Category: Knowledge

မိုင်(၁၅၀၀) ခရီးနှင်ပြီး အဝေးကချစ်သူကို SURPRISE လုပ်ဖို့ ကြိုးစားခဲ့သော်လည်း

မေ သတင်း လေး /July 22, 2019

 တစ်ယောက်နဲ့တစ်ယောက် မိုင်းပေါင်း ဘယ်လောက်ပဲ ဝေးနေပါစေ Long-distance relationship ကို ပိုင်ဆိုင်ထားသူတွေအဖို့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိတယ်လို့ ယုံကြည်နေရရင်၊ ဘယ်လောက်ဝေးဝေး နီးနီးလေးလို့ ခံစားရမှာပါ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ နီးနေပါစေ၊ သစ္စာမရှိဖောက်ပြန်နေရင်၊ ကမ္ဘာခြားတဲ့အထိ ဝေးစေတတ်ပါတယ်။ အခုလည် LDRS ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ မိုင်(၁၅၀၀)အဝေးမှာနေတဲ့ ချစ်သူကို Surprise လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကံမကောင်းခြင်းများစွာနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကို တရုတ်အခြေစိုက် တွစ်တာအသုံးပြုသူတစ်ဦးက တင်ထားတာဖြစ်ပြီး၊ တစ်ရုတ်လူမှုကွန်ရက် ပလက်ဖောင်းတွေပေါ်မှာ အများစိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ပို့စ်တင်ထားတဲ့ Date ကတော့ ဇူလိုင်(၁၈)ရက်၊ မနက် ညပိုင်း (၉.၃၃) ဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေရဲ့ အမည်နာမတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဖြစ်စဉ်မှာ Continue Reading →

လူငယ်တစုရဲ ဆင်တုပ်ကွေးအကြောင်း သီချင်း လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)

မေ သတင်း လေး /July 22, 2019

လက်ရှိအဖြစ်များနေတဲ့ ဆင်တုပ်ကွေးအကြောင်းကို လူငယ်တစုက သီချင်းလုပ်ဆိုထားပြီး ဖေ့စ်ဘွတ်ခ်မှာ လူကြည့်များနေပါတယ်။ ကိုယ်တွေပူနေပြီ အချစ်လေးရေ  နာကျင်ကိုက်ခဲလို့နေတယ် တကိုယ်လုံးကွယ်  ဒါကိုသိရင်တော့ အခက်သားကွယ်ဆင်တုပ်ကွေးလို့ခေါ်တယ်မှတ်ထား ကိုယ်တွေပေါ်မှာလည်း အကွက်များနဲ့  ကြွက်သားများနဲ့ အဆစ်တွေလည်း ကိုက်ခဲလို့  လို့ ဆိုပြီး ဆင်တုပ်ကွေးလက္ခဏာတွေနဲ့ သူတို့က သီချင်းကို စ ထားပါတယ်။ ဒီသီချင်း ဗွီဒီယိုကို Saw Poe Tue ရဲ့ အကောင့်ကနေ တင်ထားတာဖြစ်ပြီး တေးရေး Mikeရေးစပ်ထားတဲ့ ထားဝယ်မြို့မှာ ခေတ်စားနေတဲ့ ဆင်တုပ်ကွေး သီချင်းဖြစ်ပါတယ်လို့ သူက ရေးထားပါတယ်။ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ငရုတ်သီး သီချင်းအလိုက်နဲ့ ရေးစပ်ထားတာဖြစ်ပြီး ဆင်တုပ်ကွေးအကြောင်းရှောင်ရန်၊ ဆောင်ရန်တွေကိုလည်း သူတို့က ရေးဖွဲ့သီဆိုထားပါတယ်။ ခြင် မကိုက်ဖို့ သေချာဂရုစိုက်ဖို့တော့လို  အသက်ကြီးသူနဲ့ ကလေးတွေ ခံနိုင်ဖို့တော့ မလွယ်ဘူးကွယ် ဗွီဒီယို ပို့စ်အောက်မှာ Continue Reading →

