ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း ယခုနှစ်အတွင်း ဒုတိယမြောက်မုန်တိုင်းဖြစ်လာနိုင်

မေ သတင်း လေး /July 22, 2019

ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်သို့ အားကောင်း လာနိုင်ခြေရှိကာ မြန်မာနိုင်ငံ အ ထက်ပိုင်းနှင့် အောက်ပိုင်းဒေသ များ မိုးကောင်းနိုင်၍ ရေဘေး ဆက်လက် သတိပြုနေထိုင်ရန်မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။ မြန်မာ့ကမ်းရိုးတန်း (ကိုကိုး ကျွန်းပင်လယ်ပြင်)နှင့် နီးသော ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဇူလိုင် ၂၁ ရက်က စ၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး ယင်းလေဖိအား နည်းရပ်ဝန်းသည် ၂၀၁၉ မိုးရာသီ ကာလအတွင်း ဒုတိယမြောက် မုန်တိုင်းဖြစ်လာနိုင်သည်ဟု ၎င်း က ခန့်မှန်းသည်။ ‘‘လေဖိအားနည်းရပ်ဝန်းက မြန်မာ့ကမ်းရိုးတန်းနဲ့ နီးပါတယ်။ မုန်တိုင်းဖြစ်ဖို့ အလားအလာတွေ စပြလာနေပါတယ်။ ဒီနှစ်အတွင်း ဒါက မုန်တိုင်းဖြစ်ဖို့အလားအလာ အနီးစပ်ဆုံး မြင်တွေ့ရခြင်းပါပဲ။ အခြေအနေကိုတော့ စောင့်ကြည့် ရမယ်။ Continue Reading →

မနေ့က ဖြစ်သွားတဲ့ အမြန်လမ်း EXPRESS တိမ်းမှောက်မှုမှာ အသက်ဆုံးသွားသူလေး

မေ သတင်း လေး /July 22, 2019

ဇူလိုင်လ ၂၁ ရက်၊ ညနေ ၂နာရီခွဲ အချိန်၊ နေပြည်တော်-ရန်ကုန် အမြန်​လမ်းမကြီး မိုင်တိုင် ၁၆၅/၃ အနီးမှာ ဖြစ်​ပွားခဲ့တဲ့ ထွန်းဧရာ(ပခုက္ကူ-ရန်ကုန်) Express ယာဉ်ရဲ့ အရှိန်လွန်တိမ်းမှောက်​မှု​ကြီး​ကြောင့်​ ခရီးသည်​ ၅၁ ဦးထဲ ဒဏ်​ရာရရှိသူအများအပြားရှိခဲ့တယ်​လို့ ကနဦးသတင်းအရ သိရှိခဲ့ရပြီး ဒီထဲမှာ ​သေဆုံးသူတစ်​ဦး ​အမျိုးသမီးတစ်​ဦးပါဝင်​ခဲ့ပါတယ်​။ ယာဉ်​တိမ်း​မှောက်​မှု​ကြောင့်​ ​သေဆုံးသွားရသူအမျိုးသမီးဟာ အသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ပဲ ပွဲချင်းပြီး ​အသက်​​သေဆုံးလို့သွားခဲ့ပါတယ်​။ အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မှူးရုံးရဲ့ ည​နေ ငါးနာရီခွဲအချိန်​ သတင်းထုတ်​ပြန်​ချက်​အရ အသက်​ဆုံးသွားသူဟာ ​ဒေါပုံမြို့နယ်​မှာ​နေထိုင်​တဲ့ အသက်​ ၂၆ နှစ်​အရွယ်​ မသဲသဲအိလို့ သိရှိရပြီး ဒီ​​မော်​​တော်​ယာဉ်​တိမ်း​မှောက်​မှု မ​တော်​တဆမှု​ကြောင့်​ မသဲသဲအိဟာ သူ့ရဲ့​မွေး​နေ့အပြီး ဇူလိုင်​လအတွင်းမှာပဲ ရင်​နာဖွယ်​ရာ​ အသက်​ဆုံးသွားခဲ့ရတာဖြစ်​​ကြောင်း ဝမ်းနည်းဖွယ်​ရာသိရှိခဲ့ရတာပါ။ အမြန်​လမ်း ယာဉ်​တိမ်း​မှောက်​မှုကြီးမှာ ဒဏ်ရာရရှိခဲ့သူများကိုလည်း ​​​အမြန်လမ်းမကြီးရဲတပ်ဖွဲ့က​နေ အထောက်အကူပြု Continue Reading →

