်တဲ့ ကြီးမြတ်သောမြန်မာ (ရုပ်သံ)

မေ သတင်း လေး /August 7, 2019

မြန်မာ့နိုင်ငံရဲ့ ပထမဆုံး 3D ရုပ်ရှင်ကားဖြစ်တဲ့ ကြီးမြတ်သောမြန်မာ (ရုပ်သံ) ခေတ်တွေလည်း ပြောင်းလာတာနဲ့ အမျှ မြန်မာနိုင်ငံက ရုပ်ရှင်ချစ်ပရိသတ်တွေလည်း ကိုယ့်နိုင်ငံမှာ နိုင်ငံတကာအဆင့်မှီတဲ့ ဇာတ်ကားကောင်းတွေကို ကြည့်ချင်နေကြမှာအမှန်ပါပဲ။ ယခုနောက်ပိုင်း ၁ နှစ် ၂ နှစ်အတွင်းမှာတော့ လူငယ်ဒါရိုက်တာ အသစ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာတော့ အဆင့်အတန်းတခုရှိတဲ့ ရုပ်ရှင်တွေကို ကြည့်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့်လည်း တခုခုဆို ဝေဖန်သုံးသပ်နိုင်တဲ့ ပရိသတ်တွေ အတွက်တော့ ဒီထက်ပိုပြီးကောင်းတဲ့ မြန်မာရုပ်ရှင်တွေကို မျှော်လင့်နေကြတာ အမှန်ပါပဲ။ မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေ စောင့်စားရကျိုးနပ်စေမယ့် ရုပ်ရှင်ကားကြီးတကားကတော့ မကြာခင် ပြသတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြီးမြတ်လှသော သမိုင်းကြောင်းကြီးကို ရိုက်ထားတဲ့ “ကြီးမြတ်သော မြန်မာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင် ရုံတင်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Continue Reading →

မိတ္ထီလာက ပရိတ်သတ် အပျော်ကြီးပျော်ခဲ့ကြတဲ့ စူးရှထက်ရဲ့ အလန်းစားသီဆိုမှု

မေ သတင်း လေး /August 7, 2019

မိတ္ထီလာက ပရိတ်သတ် အပျော်ကြီးပျော်ခဲ့ကြတဲ့ စူးရှထက်ရဲ့ အလန်းစားသီဆိုမှု ခန္ဓာကိုယ် ကောက်ကြောင်း အမိုက်စားနဲ့ မော်ဒယ် တယောက်ဖြစ်တဲ့ စူးရှထက်ကတော့ ယခုနောက်ပိုင်းမှာတော့ ပရဟိတလုပ်ငန်းလေးတွေ လုပ်ကိုင်ပြီး အလှူဒါနလေးတွေ ပြုလုပ်နေတာကြောင့် ဝေဖန်သူတွေတော့ တဖြည်းဖြည်းနည်းလာတာကို တွေ့ရပါတယ်။မော်ဒယ် စူးရှထက်ကတော့ အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိလာကြတာ ဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ စူးရှထက်ကို မသိတဲ့သူ မရှိလောက်တော့ပါဘူး။ စူးရှထက်ကတော့ တဖက်မှာမိဘကို လုပ်ကျွေးနေသလို တယောက်ထဲ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။လူသိများလာတဲ့ အလျောက် စူးရှထက်ကတော့ နယ်ကပွဲတွေမှာ သီချင်းတွေဆိုနေရပြီး တချို့ပွဲတွေကိုလည်း တတ်နေရတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ စူးရှထက်ရဲ့ ဗီဒိယိုလေးရှိပါတယ်။စူးရှထက်ကတော့ မိတ္ထီလာမှာသွားရောက်ဖျော်ဖြေတဲ့ အချိန်မှာတော့ သူ့ကိုအားပေးဝန်းရံတဲ့ သူတွေအများအပြားရှိခဲ့ပြီး သူကိုယ်တိုင်လည်း ဝမ်းသာပီတိ ဖြစ်နေတာ Continue Reading →

အမေရိကန်တက္ကသိုလ်တစ်ခုတွင် ပညာသင်ခွင့်နှင့် ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ ၈ သောင်း(သိန်း ၁၂၀၀ကျော်) ရရှိသွားတဲ့ နော်ဖော်အယ်ထားရဲ့ ညီမလေး