ရုတ်တရက် နားထောင်မိရင် တွံတေးသိန်းတန် သီဆိုနေတယ်လို့တောင် ထင်ရတဲ့ အဖိုးမွှေးရဲ့ “ထွေးညို” သီချင်း

မေ သတင်း လေး /July 22, 2019

ဒီအဖိုးကတော့ ဆီဆုံကုန်းရပ် ဝန်းသိုမြို့မှာ နေထိုင်တဲ့ အဖိုးမွှေး ဖြစ်ပါတယ်. . အဖိုးဟာ ဂီတကို ၀ါသနာကြီးလှပြီး အခုချိန်ထိ အသံကောင်းကောင်းနဲ့ သီဆိုနေနိုင်တုန်းဖြစ်ပါတယ် အသက်ကြီးပေမယ့် အဖိုးရဲ့ အသံဟာ ပျက်စီးမသွားဘဲ အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ အသံနဲ့ ခွဲမရအောင် တူလှပါတယ်. . တွံတေးသိန်းတန်ရဲ့ “ထွေးညို” သီချင်းကို သီဆိုထားတဲ့ အဖိုးရဲ့ သီချင်း ဗီဒီယိုဟာ အွန်လိုင်းမှာ လူကြည့်များလှပါတယ် တစ်ချိန်ထဲ သီချင်းဆိုတာရော ကီးဘုတ်တီးတာရော စည်းနဲ့ဝါးကိုတီးတာရော တစ်ပြိုင်တည်း လုပ်နိုင်တာဟာ အဖိုးရဲ့ ပါရမီတစ်ခုပါပဲ….ရုတ်တရက် ကြားလိုက်ရင် တွံတေးသိန်းတန် ဆိုနေသလားလို့ ထင်ရတဲ့ အဖိုးရဲ့ “ထွေးညို” သီချင်းကို နားဆင်ကြည့်ပါဦးဗျာ ရုပ်သံ ကြည့်ရန် ဒီအသက်ဒီအရွယ်နဲ့ဒီလိုဆိုနိုင်တာလေးစားလိုက်တာအဖိုးရယ်တချိန်ကတွံတေးသိန်းတန်ကိုအဖိုးဘယ်လောက်ကြိုက်ခဲ့တယ်ဆိုတာခုလိုဆိုတီးပြသွားတာသက်သေဘဲ အတီးနဲ့အဆိုကိုတခါတည်းဖျော်ဖြေနိုင်တဲ့အရည်အချင်းကဂီတမှာဘယ်လောက်ထက်မျက်တယ်ဆိုတာသက်သေဘဲဘာကြောင့်များတိမ်မြုတ်ခဲ့ရတာလည်းအဖိုးရယ် ခုအဖိုးဆိုပြသွားတဲ့သီချင်းတွေဟာတနိုင်ငံလုံးမြို့ရောတောပါမကျန်ရင်နင့်အောင်ကြိုက်ခဲ့ကြတဲ့သီချင်းတွေလေလေးစားဂုဏ်ယူပါတယ် အဖိုးကို ကူညီချင်တယ် Continue Reading →

