2018 ခုႏွစ္ အတြင္း အဆဲခံရဆံုး ဆယ္လီမ်ား

2018 ခုႏွစ္ အတြင္း အဆဲခံရဆံုး ဆယ္လီမ်ား

နာမည္ေက်ာ္ ျဖစ္ရတာလည္း တကယ္ မလြယ္ပါဘူး ။ ကုိယ့္မွာ အရည္အခ်င္း တခုခု ရွိလို႔ အနုပညာကုိ ဝါသနာပါ လုိ႔ တစ္စံုတစ္ရာ ျဖစ္ျဖစ္ေျမာက္ေျမာက္ ထူးထူး ခြ်န္ခြ်န္ လုပ္လာ နုိင္လို႔ နာမည္ေက်ာ္လာသည္ ျဖစ္ေစ လူေတြရဲ႕ ဝုိင္းျပီး မညွာမတာ အခ်ဥ္ေဖာက္ျခင္းကုိ ခံရျပီး နာမည္ ေက်ာ္လာသည္ ျဖစ္ေစ နာမည္ေက်ာ္ လာျပီေဟ့ ဆိုတာနဲ႔ အဆဲ ခံရျခင္းက ကပ္ပါလာေတာ့ တာ ပါပဲ ။

တစ္ဖက္က ၾကည့္ရင္လည္း Justin Bieber လို ကမၻာေက်ာ္ ထိပ္တန္း အဆုိေတာ္ ေတာင္မွ ေျခလႈပ္လက္လႈပ္ လိုက္ၾကည့္ ခံေနရျပီး အဆဲ ခံေနရေသးတာ ပဲေလ ။ နုိင္ငံေက်ာ္ အနုပညာရွင္ေတြ အေနနဲ႔ အဆဲခံရတာက ေျဖသာပါေသးတယ္ လို႔ ေျပာရမလားပါပဲ ။ သူငယ္ခ်င္းတို႔ အတြက္ 2018 တနွစ္တာ အတြင္း အဆဲခံရဆံုး သရဖူၾကီးကုိ ဆြတ္ခူး ရရွိိသြားတဲ့ ဆယ္လီမ်ားကုိ စုစည္း ေဖာ္ျပ ေပးလိုက္ပါတယ္ ။

ျခိမ့္ေကကုိ

Myanmar Idol ျပိဳင္ပြဲမွာ ျမန္မာျပည္ သိန္းတန္ၾကီးက ငွက္ေပ်ာသီး ေကြ်းလိုက္ရာ ကေန ဝက္ဝက္ကြဲ ေသာက္ေသာက္လဲ နာမည္ၾကီးလာ ခဲ့ျ့ပီး ကြ်န္ေတာ္လြမ္းလို႔ ငိုရေတာ့မယ္ မမေရ ဆိုတဲ့ စာသားေလးနဲ႔ ပရိသတ္ေတြရဲ႕ စိတ္နွလံုးကုိ ညိဳးခ်ံဳးေစခဲ့ျပီး အခုဆိုရင္ ညီမေလး သီခ်င္းနဲ႔ပါ ျမိဳ႕ေမတၱာခံယူ ေတာ့မယ့္ ျခိမ့္ေကကုိ ဆိုသူ လူငယ္ေလးဟာ ဆိုရင္ေတာ့ျဖင့္ ပရိသတ္ေတြ ၾကားထဲမွာ ေအာ့ေၾကာ လန္ေအာင္ အဆဲ ခံေနရရွာသူေလးပါ ။

ဒါေပမယ့္ ျခိမ့္ေကကုိက ဆဲတာ ဆိုတာေတြကုိ သိပ္ျပီး ဂရုစိုက္လွ သူေတာ့ မဟုတ္ပါဘူး ။ အဆဲမိုးေတြရြာ အဆဲမီးေတြေလာင္ အဆဲ မုန္တိုင္းေတြ တုိက္ခတ္ အဆဲ ေကာင္းကင္ၾကီး ေအာက္မွာ အဆဲလ်ွပ္စီးေတြ လက္ေနတဲ့ ၾကားကေနျပီး သူလုပ္စရာ ရွိတာေတြ လုပ္ခ်င္တာေတြကုိ အိေျႏၵရရ ဆက္လုပ္ေနသူေလး ျဖစ္ပါတယ္ ။