“ဇာတ်ပို့ သရုပ်ဆောင် အောင်ဇော် ရုတ်တရက် ကွယ်လွန်”

မေ သတင်း လေး /July 22, 2019

ပရိသတ်ကြီးရေ ရုပ်ရုပ်သရုပ်ဆောင် အောင်ဇော်ကတော့ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ကြားသိပါတယ်။ အောင်ဇော်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ တစ်ယောက်လဲဖြစ်ပါတယ်။ ဗီဒီယိုလောက ခေတ်ပျက်သွားတဲ့အတွက် ပရိသတ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် အောင်ဇော်ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။ ကိုအောင်ဇော် ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ သရုပ်ဆောင် အောင်ဇော်အတွက် ဝမ်းနည်းဆုတောင်းလေးတွေ ပြောခဲ့ကြပါဦး။ Source : Oasis Journal

ကျောင်းဆရာလေး နယ်ပြောင်းမယ်ဆိုတော့ ဆရာလည်း ငို ၊ တပည့်တွေလည်းငို

မေ သတင်း လေး /July 21, 2019

စာရှုသူများအားလုံး မင်္ဂလာပါ ခင်ဗျာ… အခုတစ်ခါ တင်ပြပေးချင်တဲ့ သတင်းရုပ်သံဖိုင်လေးကတော့ ငယ်ဘဝကို ပြန်လည်ဆွတ်ပျံ့လွမ်းမောသွားစေနိုင်တဲ့ ရုပ်သံဖိုင်လေး ပဲဖြစ်ပါတယ်။ အထူးသဖြင့် စတိတ်ကျောင်းသားဘဝကို ပြန်သတိရစရာလေးဆိုလည်း မမှားနိုင်ဘူးပေါ့။ အခုရုပ်သံလေးမှာတော့ နယ်ပြောင်းရတော့မယ့် ကျောင်းဆရာလေး နဲ့ သူရဲ့ တပည့်တွေ ငိုကြတဲ့ ရုပ်သံဖိုင်လေးပါပဲ။ ဒါဟာ ဇာတ်ဝင်ခန်းတစ်ခုမဟုတ်ပဲ ၊ ပကတိ ပန်းချီကားချပ်တစ်ခုလိုပါပဲ။ကျွန်တော်တို့ ကျေးလက်တွေမှာဆိုရင်..ကျောင်းတွေမှာ ကလေးတွေ ပညာသင်ခွင့်ရဖို့အတွက် ဆရာ၊ ဆရာမတွေကို မျှော်လိုက်ကြရတာ..သူတို့လာပြန်တော့လည်း .သံယောဇဉ်တွေ ဖြစ်ပြီး သူတို့ပြန်သွားမှာကို စိုးရိမ်လိုက်ကြရတာ။ါပေမယ့် အစိုးရဝန်ထမ်းဖြစ်တဲ့ ကျောင်းဆရာ ဆရာမတွေ ခဗျာလည်း.. မင်းခယောက်ျား ကမ်းနားသစ်ပင်ဆိုသလို.. ထားရာနေ စေရာသွားပဲ မဟုတ်ပါလား..။ဒီရုပ်သံဖိုင်လေးနဲ့ နောက်ခံသီချင်းလေးကို ကြည့်ပြီး..ကိုယ်ပါမျက်ရည်ဝဲမိပါတယ်။