ကျောင်းဆရာလေး နယ်ပြောင်းမယ်ဆိုတော့ ဆရာလည်း ငို ၊ တပည့်တွေလည်းငို

မေ သတင်း လေး /July 21, 2019

စာရှုသူများအားလုံး မင်္ဂလာပါ ခင်ဗျာ… အခုတစ်ခါ တင်ပြပေးချင်တဲ့ သတင်းရုပ်သံဖိုင်လေးကတော့ ငယ်ဘဝကို ပြန်လည်ဆွတ်ပျံ့လွမ်းမောသွားစေနိုင်တဲ့ ရုပ်သံဖိုင်လေး ပဲဖြစ်ပါတယ်။ အထူးသဖြင့် စတိတ်ကျောင်းသားဘဝကို ပြန်သတိရစရာလေးဆိုလည်း မမှားနိုင်ဘူးပေါ့။ အခုရုပ်သံလေးမှာတော့ နယ်ပြောင်းရတော့မယ့် ကျောင်းဆရာလေး နဲ့ သူရဲ့ တပည့်တွေ ငိုကြတဲ့ ရုပ်သံဖိုင်လေးပါပဲ။ ဒါဟာ ဇာတ်ဝင်ခန်းတစ်ခုမဟုတ်ပဲ ၊ ပကတိ ပန်းချီကားချပ်တစ်ခုလိုပါပဲ။ကျွန်တော်တို့ ကျေးလက်တွေမှာဆိုရင်..ကျောင်းတွေမှာ ကလေးတွေ ပညာသင်ခွင့်ရဖို့အတွက် ဆရာ၊ ဆရာမတွေကို မျှော်လိုက်ကြရတာ..သူတို့လာပြန်တော့လည်း .သံယောဇဉ်တွေ ဖြစ်ပြီး သူတို့ပြန်သွားမှာကို စိုးရိမ်လိုက်ကြရတာ။ါပေမယ့် အစိုးရဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာ ဆရာမတွေ ခဗျာလည်း.. မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုသလို.. ထားရာနေ စေရာသွားပဲ မဟုတ်ပါလား..။ဒီရုပ်သံဖိုင်လေးနဲ့ နောက်ခံသီချင်းလေးကို ကြည့်ပြီး..ကိုယ်ပါမျက်ရည်ဝဲမိပါတယ်။

ကျောင်းစရိတ်လေးရအောင် ကျောင်းကအပြန် ဖိနပ်ချုပ်ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာတဲ့ မောင်နှမ ၂ယောက်

admin /July 21, 2019

မိဘပေးတဲ့ မုန့်ဖိုးကို ယူပြီး ကျော့ကျော့လေး ကျောင်းတက်နေတဲ့ သူတွေရှိသလို ကိုယ့်ကျောင်းစရိတ်အတွက် ကို ကိုယ်တိုင်ရုန်းကန်နေရတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရုန်းကန်နေရတဲ့ သူတွေထဲကမှာ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့ မှာနေထိုင်တဲ့ မောင်နှမ နှစ်ယောက်လည်း ပါဝင်ပါတယ်။ သူတို့ကတော့ အသက် ၁၃နှစ်အရွယ် Manuelita Borbon နဲ့ အသက် ၁၂နှစ်အရွယ် Micko Borbon ဆိုတဲ့ မောင်နှမ နှစ်ယောက်ပဲဖြစ်ပါတယ်။ ၈တန်းနဲ့ ၇တန်း အသီးသီး တက်ရောက်နေတဲ့ အလယ်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ကျောင်းကအပြန် Valencia လမ်းဘေးမှာ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး မောင်နှမနှစ်ယောက် ပိုက်ဆံရှာတတ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမှာ တစ်နေ့စာ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်အပြင် အိမ်စာရိတ်လေးလည်း ပြန်ကာမိအောင်လို့ Continue Reading →

မာစတာရှက်ဖ် ပြိုင်ပွဲကို အကွက်ကျကျ ထောက်ပြ ဝေဖန်လိုက်တဲ့ စားဖိုမှူးကြီး တဦး

မေ သတင်း လေး /July 21, 2019

အခု လက်ရှိ ဟင်းချက်ပြိုင်ပွဲ နဲ့ပါတ်သတ်ပြီး လတ်တလော ဂယက်က ထလာပြန်သလို messenger ကနေလည်း မိတ်ဆွေတွေ ရော တပည့်တွေက ပါ တစ်ခုခုရေးစေချင်လို့ link နဲ့တကွ ပို့ပြီး နေ့စဉ်နီးပါး comment ပေးဖို့ အားပေး ကြပြန် ပါတယ်။ ဒါနဲ့ links တွေကြည့်ပြီး မြင်ရတွေ့ရသမျှကိုရေး ပေးလိုက်ပါတယ်။  ဒီပြိုင်ပွဲနဲ့ပါတ်သတ်ပြီး ပြီးခဲ့တဲ့ ပွဲက ပြည်သူ့မေတ္တာ ခံယူခဲ့ရရှာတဲ့ အမျိုးသမီးရဲ့အင်တာဗျူးကိုပါ ကြည့်ခဲ့ရပြီးကရုဏာ လည်းသက်မိပါတယ်။ သူ့ခမျာ သူရိုးရိုးသားသားပြောခဲ့မိတာကို သူတို့ရဲ့သိက္ခာကိုချနင်းပြီး အစီအစဉ်အောင်မြင်အောင် လုပ်ယူသွားတယ်လို့ ထင်သွားရှာတယ်။ ကိစ္စတစ်ခုလုပ်ရင် ဘယ်ဘက်ကမှ မနစ်နာစေတဲ့ win-win situation ကို အသုံး ပြုသင့်ပါတယ်။ မိမိတို့လုပ်လိုက်တဲ့ အပြုအမူဟာ ကိုယ့်အတွက်တော့ အောင်မြင်ပေမယ့် တခြားလူအတွက် Continue Reading →