ေနျခည္ဦး

ခ်ီခ်ီလို႔ ခ်စ္စနုိး ေခၚၾကတဲ့ ေနျခည္ဦးဟာ ခ်စ္တဲ့သူေတြ မ်ားသလို ေဝဖန္ ကဲဲ့ရဲ႕ခ်င္သူေတြ လည္း ေတာ္ေတာ္ မ်ားသူ တစ္ဦး ျဖစ္ပါတယ္ ။ ေနျခည္ဦးရဲ႕ ရုတ္တရက္ လႊတ္ခနဲ လႊတ္ခနဲ မဆင္မျခင္ ေျပာထြက္ တတ္တဲ့ စကားေတြ ကလည္း ဆဲခ်င္သူေတြ ကုိ မီးစာ ထည့္ေပးသလို ျဖစ္ေနပါတယ္ ။ အခုဆိုရင္ ေနျခည္ဦး ဘာလုပ္လုပ္ မ်က္မုန္း က်ိဳးျပီး မ်က္စိမွိတ္ ဆဲမယ္ ဆိုသူေတြက ဒုနဲ႔ေဒး ျဖစ္လို႔ေနပါျပီ။ ဒါေပမယ့္ ေနျခည္ဦး ကေတာ့ ဆဲတဲ့ လူေတြကုိ လွည့္ၾကည့္ဖို႔ မအားပဲ ရုပ္ရွင္ေတြ ဇယ္ဆက္သလို ရိုက္ေနတဲ့ အျပင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ပါ အလုပ္ေတြ ရႈပ္လ်က္ ရွိေနပါတယ္ ။

စည္သူပလတ္ကြ်တ္

စည္သူပလတ္ကြ်တ္ ဆုိတာ ကေတာ့ ျပည္တြင္းျဖစ္ သူရဲေကာင္း ဝတ္စံု ဖားဖားၾကီးနဲ႔ ေၾကာင္နက္သိုင္း ဆိုလား ဘာလား ဗီဒီယုိေတြ ရုိက္ေနျပီး Interview ေတြကုိ မရွက္တမ္း ေျဖေနတဲ့ သရုပ္ေဆာင္ၾကီး တေယာက္ျဖစ္ပါတယ္ ။ သူ႔ကုိလည္း လူေတြက မ်က္စိ ေနာက္တယ္နဲ႔ တူပါတယ္ ရိပ္ခနဲ ျမင္လိုက္တာနဲ႔ ဝင္ဆဲၾကေတာ့တာ ဆိုေတာ့ ေနာက္ပုိင္းမွာ သူလည္း နည္းနည္း ၿငိမ္သြားပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ဘယ္လုိပံုစံနဲ႔ ျပန္ေပၚလာမလဲ ဆိုတာကုိေတာ့ လူေတြက ဆဲဖို႔ လွ်ာကုိ ေမာင္းတင္၊ ပါးစပ္ကုိ အသင့္ ဖြင့္ျပီး ရယ္ဒီအေနအထား နဲ႔ စိတ္ပါ လက္ပါ ေစာင့္ဆိုင္းလ်က္ ရွိၾကေလရဲ႕ ။

အိမ့္ထရက္ရွာ

အိမ့္ထရက္ရွာ ဆိုသူေလး ကေတာ့ အရမ္းကုိ ခ်စ္ဖုိ႔ေကာင္းတဲ့ ေမာ္ဒယ္မေလးပါ။ ဒါေပမယ့္ ေမာ္ဒယ္မေလးခမ်ာ စိတ္ကုိ အလိုလိုက္မႈေၾကာင့္ HD ထြက္ျပီး လူတကာရဲ႕ တံေတြးခြက္မွာ position မ်ိဳးစံုနဲ႔ ေမ်ာရေတာ့တာ ပါပဲ ။ ဒါေပမယ့္ အိမ့္ေလးက အသိညဏ္ ေကာင္းေကာင္း ရွိသလုိ စဥ္းစား ဆင္ျခင္ နုိင္စြမ္းလည္း ရွိပါတယ္ ။ ဒီလိုအမွားအတြက္ ဒီလို HD ကုိ ျဖန္႔ျပီး တိုက္ခိုက္ ခံရတဲ့အတြက္ လံုးဝ လဲျပိဳသြားမွာ မဟုတ္ဘူး။ ျပန္ထလာမွာ အမ်ားၾကီး ပုိျပီး ၾကိဳးစားသြားမွာ လို႔ အင္တာဗ်ဴးေတြမွာ ေျပာထားခဲ့ ပါတယ္ ။