ကျောင်းစရိတ်လေးရအောင် ကျောင်းကအပြန် ဖိနပ်ချုပ်ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာတဲ့ မောင်နှမ ၂ယောက်

admin /July 21, 2019

မိဘပေးတဲ့ မုန့်ဖိုးကို ယူပြီး ကျော့ကျော့လေး ကျောင်းတက်နေတဲ့ သူတွေရှိသလို ကိုယ့်ကျောင်းစရိတ်အတွက် ကို ကိုယ်တိုင်ရုန်းကန်နေရတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုရုန်းကန်နေရတဲ့ သူတွေထဲကမှာ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့ မှာနေထိုင်တဲ့ မောင်နှမ နှစ်ယောက်လည်း ပါဝင်ပါတယ်။ သူတို့ကတော့ အသက် ၁၃နှစ်အရွယ် Manuelita Borbon နဲ့ အသက် ၁၂နှစ်အရွယ် Micko Borbon ဆိုတဲ့ မောင်နှမ နှစ်ယောက်ပဲဖြစ်ပါတယ်။ ၈တန်းနဲ့ ၇တန်း အသီးသီး တက်ရောက်နေတဲ့ အလယ်တန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး ကျောင်းကအပြန် Valencia လမ်းဘေးမှာ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး မောင်နှမနှစ်ယောက် ပိုက်ဆံရှာတတ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမှာ တစ်နေ့စာ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်အပြင် အိမ်စာရိတ်လေးလည်း ပြန်ကာမိအောင်လို့ Continue Reading →

စက်ဘီးနှင့်တိုက်မိတဲ့ ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး

admin /July 21, 2019

ချင်းပြည် နယ်နှင့် နယ်စပ်ချင်းထိဆက်သည့် မိဇိုရမ်ပြည်နယ်မှာ ၆နှစ်အရွယ် ကလေးငယ်တစ်ယောက်က စက်ဘီးနှင့် ကြက်ကလေးကိုတိုက်မိပြီး ဆေးကုသပေးဖို့ အဆိုပါကြက်ကလေးကို အိန္ဒိယငွေ Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့ပါတယ်။ ဤအဖြစ်ပျက်ကို Sanga ဟုခေါ်သော ဆေးရုံသူနာပြုဝန်ထမ်းတစ်ဦးက Facebook မှာတင်တဲ့အခါမှာ ကလေးငယ်လေးရဲ့ဖြူစင်ရိုးသားလွန်းတဲ့စိတ်ဓါတ်ကို လူအများအပြားကချီးကြူးကြပြီး မီဇိုရမ်အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ တိုက်မိတဲ့ကြက်ကလေးကို Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့တဲ့ ကလေးငယ်ဟာ မိဇိုရမ်ပြည်နယ်၊ ဆိုင်ရန်မြို့မှာ ရဲတာဝန်ထမ်းဆောင်နေသူ Dhiraj Chhetri ရဲ့သားငယ် Derek C. Lalchhanhima ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖခင် Dhiraj Chhetri က “သူတိုက်မိတဲ့ ကြက်ကလေးကိုအိမ်ကို ယူလာပြီး ဆေးရုံသို့ပြပေးပါလို့ အဖေနဲ့အမေကို လာပြောတယ်။ ကျနော်တို့ကလည်း Rs. ၁၀ ကျပ်ပေးပြီး Continue Reading →