မေ သတင်း လေး /August 6, 2019

ချစ်စရာအသွင်အပြင်လေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေ စတင်သတိထားမိခဲ့သူက တိုင်းရင်းသူလေး နော်ဖောအယ်ထားပဲဖြစ်ပါတယ်။ သူမဟာ SAI Cosmetics ကြော်ငြာနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးနေတဲ့အပြင် ပွဲတက်ဖိတ်ကြားမှုတွေကိုပါ ရရှိထားတာဖြစ်ပါတယ်။ ချစ်စရာနော်ဖော်အယ်ထားရဲ့ ညီမလေးဖြစ်သူ နော်အယ်ထားပိုဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၅) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ပညာရေးမှာ တော်လွန်းလှတဲ့ နော်အယ်ထားပိုဟာ အမေရိကန်နိုင်ငံက ကမ္ဘာ့ အဆင့်မီတက္ကသိုလ်တစ်ခုမှာ ပညာသင် Scholarship ရရှိခဲ့ပြန်ပါသေးတယ်။ သူမဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က ထိပ်တန်းအဆင့်ရှိတဲ့ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုမှာ ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်ဆုရရှိခဲ့တဲ့အပြင် (၄) နှစ်စာအတွက် ပညာသင်ထောက်ပံ့ကြေးငွေ ဒေါ်လာ (၈၀၀၀၀) တိတိ (မြန်မာငွေ သိန်း ၁၂၀၀ ကျော်)ကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။ ပညာရေးမှာ ထူးချွန်လှတဲ့ Continue Reading →

နိုင်ငံပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမြင့်မားဆုံးရွှေတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့တဲ့ သားတို့အမွှာညီအစ်ကို

မေ သတင်း လေး /August 6, 2019

နိုင်ငံပေါင်း(၂၀) ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမြင့်မားဆုံးရွှေတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာနိုင်ငံမှ သားတို့အမွှာညီအစ်ကို။ ကမ္ဘာမှာမြန်မာ့အနုသုခုမယဉ်ကျေးမှုကိုချပြပြီးအမြင့်ဆုံးရွှေတံဆိပ်(၂ )ဆုကိုရယူခဲ့တဲ့အသက်အရွယ်နဲ့မလိုက်အောင်တော်ကြသော မျိုးဆက်သစ် ညီငယ်များ။ Russiaနိုင်ငံ Vladivostok မြို့ Okeah Center မှာကျင်းပတဲ့ Children of the World 2019 နိုင်ငံပေါင်း(၂၀ )၀င်ရောက်ယှဉ်ပြိုင်ရာမှာအမြင့်မားဆုံးရွှေတံဆိပ်နှစ်ဆုကိုမြန်မာနိုင်ငံမှ ဆွတ်ခူးရရှိခဲ့ပါတယ်ရှင် crd-myatnuthway ။ Russia နိုင်ငံ, Vladivostok မြို့ရှိ OKEAN CENTER ၌ကျင်းပပြုလုပ်သောလူငယ်ပွဲတော်သို့ တက်ရောက်နေသည့်Private Teachers Association နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ပူးပေါင်းထားသောမြန်မာလူငယ်အဖွဲ့သည် LIVE, CREATE & DREAM ဟု အမည်ပေးထားသည့်။ အနုပညာပြိုင်ပွဲတွင်အဆို၊ အက၊ အတီး ကဏ္ဍ (၃) ခု အတွက်ဆုများရွေးချယ်ချီးမြှင့်သည့်အနက်အက နှင့် အတီး ကဏ္ဍအတွက်အမြင့်ဆုံး Continue Reading →

အဆိုတာ်​ မ​နောရဲ့ ရွာမှာ ကျပ်​သိန်း၂၅၀တန်​ စာသင်​​ကျောင်း ​ဆောက်လုပ်လှူဒါန်းခဲ့တဲ့  မြင့်​မိုရ်ေ​မ​မေစာအုပ်​တိုက်

မေ သတင်း လေး /August 6, 2019

အဆိုတော် မနော တို့ နေခဲ့တဲ့ ရွာမှာ သိန်းပေါင်း ၂၅၀ ကုန်ကျခံပြီး စာသင်ကျောင်း ဆောက်လုပ် လှူဒါန်းလိုက်တဲ့ မြင့်မိုရ်မေမေ စာပေမင့်မိုရ်မေမေ စာပေ မိသားစုကနေပြီးတော့ အဆိုတော် မနော နေခဲ့တဲ့ မန္တလေးတိုင်း , မြင်းခြံ , ငါးဇွန်မြို့နယ်က ရွာသစ်(ဂျွန်း) ကျေးရွာ လေးမှာ သိန်းပေါင်း ၂၅၀ ကျော် ကုန်ကျခံပြီး စာသင်ကျောင်း တစ်ခု ဆောက်လုပ်လှူဒါန်းလိုက်တယ်လို့  သိရပါတယ်။ ကျောင်းသား ကျောင်းသူများက လည်း အရမ်းကို ဝမ်းသာ ပျော်ရွှင်နေကြတာ ဖြစ်ပြီး အဆိုတော် မနောကလည်း ကျောင်းအပ် ရေစက်ချပွဲ အခမ်းအနားမှာ ဝမ်းသာပီတိ အပြုံးတွေ နဲ့ ပါဝင်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ အဆိုတော် မနောက “အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ ဒီမိသားစု Continue Reading →