ေရႊထူးနဲ႔ေရႊမံႈ

ေရႊနွစ္ေရႊ စံုတြဲေလာက္ အဆဲ ခံရတာ ဒီနွစ္ထဲမွာ ဘယ္သူမွ ရွိေတာ့မယ္ေတာင္ မထင္ပါဘူး ။ ပထမက ေရႊထူးေပါ့ေလ ။ ေျခာက္နွစ္ေက်ာ္ တြဲလာခဲ့တဲ့ ရည္းစားနဲ႔ လမ္းခြဲလုိက္လို႔ ၊ လမ္းခြဲျပီး ဘာမွ မၾကာေသးခင္ ေရႊမႈံနဲ႔တြဲျပီး တန္းျပီးေတာ့ပါ လက္ထပ္ပစ္ လိုက္လို႔ ။ ေရႊထူးနဲ႔ ေရႊမံႈနဲ႔ စတြဲတုန္း ကေတာ့ ေရႊထူးကုိ ၿခံခုန္တယ္၊ ေရႊမံႈကုိ စနုိက္ေၾကာ္တယ္ ဆိုျပီး စိတ္ပါ တုိင္းဆဲ၊ သတိရတိုင္း ဆဲ၊ စိတ္မၾကည္တိုင္း ဆဲ၊ ဗိုက္ဆာတုိင္း ဆဲ၊ အိမ္သာ တက္တိုင္းဆဲ ဆိုသလို အဆဲမိုးေတြ မႊန္ျပီး အဆဲ မီးခိုးေတြ ေဝ့တက္ေန ခဲ့တာပါ။ ဒါေပမယ့္ သူတို႔ နွစ္ဦးရဲ႕ ၾကည္နူးစရာ မဂၤလာေဆာင္ ေလးေတြ အျပီးမွာ နွစ္ေယာက္သား ေပ်ာ္ရႊင္ေန ၾကတာကုိ ၾကည့္ျပီး ဆဲတဲ့ လူေတြလည္း နည္းနည္း အရွိန္ ေလ်ာ့သြားခဲ့ ပါတယ္ ။ ဒါေပမယ့္ တစ္ခ်က္မွားတာနဲ႔ အဆဲ လိႈင္းလံုးၾကီးေတြက တမုဟုတ္ခ်င္း ျပန္ရိုက္ခတ္လာ ဦးမွာျဖစ္လို႔ ေရႊနွွစ္ေရႊစံုတဲြမွာ သတိအေနအထား နဲ႔ ေနၾကရဦးမွာ ပါပဲ ။

သင္ဇာဝင့့္ေက်ာ္

2018 ကေတာ့ သင္ဇာရဲ႕ နွစ္ပဲ လို႔ ေျပာရေလာက္ေအာင္ကုိ သင္ဇာက 2018 ထဲ မွာ အရမ္းကုိ ေဟာ့တဲ့ ဝတ္စံုေတြကုိ သတၱိရွိရွိနဲ႔ ဝတ္ျပခဲ့သလို ေနေရႊေသြးေအာင္ရဲ႕ MTV ထဲ မွာလည္း အရမ္းကုိ ၾကမ္းတဲ့ အခန္းေတြကုိ သရုပ္ေဆာင္ေပးခဲ့ ပါေသးတယ္ ။ အဲဒါကလည္း သင္ဇာကုိ ပိုျပီး ေအာင္ျမင္ေစ ခဲ့သလို ပုိျပီးေတာ့လည္း အဆဲ ခံရေစခဲ့တယ္ ဆိုရင္မမွားပါဘူး ။သင္ဇာကေတာ့ ေဝဖန္မႈေတြကုိ ဘယ္တုန္းကမွ ဂရုမစုိက္ခဲ့တဲ့ သူ႔စတုိင္ အတိုင္းပဲ ခပ္တည္တည္နဲ႔ လုပ္စရာရွိတာ ဆက္လုပ္ေနခဲ့ပါတယ္ ။