ပိုင်တံခွန်ကို ချစ်တယ်လို့ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်

admin /July 21, 2019

ပိုင်တံခွန်ကို ချစ်တယ်လို့ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော် ပိုင်တံခွန်ကို ချစ်တယ်လို့ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော် သင်ဇာဝင့်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အလှဆုံးမင်းသမီးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။သင်ဇာ့ကို ပိုင်တံခွန်နဲ့ မကြာခဏတွဲတွေ့ရပြီး ကြော်ငြာတွေ ရုပ်ရှင်တွေမှာလည်း လိုက်ဖက်ညီစွာသရုပ်ဆောင်ထားကြတာတွေ့ရတာကြောင့်ပရိသတ်တွေက ပိုင်တံခွန်နဲ့ သဘောတူတယ်လို့ စနောက်ခဲ့တဲ့အချိန်တွေလည်းရှိပေမယ့်ပိုင်တံခွန်နဲ့ သင်ဇာကတော့မောင်နှမတွေလိုမျိုးခင်တာလို့ပဲ အင်တာဗျူးတွေမှာဖြေခဲ့ကြပါတယ်။ မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ ပိုင်တံခွန်နဲ့ သင်ဇာနဲ့က တစ်ယောက်အပေါ်တစ်ယောက်အမြင်တွေနဲ့ ခံစားချက်တွေကိုပြောပြလာခဲ့တာကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖောက်သည်ချတင်ဆက်ပေးလိုက်ရပါတယ်။   သင်ဇာက ပိုင်တံခွန်နဲ့ အသက်ကွာဟမှုကို “အသက်ကတော့ ဆယ်နှစ်လောက်ကွာတာဆိုတော့ စဉ်းစားသာကြည့်တော့”လို့ဖြေထားပြီး ပိုင်တံခွန်က “ဆယ်နှစ်လောက်ပေါ့။ ကျွန်တော် အစ်မ တကယ်အောင်မြင်နေတဲ့အချိန်မှာ သူငယ်တန်းလောက်ရှိပြီ။ စတာပါ။ ဆယ်နှစ်လောက်တော့ကွာတယ်။ ဒါပေမယ့်မထင်ရဘူး။ ကျွန်တော်က ပိုကြီးသလိုထင်ရတယ်”လို့ရယ်မောရင်းဖြေကြားထားပြီး သင်ဇာနဲ့ အလုပ်တူတူလုပ်ဖြစ်ပုံကို”အစ်မနဲ့ကတော့ ခဏခဏဆုံဖြစ်တာ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းက ခဏခဏဆုံဖြစ်တယ်။ ကြော်ငြာတွေပဲဖြစ်ဖြစ် Continue Reading →