လမ်းလယ်ခေါင်ရဲ့မြေကြီးထဲကနေ ထူးဆန်းစွာ ထွက်လာတဲ့ မီးတောက်များ

admin /July 21, 2019

Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် ) ချစ်ခင်လေးစားရတဲ့ စာရှုသူတို့ ခင်ဗျာ.. ဒီတစ်ခါ နောက်ထပ်တင်ပြချင်တဲ့ သတင်းရုပ်သံဖိုင်လေးကတော့ ထိုင်ဝမ် ကားလမ်းမရဲ့ အလယ်မှာ ထွက်ပေါ်လာတဲ့ မီးတောက် တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းရုပ်သံဖိုင်ကိုတော့ ဇူလိုင်လ ၇ ရက်နေ့က တင်ထားတာ ဖြစ်ပြီး ခနအတွင်းမှာ ကြည့်ရှုသူများ ပြားစွာ စိတ်ဝင်စားခဲ့ကြောင်း တွေ့ရပါတယ်။ ရုပ်သံဖိုင်ထဲဆိုရင်ဖြင့် မြေအောက်လွှာထဲကနေ ရွံ့မီးတောင် ပေါက်ခဲ့တာဖြစ်ပြီး မီးတောက်တွေဟာလည်း ရွံမီးတောင်က ထွက်တဲ့ ဓာတ်ငွေေ့တွေကို လောင်မြိုက်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မင်းဘူးမြို့နယ်မှာရှိတဲ့ နဂါးပွက်တောင်ဟာလည်း ရွံမီးတောင် အမျိုးအစားဖြစ်ပါတယ်။ သို့သော် ကိုးကွယ်ယုံကြည်မှုအပေါ်လိုက်ပြီး သက်ဝင်ယုံကြည်မှုအဖြစ် ဖြစ်တည်သွားတဲ့ ကိစ္စတွေလည်း ရှိတတ် ပါတယ်။ ဒါကြောင့် စာရှုသူပရိသတ်ကြီးကို ဗဟုသုတအဖြစ် Continue Reading →

“ဖုတ်” ၀င်တယ်ဆိုပြီး သေနေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကို ရင်ခွဲရုံမှာ စစ်ဆေး ကြည့်လိုက်တဲ့အခါ

မေ သတင်း လေး /July 20, 2019

အရမ်းကောင်းလို့ဖတ်စေချင်တယ် ” မသိလိုက်သော ပဉ္စာနန္တရိယကံ ” တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။ ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။) ဒီအနေအထားက သားသမီးတွေငြိုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။ အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက မဝသေးဘူးဆိုပြန်တော့ အစားများရင် ချေး(ချီး)ထွက်မယ်ဆိုပြီး ပန်းကန် သိမ်းသွားတယ်လေ။ သူတို့ကြွေးတာ Continue Reading →