ဟိန္းမင္းသူ

ဟိန္းမင္းသူ ကေတာ့ အားလံုးလည္း သိၾကမွာပါ။ သူ႔ account ကုိ အၾကိမ္ေပါင္းမ်ားစြာ Hack ခံရတဲ့အျပင္ ဆိုးရြားျပီး သိကၡာ က်ေစနုိင္ခဲ့တဲ့ Chat List ေတြ ေပၚသြားခဲ့တာေၾကာင့္ လူကလည္း ဆယ္ေက်ာ္သက္ အရြယ္ လူငယ္ေလးပဲ ဆိုေတာ့ စိတ္ဓာတ္ေတြ က်ျပီး စိတ္ျမန္ လက္ျမန္နဲ႔ ဘာမီတြန္ေတြတဗူးလံုး ေသာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေတာင္မွ စိတ္ေပ်ာ့လွခ်ည္လား ဆိုျပီး ဂရုဏာ ေဒါသနဲ႔ တစ္နိုင္ငံလံုးက အားရွိ ပါးရွိ ဝုိင္းဆဲခဲ့ၾက ပါေသးတယ္ ။ ဟိန္းမင္းသူနဲ႔ အေပါင္းအပါေတြ ျဖစ္တဲ့ ပုိင္တံခြန္တို႔ တိုင္ရြန္တို႔ပါ အလိုတူ အလိုပါ ဝုိင္းဆဲခံၾကရ ပါေသးတယ္ ။

သူငယ္ခ်င္းတို႔ေရာ ဒီထဲက ဘယ္သူ႔ကုိ ဆဲေနတဲ့ အထဲမွာ တစ္တပ္တစ္အား ပါဝင္ဖူးၾကလဲ ။ ဒါမွမဟုတ္ဒီထဲက တစ္ေယာက္ေယာက္ရဲ႕ ပရိသတ္လား ။ သူတို႔ထဲက ဘယ္သူ႔ကုိ အၾကိဳက္ဆံုးလဲ၊ ဒါမွမဟုတ္ မၾကိဳက္ဆံုးလဲ ။ ေျပာခဲ့ၾကပါဦး။ ဒီထဲမွာ မပါပဲ အဆဲဒဏ္ကုိ အလူးအလဲ ခံရတဲ့ ဆယ္လီေတြ ရွိရင္လည္း Comment မွာ ကပ္တိုးေလး ေျပာျပခဲ့ၾကဦးေနာ္ ။

Can’t Wait To Say

====================

2018 ခုနှစ် အတွင်း အဆဲခံရဆုံး ဆယ်လီများ

နာမည်ကျော် ဖြစ်ရတာလည်း တကယ် မလွယ်ပါဘူး ။ ကိုယ့်မှာ အရည်အချင်း တခုခု ရှိလို့ အနုပညာကို ဝါသနာပါ လို့ တစ်စုံတစ်ရာ ဖြစ်ဖြစ်မြောက်မြောက် ထူးထူး ချွန်ချွန် လုပ်လာ နိုင်လို့ နာမည်ကျော်လာသည် ဖြစ်စေ လူတွေရဲ့ ဝိုင်းပြီး မညှာမတာ အချဉ်ဖောက်ခြင်းကို ခံရပြီး နာမည် ကျော်လာသည် ဖြစ်စေ နာမည်ကျော် လာပြီဟေ့ ဆိုတာနဲ့ အဆဲ ခံရခြင်းက ကပ်ပါလာတော့ တာ ပါပဲ ။