မသေခင်ကတည်းက သရဏဂုံကိုယ်တိုင်တင်ပြီး အုတ်ဂူတည်ထားတဲ့ သူ မုံရွာက ဦးကျော်ဝင်း

မေ သတင်း လေး /July 21, 2019

သေပြီးမှသရဏဂုံ တင်လျင် သရဏဂုံတည်-မတည်ကိုမသိရသည်ကိုတွေး၍သက်ရှိထင်ရှားရှိစဉ် ကိုယ့်သရဏဂုံကိုယ်တိုင်တင်၍ သေလျင်သဂြိ င်္ုဟ်ရန်အုတ်ဂူတည်ထားပြီးဖြစ်ကြောင်းမုံရွာမြို့နယ်အောင်သာကျေးရွာနေ သက်ရှိထင်ရှားသရဏဂုံတင်သူ အဓိပတိဦးကျော်ဝင်းကပြောသည်။ “ကျုပ်အယူအဆပြောရရင် သေသွားကြတဲ့သူတွေကို ကျန်နေတဲ့မိသားစုက မြေပုံရှိရာသချိ င်္ုင်းသွားပြီး သေသူရဲ့အကျီ င်္ပုဆိုး ထမိန် တဘက် စတာတွေနဲ့သရဏဂုံတင်ဖို့တရားနာဖို့လိုက်ခဲ့ပါဆိုပြီးရိုးရာထုံးတမ်းစဉ်အရ လုပ်နေကြတာတွေတွေ့ရတယ်။အဲဒီဝိဥာဉ်ကလိုက်လာလား။မလိုက်လာလား ဆိုတာမသိရဘူး။သေပြီးမှသရဏဂုံတင်တယ်ဆိုတာလည်းသရဏဂုံတည်နိုင်လား။မတည်နိုင်ဘူးလားဆိုတာမသိရပါဘူး။ အဲဒါတွေတွေးပြီး ကိုယ့်ကိုကိုယ်သက်ရှိထင်ရှားရှိကတည်းကကိုယ့်သရဏဂုံကိုယ်တိုင်တင်ပြီးကိုယ်တိုင်တရားနာမယ်။သဟဒိကဒါနမြောက်အောင်ကိုယ်တိုင်လှူဖွယ်တွေလှူပြီးရေစက်ချတယ်။ကိုယ့်ခန္ဓာကိုယ့်အလောင်းကိုယ်တိုင်ရှုမြင်သွားတယ်။စိတ်ကြည်မှုရှိပြီးမသေခင်ကစိတ်ချမ်းသာတယ်။ပြီးမှခွေးလိုသေသေဝက်လိုသေသေ အသေဖြောင့်တယ်´´ဟုဦးကျော်ဝင်းကရှင်းပြသည်။ အဓိပတိဦးကျော်ဝင်းသည်သူသေလျင်ထည့်သွင်းသဂြိ င်္ုဟ်နိုင်ရန်အုတ်ဂူကိုအောင်သာကျေးရွာဦးကျော်ဝင်းနေအိမ်နှင့်မလှမ်းမကမ်း သူ၏စ်ုက်ပျိုးရေးခြံဝင်းအတွင်းတည်ဆောက်ထားခြင်းဖြစ်သည်။ “ကျုပ်ရဲ့သချိ င်္ုင်းဘယ်ရှိလို့ ဘယ်လိုအသေမျိုးနဲ့ဘယ်နေရာမှာသေရမယ်ဆိုတာလုံးဝမသိပါဘူး။ဒီမှာတင်(အောင်သာကျေးရွာ)သေသည်ဖြစ်စေ အခြားအလောင်းယူရတဲ့နေရာသေသည်ဖြစ်စေ သေရင်တော့ဒီဂူထဲရောက်မှာဘဲ။အဲဒီလိုမဟုတ်ဘဲလေယျာဉ်ပျက်ကျသေမယ်။ရေနစ်သေမယ်။ကုန်းလမ်းမှာလျှိုမြှောင်ချောက်ထဲကျသေ မယ်။တခြားအလောင်းရှာမရတဲ့နေရာမျိုးသေမယ်ဆိုရင်တော့ ဒီဂူထဲရုပ်ကလာဒ်မပြောနဲ့။အရိုးပြာတောင်ထည့်နိုင်မှာမဟုတ်ပါဘူး။ ဒီဂူထဲမရောက်လည်း ကျုပ်တို့ဗုဒ္ဓဘာသာမှာစကားရှိတယ်။ဘုရားတစ်ဆူဂူတစ်လုံးဆိုတာပါ။ကျုပ်ဒီဂူထဲမရောက်လည်းသား-သမီး-မြေး-မြစ်-တီ-တွတ်စတာတွေဦးချကန်တော့နိုင်တယ်။သူတို့ရဲ့ကုသိုလ်မှတ်တိုင်တစ်ခုဖြစ်ရစ်တာပေါ့ဗျာ´´ဟုဦးကျော်ဝင်းကရှင်းပြသည်။ မသေခင်ကတည်းကတည်ဆောက်ထားသောအုတ်ဂူခေါင်းပိုင်းတွင်ဘုရား ရဟန်းကျောင်း ဇရပ် သာသနာ့ဒါယကာကြီး အဓိပတိဦးကျော်ဝင်း အသက်( ) ၁၃ ခု လ( )ရက်နေ့အနိစ္စချုပ်ငြိမ်းသည်ဟုရေးထိုးထားပြီးဂူ၏မြောက်ဖက်မျက်နှာတွင်အနိစ္စ-ဒုက္ခ-အနတ္တ-သင်္ခါရ ကျွန်ုပ်နောက် ဘာမျှမပါ။ကိုယ့်သမိုင်းကိုယ်ရေးကြသည်။အပ္ပမာဒေန သမ္မာဒေထ ဟုရေးထိုးထားသည်။ ဂူ၏အနောက်ဖက်မျက်နှာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား။ Continue Reading →