ရက်၂၀ကျော် ဆိုးနေတဲ့ချောင်း လက်တွေ့ပျောက်ခဲ့တဲ့ မြန်မာဆေး

မေ သတင်း လေး /July 19, 2019

ရက်၂၀ကျော် ဆိုးနေတဲ့ချောင်း လက်တွေ့ပျောက်ခဲ့တဲ့ မြန်မာဆေး ချောင်းဆိုးတာ ရက်၂၀ကျော်ဖြစ်နေပြီ။ ခုထိ မပျောက်လို့ ဆေးနည်းလေးရှိရင် သိပါရစေရှင့်။ ငရုတ်ကောင်းနဲ့ ပျားရည်ရှိလား။ ဟုတ်၊ ရှိပါတယ်။ ငရုတ်ကောင်း ၅စေ့စာ အမှုန့်ကို ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းစာနဲ့ ရောမွှေပြီး လျှက်ပေးပါ။ နာရီဝက်အတွင်း ရေလုံးဝမသောက်ရ။ အခြေအနေပြန်ပြောပါ။ ဟုတ်ကဲ့ပါ ဆရာ။ သက်သာသွားပြီ ဆရာရေ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။ Photo credit:Greenvalleyspices.com & Women’sHealth Credit-Shwe La Thar Win

ဘ၀မှာ ရေသယ်ရောင်းစားပြီးဖြတ်သန်းနေရပေမယ့် သီချင်းတွေနဲ့အတူ ဘ၀အမောတွေကို ဖြေဖျောက်နေရသူ

မေ သတင်း လေး /July 19, 2019

မနက်​ခင်း အညာနွေနေပူပူမှာ သနပ်​ခါးပါးကွက်​ကြားလေလူး တွံတေးသိန်းတန်​ သီချင်းလေး တဟိုဟို စက်​ဘီးကယ်​ရီယာခုံ ဘေးတစ်​ဘက်​တချက်​မှာရေပုံးနှစ်​ပုံးချိတ်​ပြီး ရေလိုက်​ပို့နေတဲ့သူတယောက်​ရှိပါတယ်​ သူကတော့ ချောင်းဦးမြို့ က ရိုးသားပြီး သမာအာဇီဝ ကျကျရေရောင်း အသက်​မွေးဝမ်းကျောင်းပြုနေတဲ့ တွံတေးသိန်းတန်​ ခရေဇီ ဦးအောင်​ငွေပဲဖြစ်​ပါတယ်​။ အသက်​၆၅နှစ်​ရှိပြီဖြစ်​တဲ့ ချောင်းဦးတွံတေးဦးအောင်​ငွေဟာ မိသားစု ၆ယောက်​ရှိပြီး အခုလက်​ရှိမှာတော့ သမီးအငယ်​ဆုံးနဲ့ အတူနေထိုင်​နေပါတယ်​။ သူတို့မြို့ အခေါ် ရေတစ်ဆွဲ ကို၇၀၀ကျပ်​နဲ့ ရေမှာတဲ့အိမ်​တွေနဲ့ လက်​ဖက်​ရည်​ဆိုင်​တွေကိုစေတနာပါပါနဲ့ တွံတေးသိန်းတန်​ သီချင်းလေးသီဆိုရင်​လိုက်​လံ ပို့ဆောင်​ပေးနေပါတယ်​။ဦးအောင်​ငွေ ဟာ အသက်​၁၈နှစ်​အရွယ်​မှာ ချစ်​သူနဲ့အဆင်​မပြေလို့ လမ်းခွဲပြီးကတည်း တွံတေးသိန်းတန်​ ရဲ့ အလွမ်းသီချင်းလေးတွေ ကို သီဆိုဖြစ်​ရင်း ငယ်​ငယ်​ကထက်​ပိုပြီး တွံတေးသိန်းတန်​ ကိုပိုမိုပြီးကြိုက်​နှစ်​သက်​လာတယ်​လို့ပြောပြပါတယ်​။တွံတေးသိန်းတန်​သီချင်းကိုဆိုနေရရင်​ ထမင်းမေ့ဟင်းမေ့ သီဆိုနေတတ်​ပြီးငယ်​ငယ်​ကဆို တွံတေးသိန်းတန်း ရုပ်​ရှင်​နဲ့ ဓာတ်​ပြား သီချင်းများကို ချောင်းဦးမြို့မှာ သူအိမ်​နဲ့ဘယ်​လောက်​ဝေးဝေးသွားရောက်​ကြည့်​ရှု့နားထောင်​တယ်​လို့သိရပါတယ်​။ Continue Reading →