တစ်ဖက်က ကြည့်ရင်လည်း Justin Bieber လို ကမ္ဘာကျော် ထိပ်တန်း အဆိုတော် တောင်မှ ခြေလှုပ်လက်လှုပ် လိုက်ကြည့် ခံနေရပြီး အဆဲ ခံနေရသေးတာ ပဲလေ ။ နိုင်ငံကျော် အနုပညာရှင်တွေ အနေနဲ့ အဆဲခံရတာက ဖြေသာပါသေးတယ် လို့ ပြောရမလားပါပဲ ။ သူငယ်ချင်းတို့ အတွက် 2018 တနှစ်တာ အတွင်း အဆဲခံရဆုံး သရဖူကြီးကို ဆွတ်ခူး ရရှိိသွားတဲ့ ဆယ်လီများကို စုစည်း ဖော်ပြ ပေးလိုက်ပါတယ် ။

ခြိမ့်ကေကို

Myanmar Idol ပြိုင်ပွဲမှာ မြန်မာပြည် သိန်းတန်ကြီးက ငှက်ပျောသီး ကျွေးလိုက်ရာ ကနေ ဝက်ဝက်ကွဲ သောက်သောက်လဲ နာမည်ကြီးလာ ခြဲ့့ပီး ကျွန်တော်လွမ်းလို့ ငိုရတော့မယ် မမရေ ဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ညိုးချုံးစေခဲ့ပြီး အခုဆိုရင် ညီမလေး သီချင်းနဲ့ပါ မြို့မေတ္တာခံယူ တော့မယ့် ခြိမ့်ကေကို ဆိုသူ လူငယ်လေးဟာ ဆိုရင်တော့ဖြင့် ပရိသတ်တွေ ကြားထဲမှာ အော့ကြော လန်အောင် အဆဲ ခံနေရရှာသူလေးပါ ။

ဒါပေမယ့် ခြိမ့်ကေကိုက ဆဲတာ ဆိုတာတွေကို သိပ်ပြီး ဂရုစိုက်လှ သူတော့ မဟုတ်ပါဘူး ။ အဆဲမိုးတွေရွာ အဆဲမီးတွေလောင် အဆဲ မုန်တိုင်းတွေ တိုက်ခတ် အဆဲ ကောင်းကင်ကြီး အောက်မှာ အဆဲလျှပ်စီးတွေ လက်နေတဲ့ ကြားကနေပြီး သူလုပ်စရာ ရှိတာတွေ လုပ်ချင်တာတွေကို အိန္ဒြေရရ ဆက်လုပ်နေသူလေး ဖြစ်ပါတယ် ။

နေခြည်ဦး

ချီချီလို့ ချစ်စနိုး ခေါ်ကြတဲ့ နေခြည်ဦးဟာ ချစ်တဲ့သူတွေ များသလို ဝေဖန် ကဲဲ့ရဲ့ချင်သူတွေ လည်း တော်တော် များသူ တစ်ဦး ဖြစ်ပါတယ် ။ နေခြည်ဦးရဲ့ ရုတ်တရက် လွှတ်ခနဲ လွှတ်ခနဲ မဆင်မခြင် ပြောထွက် တတ်တဲ့ စကားတွေ ကလည်း ဆဲချင်သူတွေ ကို မီးစာ ထည့်ပေးသလို ဖြစ်နေပါတယ် ။ အခုဆိုရင် နေခြည်ဦး ဘာလုပ်လုပ် မျက်မုန်း ကျိုးပြီး မျက်စိမှိတ် ဆဲမယ် ဆိုသူတွေက ဒုနဲ့ဒေး ဖြစ်လို့နေပါပြီ။ ဒါပေမယ့် နေခြည်ဦး ကတော့ ဆဲတဲ့ လူတွေကို လှည့်ကြည့်ဖို့ မအားပဲ ရုပ်ရှင်တွေ ဇယ်ဆက်သလို ရိုက်နေတဲ့ အပြင် စီးပွားရေး လုပ်ငန်းတွေနဲ့ပါ အလုပ်တွေ ရှုပ်လျက် ရှိနေပါတယ် ။