အနီရောင်ဖြင့် ဗစ်တိုးရီးယားနဲ့ ဆရာမကို ပြထားလိုက်ပြီ

မေ သတင်း လေး /July 21, 2019

CID နဲ့ ကျောင်းပိုင်ရှင် ဘာတွေလိမ်ထားသလဲ ဒီရုပ်သံမှာ ပြန်ကြည့်ပါ ။ အောက်တွင် ရုပ်သံပို့စ်ပြန်တင်ထားပေးပါတယ် ဗစ်တိုးရီးယားလေးမှာ သူမတက်နေတဲ့ ဃ ၁၄ ကျောင်းမှာ ကိုအောင်ကြီး ရောက်လာပြီး ထိုင်နေတဲ့ အချိန်တွင် မရှိဘူး။ ပြသနာ ဖြစ်လို့ နေရာပြောင်းထားပြီးသား ဖြစ်ပါတယ် သို့ကြောင့် မျက်စောင်းထိုး ဖြစ်တဲ့ ကျောင်းမှာ ဗစ်တိုးရီးယားလေးနဲ့ ကလေးတချို့ကို သွားတင်ပါတယ်။ ဒီဖိုင်ထဲက နောက်ဆုံး ဆရာမကိုယ်တိုင် ချီမတင်ပေးလိုက်တဲ့ အပြာရောင် ကျောပိုးအိပ်ကလေးနဲ့က ဗစ်တိုးရီးယားလေး ဖြစ်ပါတယ်။ သေချာလို့ ပြောတာပါ ကဲ ဘယ်လို ရှင်းမလဲ စီအိုင်ဒီ ရယ် ဂိုလ်ရှယ်လေး Credit – shwewikimm

“မမပုသိမ်သူ” သီချင်း ကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်လို့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ချစ်စရာ သားငယ်လေး

မေ သတင်း လေး /July 21, 2019

အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေတဲ့ မမပုသိမ်သူသီချင်းဆိုတဲ့ ကလေးငယ်လေးဖြစ်ပါတယ်။ အကောင့်နာမည်မှာတော့ မောင်သံစဉ် အမည်ဖြစ်ပါတယ်။ အရမ်းငယ်ရွယ်ပေမယ့် ဂီတပိုးပါတယ်ပြောရမလား မမပုသိမ်သူ သီချင်းကို မုအပြည့်နဲ့ သီဆိုသွားတာပီပြင်ပါတယ်။ ကလေးဆိုတော့ တစ်ချို့စာသားလေတေကို ပီပီသသ မဆိုနိုင်ပေမယ့် အဲလိုမပီသတာလေးကိုက အရမ်းနားထောင်လို့ကောင်းတာတွေ့ရမာဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဂီတဝါသနာနဲ့ လူကြီးတွေရဲ ပံ့ပိုးမှုပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အခုလို ချစ်စရာသီချင်းလေးဖြစ်လာပါတော့တယ်။ ဒီလို ဂီတဗီဇပါတဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် နောင်တစ်ချိန်မှာ ပြည်သူချစ်တဲ့အဆိုတော်ကြီးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ မမပုသိမ်သူ သီချင်းလေးဟာဆိုရင် တစ်ခေတ်တစ်ခါက အရမ်းနာမည်ကြီးလူကြိုက်များခဲ့တဲ့ အဆိုတော်ကြီး သန်းထွန်းလေးရဲ့ အောင်မြင်ခဲ့တဲ့သီချင်းလေးလည်းဖြစ်ပါတယ်။ Video ကြည့်ရန် ဒီသီချင်းလေးကို အဆိုတော်ပိုးအိစံ ဆိုခဲ့တုန်းကလည်း အရမ်းအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အရမ်းငယ်ရွယ်လွန်းတဲ့ကလေးတစ်ယောက်က အိမ်မှာပြန်ဆိုထားတာဖြစ်ပီး ဖုန်းနဲ့ရိုက်ကူးပီးတင်ထားတာလည်းဖြစ်ပါတယ်