စည်သူပလတ်ကျွတ်

စည်သူပလတ်ကျွတ် ဆိုတာ ကတော့ ပြည်တွင်းဖြစ် သူရဲကောင်း ဝတ်စုံ ဖားဖားကြီးနဲ့ ကြောင်နက်သိုင်း ဆိုလား ဘာလား ဗီဒီယိုတွေ ရိုက်နေပြီး Interview တွေကို မရှက်တမ်း ဖြေနေတဲ့ သရုပ်ဆောင်ကြီး တယောက်ဖြစ်ပါတယ် ။ သူ့ကိုလည်း လူတွေက မျက်စိ နောက်တယ်နဲ့ တူပါတယ် ရိပ်ခနဲ မြင်လိုက်တာနဲ့ ဝင်ဆဲကြတော့တာ ဆိုတော့ နောက်ပိုင်းမှာ သူလည်း နည်းနည်း ငြိမ်သွားပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ပြန်ပေါ်လာမလဲ ဆိုတာကိုတော့ လူတွေက ဆဲဖို့ လျှာကို မောင်းတင်၊ ပါးစပ်ကို အသင့် ဖွင့်ပြီး ရယ်ဒီအနေအထား နဲ့ စိတ်ပါ လက်ပါ စောင့်ဆိုင်းလျက် ရှိကြလေရဲ့ ။

အိမ့်ထရက်ရှာ

အိမ့်ထရက်ရှာ ဆိုသူလေး ကတော့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေးပါ။ ဒါပေမယ့် မော်ဒယ်မလေးခမျာ စိတ်ကို အလိုလိုက်မှုကြောင့် HD ထွက်ပြီး လူတကာရဲ့ တံတွေးခွက်မှာ position မျိုးစုံနဲ့ မျောရတော့တာ ပါပဲ ။ ဒါပေမယ့် အိမ့်လေးက အသိညဏ် ကောင်းကောင်း ရှိသလို စဉ်းစား ဆင်ခြင် နိုင်စွမ်းလည်း ရှိပါတယ် ။ ဒီလိုအမှားအတွက် ဒီလို HD ကို ဖြန့်ပြီး တိုက်ခိုက် ခံရတဲ့အတွက် လုံးဝ လဲပြိုသွားမှာ မဟုတ်ဘူး။ ပြန်ထလာမှာ အများကြီး ပိုပြီး ကြိုးစားသွားမှာ လို့ အင်တာဗျူးတွေမှာ ပြောထားခဲ့ ပါတယ် ။

ရွှေထူးနဲ့ရွှေမှုံ

ရွှေနှစ်ရွှေ စုံတွဲလောက် အဆဲ ခံရတာ ဒီနှစ်ထဲမှာ ဘယ်သူမှ ရှိတော့မယ်တောင် မထင်ပါဘူး ။ ပထမက ရွှေထူးပေါ့လေ ။ ခြောက်နှစ်ကျော် တွဲလာခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲလိုက်လို့ ၊ လမ်းခွဲပြီး ဘာမှ မကြာသေးခင် ရွှေမှုံနဲ့တွဲပြီး တန်းပြီးတော့ပါ လက်ထပ်ပစ် လိုက်လို့ ။ ရွှေထူးနဲ့ ရွှေမှုံနဲ့ စတွဲတုန်း ကတော့ ရွှေထူးကို ခြံခုန်တယ်၊ ရွှေမှုံကို စနိုက်ကြော်တယ် ဆိုပြီး စိတ်ပါ တိုင်းဆဲ၊ သတိရတိုင်း ဆဲ၊ စိတ်မကြည်တိုင်း ဆဲ၊ ဗိုက်ဆာတိုင်း ဆဲ၊ အိမ်သာ တက်တိုင်းဆဲ ဆိုသလို အဆဲမိုးတွေ မွှန်ပြီး အဆဲ မီးခိုးတွေ ဝေ့တက်နေ ခဲ့တာပါ။ ဒါပေမယ့် သူတို့ နှစ်ဦးရဲ့ ကြည်နူးစရာ မင်္ဂလာဆောင် လေးတွေ အပြီးမှာ နှစ်ယောက်သား ပျော်ရွှင်နေ ကြတာကို ကြည့်ပြီး ဆဲတဲ့ လူတွေလည်း နည်းနည်း အရှိန် လျော့သွားခဲ့ ပါတယ် ။ ဒါပေမယ့် တစ်ချက်မှားတာနဲ့ အဆဲ လှိုင်းလုံးကြီးတွေက တမုဟုတ်ချင်း ပြန်ရိုက်ခတ်လာ ဦးမှာဖြစ်လို့ ရွှေနှှစ်ရွှေစုံတွဲမှာ သတိအနေအထား နဲ့ နေကြရဦးမှာ ပါပဲ ။

သင်ဇာဝင့့်ကျော်

2018 ကတော့ သင်ဇာရဲ့ နှစ်ပဲ လို့ ပြောရလောက်အောင်ကို သင်ဇာက 2018 ထဲ မှာ အရမ်းကို ဟော့တဲ့ ဝတ်စုံတွေကို သတ္တိရှိရှိနဲ့ ဝတ်ပြခဲ့သလို နေရွှေသွေးအောင်ရဲ့ MTV ထဲ မှာလည်း အရမ်းကို ကြမ်းတဲ့ အခန်းတွေကို သရုပ်ဆောင်ပေးခဲ့ ပါသေးတယ် ။ အဲဒါကလည်း သင်ဇာကို ပိုပြီး အောင်မြင်စေ ခဲ့သလို ပိုပြီးတော့လည်း အဆဲ ခံရစေခဲ့တယ် ဆိုရင်မမှားပါဘူး ။သင်ဇာကတော့ ဝေဖန်မှုတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တဲ့ သူ့စတိုင် အတိုင်းပဲ ခပ်တည်တည်နဲ့ လုပ်စရာရှိတာ ဆက်လုပ်နေခဲ့ပါတယ် ။

ဟိန်းမင်းသူ

ဟိန်းမင်းသူ ကတော့ အားလုံးလည်း သိကြမှာပါ။ သူ့ account ကို အကြိမ်ပေါင်းများစွာ Hack ခံရတဲ့အပြင် ဆိုးရွားပြီး သိက္ခာ ကျစေနိုင်ခဲ့တဲ့ Chat List တွေ ပေါ်သွားခဲ့တာကြောင့် လူကလည်း ဆယ်ကျော်သက် အရွယ် လူငယ်လေးပဲ ဆိုတော့ စိတ်ဓာတ်တွေ ကျပြီး စိတ်မြန် လက်မြန်နဲ့ ဘာမီတွန်တွေတဗူးလုံး သောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါတောင်မှ စိတ်ပျော့လှချည်လား ဆိုပြီး ဂရုဏာ ဒေါသောနဲ့ တစ်နိုင်ငံလုံးက အားရှိ ပါးရှိ ဝိုင်းဆဲခဲ့ကြ ပါသေးတယ် ။ ဟိန်းမင်းသူနဲ့ အပေါင်းအပါတွေ ဖြစ်တဲ့ ပိုင်တံခွန်တို့ တိုင်ရွန်တို့ပါ အလိုတူ အလိုပါ ဝိုင်းဆဲခံကြရ ပါသေးတယ် ။

သူငယ်ချင်းတို့ရော ဒီထဲက ဘယ်သူ့ကို ဆဲနေတဲ့ အထဲမှာ တစ်တပ်တစ်အား ပါဝင်ဖူးကြလဲ ။ ဒါမှမဟုတ်ဒီထဲက တစ်ယောက်ယောက်ရဲ့ ပရိသတ်လား ။ သူတို့ထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ၊ ဒါမှမဟုတ် မကြိုက်ဆုံးလဲ ။ ပြောခဲ့ကြပါဦး။ ဒီထဲမှာ မပါပဲ အဆဲဒဏ်ကို အလူးအလဲ ခံရတဲ့ ဆယ်လီတွေ ရှိရင်လည်း Comment မှာ ကပ်တိုးလေး ပြောပြခဲ့ကြဦးနော် ။

About ​ေရႊ မိုး ညိဳ

View all posts by ​ေရႊ မိုး ညိဳ →

Leave a Reply

Your email address will not be published. Required fields are marked *